JongIn မြေပေါ်မှာခွေခွေလေး လဲနေသော Kyungsoo ကိုမြင်တော့ ခြေထောက်တောင်မခိုင်တော့ပေ
သူ့ဆီကို အမြနိသွားကာ ပွေ့ပိုက်ပြီး ခေါ်နေသည်
"Baby baby ထပါနော် ကိုယ့်ကိုမနောက်နဲ့နော် baby ရယ် ထပါလို့ ကိုယ်တကယ် တောင်းပန်ပါတယ် "
အရူးတစ်ယောက်လို ငိုပြီး ပွေ့ချီကာ ဆေးရုံသို့အမြန်မောင်းတော့သည်
~~~~~~~~~~~~~~
1 hr later
အခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီး ဆုတောင်းနေမိသည်
သူသာ တစ်ခုခုဖြစ်ရင် JongIn သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မှာမဟုတ်ပေ
ခဏအကြာဆရာဝန်ထွက်လာတော့
"Doctor အခြေ အနေ ဘယ်လိုလဲဟင် စိုးရိမ်ရလား ဘာဖြစ်သွားသေးလဲ"
မေးခွန်းတွေ တရစပ်မေးတော့ ဆရာဝန် စိတ်အေးအေးထားခိုင်းသည်
Doctor: လူနာက အရမ်းကြီးမစိုးရိမ်ရပါဘူး ကားက သူ့ကို ပွတ်မိပြီး ဘေးနားက နေရာကို ဝင်တိုကိတာလိုသိထားရတယ့် အရှိန်ကြောင့် မြေပေါ်လဲတော ခေါင်းကို့ နည်းနည်းလေးထိထားရုံပါ သေချာစစ်ဆေးပေးထားပါတယ် နည်းနည်းလောက်နေရင် ပြန်သတိရလာမှာပါ လန့်သွားလည်းပါတော့ ခုချက်ချင်းတော့ သတိမရနိုင်ဘူး"
ဆရာဝန်ကို ကျေးဇူးတင် စကားတွေပြောပြီး သူ့အခန်းလေးထဲကို ဝင်လာတော့ ခုတင်ပေါ်မှာ
သတိမရသေးတဲ့ Kyungsoo ကို ကြည့်ပြီး မျက်ရည်ကျနေမိသည်သူ့လက်ကလေးကို ဆုပ်ကိုင်ပြီး မျက်နှာနားလေးကပ်ထားလိုက်သည်
"Baby ရယ် ကိုယ်တောင်းပန်ပါတယ် ကိုယ့်ကြာင့်ဒီလိုဖြစ်ရတာ miyan"
Ring Ring.........
ဖုန်းလာတာနဲ့ ကိုင်လိုက်တော့
"Hello"
"Hello ကို လား Yonn ပါ "
"Hk မင်းနဲ့ စကားပြောဖို့ အချိန်မရဘူး မင်းအသံကိုလည်း မကြားချင်ဘူး ထပ်မဆက်နဲ့"
.
ဖုန်းပြောပြီးလို့ အခန်းထဲပြန်ဝင်လာတော့Kyungsoo မျက်လုံးလေးပွင့်ကာ ထရန်ကြိုးစားနေတာကို တွေ့ရတော့ ရင်ထဲမှာ နာကျင်နေရသည်
KAMU SEDANG MEMBACA
ကလေး[Z×U]
Romansa#Intro ကျွန်တော့်ရင်အုံရဲ့ ဘယ်ဘက်ထောင့်မှာ ပိုင်စိုးပိုင်နင်းနဲ့ သူ့နာမည်ကို ရေးထိုးခဲ့တဲ့ကလေးလေး မှောင်မိုက်နေတဲ့ကျွန့်တော့်ဘဝထဲကို လမင်းလိုလင်းစေခဲ့တယ် သူ့ကြောင့် နေမင်းကြီးတောင် မျက်နှာငယ်လို့ မေးခွန်းထုတ်စရာမလိုဘူး ကျွန်တော် သူ့ကို ချစ်တယ် အသက...