Kyungsoo အမေဆီ ဖုန်းဆက်ပြီး သူ့အိမ်မှာပဲသိပ်မယ်လို့ပြောလိုက်တော့
ခွင့်ပြုတာနဲ့ ခေါ်လာလိုက်သည်ပိစိ ကတော့ ကားပေါ်မှာအိပ်လိုက်လာသည်
အိမ်ရောက်တော့ သူ့ကို ပွေ့ချီလာပြီး သူ့အခန်းထဲမှာ သိပ်လိုက်သည်
သူကတော့ အောက်ဆင်းပြီး စားစရာပြင်ဆင်ခိုင်းသည်
ပိစိနိုးလာရင်စားရအောင်လို့် arjima ကို ပြင်ဆင်ခိုင်းပြီး သူတိုကို သွားနားခိုင်းလိုက်သည်
၁ နာရီလောက်ကြာတော့ ပိစိ နိုးလာပြီး အောက်ထပ်ကိုဆင်းလာသည်
ဆင်းလာတဲ့ပုံစံလေးက တကယ်ကို အသည်းယားစရာ
မျက်လုံးလေးကို လက်လေးနဲ့ပွတ်ပြီး သမ်း ပါ သမ်းလိုက်သေးတယ်
အိပ်ရေးမဝတဲ့ ပုံစံလေးနဲ့ ကျွန်တော့်ကိုလည်း မြင်ရော မျက်လုံးကပြူးပြန်လေသည်
သူ့နားကိုသွားပြီး သူ့ကို လကိဆွဲကာ ထမင်းစားခန်းဆီသို့ ခေါ်သွားလိုက်သည်
"Baby ဗိုက်ဆာမှာစိုးလို့် ပြင်ခိုင်းထားလိုက်တယ်"
Kyungsoo ကတော့ ထမင်းစားပွဲဝိုင်းကြည့်ပြီး ပါးစပ်ဟောင်းလောင်းလေးနဲ့ပင်
Kyungsooလည်း မငြင်းပဲ စားလိုက်သည် သူလည်း ဗိုက်ဆာနေတာကိုး
Kyungsoo ပန်းကန်ထဲကို Jongin က သူကြိုက်တတ်မယွအရာလေးတွေ ထည့်ပေးလေသည်
ဟိုပိစိကတော့ မငြင်းပဲ သူထည့်ပေးသမျှစားနေသည်.
Jongin ကတော့ အနည်းငယ် စားပြီး ပိစိစားတဲ့ပုံစံလေးကို ထိုင်ကြည့်နေသညိ
ပါးစပ်မှာလည်း ပေကျံနေတာပဲ
တစ်ခါတစ်ခါ စားကောင်းတယ်ဆိုပြီး လက်မလေးထောင်ကာ ရီပြလိုက်သေးသည်
ထမင်းစားပြီးတော့ ရေခဲမုန့်ထပ်စားလေသည်
တကယ်အစားပုပ်လေးချောကလက် ရေခဲမုန့်ကို စားနေတာ ပါးကလည်း စားထားတာတွေနဲ့ ဖောင်းကားနေတာပဲ
Jongin လည်း မနေနိုင်တော့တာနဲ့ Kyungsoo ထိုင်နေတဲ့ ခုံလေးဆီသွားလိုက်သည်
BINABASA MO ANG
ကလေး[Z×U]
Romance#Intro ကျွန်တော့်ရင်အုံရဲ့ ဘယ်ဘက်ထောင့်မှာ ပိုင်စိုးပိုင်နင်းနဲ့ သူ့နာမည်ကို ရေးထိုးခဲ့တဲ့ကလေးလေး မှောင်မိုက်နေတဲ့ကျွန့်တော့်ဘဝထဲကို လမင်းလိုလင်းစေခဲ့တယ် သူ့ကြောင့် နေမင်းကြီးတောင် မျက်နှာငယ်လို့ မေးခွန်းထုတ်စရာမလိုဘူး ကျွန်တော် သူ့ကို ချစ်တယ် အသက...