ကြမ္မာငင်တဲ့ကြိုး...(အပိုင်း-၂)#သူ့ထံပါး_S3
==========================="လမ်းထိပ်ကားတိုက်မလို့ဖြစ်တယ်ဆို..."
သစ်တော၏ ခပ်ပြတ်ပြတ်စကားသံကြောင့်ပိုင်သူတစ်ချက်တုန်သွားသည်။ပြီးနောက် ခေါင်းလေးငုံ့ကာစကားပြန်သည်။
"ကားမတိုက်ပါဘူး..."
"ကားတိုက်တယ်လို့ပြောတာမဟုတ်ပါဘူး...ကားတိုက်မလိုဖြစ်တယ်လို့ပြောတာ...စကားကိုတစ်လုံးထဲနဲ့ကပ်မရှုပ်နဲ့...မင်းကိုယ့်ကိုဘာလို့မစောင့်တာလဲ..."
"ကိုမင်းရေချိုးတာဒီလောက်ကြာတာမစောင့်နိုင်ပါဘူး...ညီကဗိုက်ဆာနေပြီလေ..."
"ခနလောက်စောင့်ရတာကို..ကွာ..."
ပိုင်သူနှင့် သစ်တော အချင်းများနေသည့်စကားသံကြောင့် သူထင် အိပ်ခန်းအတွင်းမှ ဧည့်ခန်းထဲသို့ထွက်လာခဲ့သည်။
"ဘာတွေဖြစ်နေကြပြန်တာလဲ...ဒီညီအကိုနှစ်ယောက်..."
ပိုင်သူ သူထင်ကို ခေါင်းလှည့်၍ဆီးကြိုကာတိုင်သည်။
"ကိုမင်းသားကိုဆူနေတယ်...ဖေဖေ.."
သစ်တော မျက်နှာကိုတစ်ချက်ရွဲ့သည်။
"ဆူမှာပေါ့...သူကားတိုက်မလိုဖြစ်တယ်ဖေဖေ..."
"ဘယ်လို...သားငယ်ဘာလို့...နမော်နမဲ့နိုင်ရတာလဲ..."
သူထင် ပိုင်သူ ဘေးတွင်ဝင်ထိုင်လိုက်သည်။
"နမော်နမဲ့မနိုင်ပါဘူး...သားဗိုက်ဆာနေပြီလေ...ကိုမင်းကိုမှမစောင့်နိုင်တာ...အဲ့ဒါနဲ့တစ်ယောက်ထဲထွက်သွားတာပါ..."
"နောက်တစ်ခါဖေဖေတို့ကို ပြောပြီးမှသွား..."
"ဟုတ်..."
ပိုင်သူ ပြောပြီးသည်နှင့် သူ၏အခန်းအတွင်းသို့စောက်အောက်ကာဝင်သွားတော့သည်။သူထင် ပိုင်သူကိုပြုံး၍ကြည့်နေရာမှ သစ်တောဘက်သို့လှည့်သည်။
"သားကြီးလဲအဲ့လောက်စိတ်မပူပါနဲ့...သားငယ်ကကလေးမဟုတ်တော့ပါဘူး..."
"ကလေးမဟုတ်တော့လို့ပဲစိတ်ပူနေရတာဖေဖေ...."
သူထင် သစ်တောကိုတစ်ချက်ပြုံးပြန်သည်။ပိုင်သူသည်ကလေးဆန်သလောက် သစ်တောသည် အရွယ်နဲ့မလိုက်အောင်လူကြီးဆန်သည်။အမွှာလို့သာပြောရသည်...။အသက်ကြီးလာတော့ရုပ်ရည်ကအနည်းငယ်ကွဲပြားသွားပေမဲ့..စိတ်ခံစားချက်ကမတူညီပေ...။ပိုင်သူသည် စိတ်အားငယ်တတ်သည်။ကြောက်လန့်စရာဟူ၍အသေးအမွှားလေးကိုပင်မခံစားနိုင်...။သစ်တောကပိုင်သူနှင့် ဆန့်ကျင်ဖက်ဖြစ်သည်။အရာရာကိုရသ့်ကျက်သည့်အမြင်ဖြစ်ကြည့်တတ်သည်။တခြားနေရာတွင်သာ အေးဆေးတည်ငြိမ်၍ပိုင်သူနဲ့ပတ်သက်ရင် စိုးရိမ်ပူပန်မှုလွန်ကဲတတ်သည်။ရှေးဘဝက နှလုံးသားအာဏာစက်ကြောင့်ဟုပင်ပြောရမည်ထင်သည်။ငယ်စဉ်ကရှေးဘဝအကြောင်းတွေကို သစ်တောပိုင်သူကိုအမြဲပြောဖြစ်ပေမဲ့အသက်ကြီးလာသည်နှင့်အမျှပြောသံကိုသူထင်တို့မကြားတော့ပေ....။
YOU ARE READING
ကြမ္မာငင်တဲ့ကြိုး
Randomဒါက သူ့ထံပါး Season 3 ပါနော်.... အချစ်များဖြစ်ရှေ့ဆက်မယ်....ရဲ့နောက်ကဇာတ်ပါ.... မွေးလာတဲ့ကလေးနှစ်ယောက်အကြောင်းပါနော် Facebook မှာတင်ပြီးတာတော့ကြာပြီ ခုပြန်တင်ပေးတာ😁😁😁