ကြမ္မာငင်တဲ့ကြိုး...(အပိုင်း-၁၀)ဇတ်သိမ်းပိုင်း #သူ့ထံပါး_S3
======================================ဆေးရုံကဆင်းပြီးသည်နှင့် ပိုင်သူ ဒီနှိုင်းခနှင့်အတူ ငြီးငွေ့နေသောစိတ်များကိုဖြေဖျောက်ရန် ကမ်းနားလမ်းသို့ထွက်လာခဲ့သည်။
ထိုင်နေကြတမာပင်အောက်ကခုံတန်းလေးမှာနှစ်ယှဉ်၍ထိုင်နေပေမဲ့ ဒီနှိုင်းခဆကစကားသံခု၍ထွက်မပေါ်လာသေးပေ..။ဒီနှိုင်းခပိုင်သူကိုသာ ငေးမောကြည့်နေသည်။ပိုင်သူသည် သစ်တောနှလုံးလှူသည့်ကိစ္စအားမသိရှိသေးပါ...။သိရှိထားသော ဒီနှိုင်းခသည် ပိုင်သူကိုကြည့်၍သစ်တောကိုလဲအားနာမိသည်။သနားမိသည်။ထိုကိစ္စကိုသိရှိသွားရင် ခံနိုင်မရှိမည့် ပိုင်သူကိုလဲသနားနေမိသည်။
ပိုင်သူ တမာပင်အောက်ခြေမှထ၍ ကမ်းနား သံဘားတန်းလေးတွေနားကိုလျှောက်သွားသည်။သူ၏ပြုမူပုံအတိုင်းလက်ကိုဆန့်တန်း၍ မျက်လုံးမှိတ်ကာလေကိုတစ်ဝကြီးရှူသည်။ပြီးနောက်အနောက်သို့ပြန်လှည့်၍ဒီနှိုင်းကိုစကားဆိုသည်။
"ဦးခ ဘာတွေတွေဝေနေတာလဲ...ပြုံးပြုံးရွှင်ရွှင်နေစမ်းပါ..လာဒီကိုလာ..."
ဒီနှိုင်းပိုင်သူကိုပြုံးပြကာမတ်တပ်ရပ်သည်။ဒီနှိုင်း၏အပြုံးသည်ရင်ထဲကလာသောအပြုံးမဟုတ်....။ဒီနှိုင်းပိုင်သူရှိရာသို့လမ်းလျှောက်၍လာသည်။ပိုင်သူမြစ်ပြင်ဘက်သို့ ကိုယ်ကိုယ်ဆတ်ခနဲပန်လှည့်သည်။ဒီနှိုင်း ပိုင်သူ၏ခါးကိုအနောက်မှဖတ်ရန်ပြုသည်။သို့ပေမဲ့မျက်စိထဲ သစ်တော၏မျက်နှာသည်ဝမ်းနည်းဖွယ်ပေါ်လာ၍ သူ၏လက်ကိုလမ်းတစ်ဝက်တွင်ရပ်ကာ ပိုင်သူနှင့်ဘေးခြင်းယှဉ်ရပ်လိုက်သည်။
ပိုင်သူ ဒီနှိုင်းကိုမော့ကြည့်သည်။
"ဦးခတိုကို့ကြည့်ရတာတစ်မျိုးကြီး...ဖေဖေနဲ့ပါးပါးရောပဲ..အစာလဲပုံမှန်မစားကြတော့ဘူး...ဘာတွေဖြစ်နေမှန်းကိုမသိဘူး..."
"ပိုင်လေးထင်လို့ပါကွာ...."
ဒီနှိုင်း ပိုင်သူစိတ်ဆင်းရဲမည်ဆိုး၍ ဟန်ဆောင်ကာပြုံး၍ရီပြသည်။သို့ပေမဲ့ရင်ထဲတွင်တော့သစ်တောအတွက်ခံပြင်း၍သာနေတော့သည်။
YOU ARE READING
ကြမ္မာငင်တဲ့ကြိုး
Randomဒါက သူ့ထံပါး Season 3 ပါနော်.... အချစ်များဖြစ်ရှေ့ဆက်မယ်....ရဲ့နောက်ကဇာတ်ပါ.... မွေးလာတဲ့ကလေးနှစ်ယောက်အကြောင်းပါနော် Facebook မှာတင်ပြီးတာတော့ကြာပြီ ခုပြန်တင်ပေးတာ😁😁😁