ကြမ္မာငင်တဲ့ကြိုး...(အပိုင်း-၉)#သူ့ထံပါး_S3
============================"ကျွီ"
လူနာခန်းတံခါးဖွင့်သံ၏အဆုံးတွင် အားအင်ဖျော့တော့နေသောခြေလှမ်းများကို ပိုင်သူတွေ့လိုက်ရသည်။ဝင်လာသူများက ဖေဖေနဲ့ပါးပါး...သူတို့၏နောက်တွင်တော့ကိုမင်း....။ပိုင်သူပြုံးရီကာပြသည်။
သူထင်နဲ့ညီမင်းပြန်၍ပြုံးပြသည်။သို့ပေမဲ့စိတ်ချမ်းဖွယ်ကောင်းသောအပြုံးမဟုတ်။သစ်တော ပိုင်သူ၏ဘေးနားသို့တိုး၍လာခဲ့သည်။သစ်တောတို့ရောက်လာ၍ဒီနှိုင်းမတ်တပ်ရပ်ကာနေရာဖယ်၍နောက်ဆုတ်ပေးသည်။
သစ်တောပိုင်သူကိုပြုံးရီပြကာစကားဆိုသည်။သစ်တော၏စကားသံများသည် ခြောက်သွေ့၍နေသည်။
"ပိုင်လေး....ဘာမှအားမငယ်နဲ့တော့နော်...ညီချစ်ရတဲ့သူတွေနဲ့တစ်သက်လုံးနေသွားရမှာစိတ်မပူနဲ့...ခုညီ့ကိုနှလုံးလှူမယ့်သူပေါ်လာပြီ..."
ပိုင်သူတစ်ချက်ပြုံးရီကာပြသည်။ထိုအပြုံးသည်လှောင်ပြုံးသဘောမျိုးဖြစ်သည်။
"ကိုမင်းရယ်....မနောက်ပါနဲ့..."
"တကယ်ပြောနေတာ....မယုံရင်ဖေဖေတို့ကိုမေးကြည့်...."
ပိုင်သူ သစ်တောကိုကျော်၍ညီမင်းတို့ဘက်ကိုကြည့်သည်။
"ပါးပါး...ကိုမင်းပြောတာဟုတ်လား...."
ညီမင်းပစ္စည်းတွေထားနေရာမှာ ပိုင်သူဘက်ကိုလှည့်ကာအံကိုကြိတ်၍ခေါင်းညိတ်ပြသည်။
ပြီးနောက်စကားဆိုသည်။ညီမင်း၏စကားသံသည်နာကျင်ကြေကွဲဖွယ်အတိဖြစ်နေသည်။"ဟုတ်...ဟုတ်တယ်သားငယ်...သားငယ်ကိုနှလုံးလှူမယ့်အလှူရှင်ပေါ်လာပြီး...."
"အဲ့ဒါဆိုပါးပါးတို့ကပျော်ရမှာလေ...ဘာလို့မျက်နှာမကောင်းဖြစ်နေရတာလဲ..."
ညီမင်းဝဲနေသောသူ၏မျက်ရည်များကိုသုတ်ကာ အပူရုပ်ကိုဟန်လုပ်၍ပြုံးပြသည်။
"ဝမ်းသာတာပေါ့သားငယ်ရဲ့...ပါးပါးပင်ပန်းနေလို့ဖြစ်မှာပါ..."
"ဒါနဲ့နှလုံးလှူမှာကဘယ်သူလဲ....သူကဘာကြောင့်လှူမှာလဲ..."
ပိုင်သူ၏အမေးစကားကြောင့် ညီမင်းဆွံ့အ၍သွားရသည်။သစ်တောကကြားဝင်၍ဖြေသည်။
YOU ARE READING
ကြမ္မာငင်တဲ့ကြိုး
Randomဒါက သူ့ထံပါး Season 3 ပါနော်.... အချစ်များဖြစ်ရှေ့ဆက်မယ်....ရဲ့နောက်ကဇာတ်ပါ.... မွေးလာတဲ့ကလေးနှစ်ယောက်အကြောင်းပါနော် Facebook မှာတင်ပြီးတာတော့ကြာပြီ ခုပြန်တင်ပေးတာ😁😁😁