episode 3

879 48 1
                                    

ကြမ္မာငင်တဲ့ကြိုး...(အပိုင်း-၃)#သူ့ထံပါး_S3
===========================

တစ်ညနေခင်းတွင်မြင်လိုက်ရသောထိုအပြုံး...ထိုအပြုံးကိုလွမ်းမောစွာတမ်းတနေရပါသောသူတစ်ယောက်...။အပြုံးကိုပေးသူနှင့်အပြုံးကိုလက်ခံရရှိသူ...
နှစ်ဦးလုံး၏စိတ်တွင် တဒင်္ဂအမှတ်တမဲ့မှအမှတ်တရသို့ကူးပြောင်း၏။

လွမ်းပါလေရစ် ပိုင်လေးရယ်.....။
ဒီနှိုင်းစိတ်ထဲတွင်တိုးတိတ်စွာမြည်လာသောအသံ...။အသံညှင်းပေမဲ့ ပဲ့တင်သံအထပ်ထပ်ရင်ခွင်ဘယ်ညာကိုရိုက်ခတ်သည်။ရင်ထဲမှာလဲ လွမ်းမြမြ...။ပိုင်သူ၏အပြုံးကိုဒိနှိုင်းလွမ်းမြမြလေးလွမ်းမိသည်။ထိုလွမ်းမြမြကို ဒီနှိုင်းရင်ခွင်၏ဘယ်ဘက်တစ်နေရာတွင်သိမ်းဆည်း၏။ထာဝရအမှတ်တရအဖြစ်သိမ်းဆည်းသည်။အသက်အရွယ် ရလာသည့်အချိန်မှ ဒီနှိုင်း၏ရင့်ကျက်တည်ငြိမ်နေသော နှလုံးသားသည် ပိုင်သူ၏အပြုံးတစ်ချက်ဖြစ် လှိုက်ဖိုကာ နုနယ်သယောင်ခံစားလာရသည်။

"ဦးခ......"

ဒီနှိုင်း တက္ကသိုလ်canteen ဘက်သို့လှမ်းလျှောက်လာစဉ်...ပိုင်သူ၏ဆွဲဆွဲငင်ငင်အသံကိုကြားသည်။ဒီနှိုင်းခြေလှမ်းကိုရပ်ကာဘေးဘီဝဲယာကိုငေးကြည့်သည်။

ဆိုင်တစ်ဆိုင်ထဲတွင် ပိုင်သူကိုမြင်တွေ့လိုက်ရသည်။ချိုရီပြင်းရှနှစ်လိုဖွယ်ကောင်းသောအပြုံးဖြစ်ကြိုဆိုနေသည့်ပိုင်သူ...။အခိုက်အတန့်လေးအတွင်း လောကကြီးနဲ့အဆက်ပြတ်သွားလိုပင်ထင်မှတ်မိတယ်ပိုင်လေးရယ်။အနည်းငယ်ရင်ခုန်မြန်လာသောသူ၏ နှလုံးသားကိုပြန်တည်ငြိမ်စေပြီးနောက် ဒီနှိုင်းပြုံးသည်။ပိုင်သူ၏ဘေးတွင် သူ့အကိုသစ်တော...။ပိုင်သူက ဒီနှိုင်းကိုပြုံး၍ကြိုသလို သစ်တောကစိုက်ကြည့်၍ကြိုသည်။သစ်တော၏မျက်နှာသည် ခက်ထန်လွန်းအားကြီးနေသည်။

ဒီနှိုင်းပြုံးပြပြီး ပိုင်သူတို့ဆိုင်လေးအတွင်းသို့ဝင်လာခဲ့သည်။

ဒီနှိုင်းဝင်လာသည်ကိုသစ်တောကမကျေနပ်သည့်အကြည့်ဖြစ်ကြည့်သည်။

ဒီနှိုင်း ပိုင်သူဘေးတွင်ဝင်ထိုင်လိုက်သည်။ပိုင်သူကစ၍ဒီနှိုင်းကိုစကားပြောသည်။

ကြမ္မာငင်​တဲ့ကြိုးWhere stories live. Discover now