ကြမ္မာငင်တဲ့ကြိုး...(အပိုင်း-၈)#သူ့ထံပါး_S3
============================"တီ....တီ.....တီ..."
လက်ဘက်ရည်ဆိုင်ကိုရှောင်ထွက်နေရာမှ ဖုန်းဝင်လာ၍ကြည့်မိတော့ ဖေဖေဆီကဖြစ်နေသည်။သစ်တော ဖုန်းကိုင်သည်။
"ဟဲလို...ဖေဖေပြော..."
"သားကြီး...ခုဘယ်မှာလဲ(....)ဆေးရုံကိုအမြန်လာခဲ့ဦး...သားငယ်ကိုဆေးရုံတင်ထားရတယ်..."
ဖေဖေ၏ စိုးရိမ်ထိတ်လန့်ဖွယ်အသံနဲ့ပြောသည့်စကားကြောင့် သစ်တော ပိုင်သူကိုစိတ်ပူသွားရသည်။
"ပိုင်လေးဘာဖြစ်လို့လဲဖေဖေ....ပိုင်လေးဘာဖြစ်လို့လဲ..."
သစ်တောစိုးရိမ်စိတ်များကြောင့် သူထင်ကိုအလျင်စလိုမေးမြန်းသည်။
"ဆေးရုံကိုအမြန်လာခဲ့ပါသား....ပိုင်လေးကသတိမရသေးဘူးခုလာခဲ့နော်..ဒီရောက်မှဖေဖေပြောပြမယ်..."
"ခုလာခဲ့မယ်ဖေဖေ"
သစ်တောလက်ဘက်ရည်ဆိုင်မှအမြန်ပြေးထွက်ကာ ဆိုင်ကယ်ကိုစက်နှိုး၍ ဆေးရုံးကြီးဆီသို့ဦးတည်ကာထွက်သွားသည်။
သစ်တောရင်ထဲစိုးရိမ်မှုများကနှလုံးသားတစ်ခုလုံးကိုအပူမီးတောက်လောင်စေသည်။
---------------သစ်တောအခန်းတံခါးကိုဖွင့်၍ဝင်လိုက်ခြင်း လူနာကုတင်ပေါ်တွင် လဲလျောင်းနေသော ပိုင်သူကိုဥိးစွာမြင်တွေ့ရသည်။ပါးပါးသည် ကုတင်ဘေးကခုံတွင်ထိုင်နေ၍ ပိုင်သူ၏လက်များအားဆုပ်ကိုင်ထားသည်။ဖေဖေက ပါးပါး၏အနောက်မှပုခုံးကိုကိုင်ကာ ပါးပါးကိုနှစ်သိမ့်ပေးနေသည်။
သစ်တော ညီမင်း၏ဘေးသို့အပြေးလှမ်းသွားသည်။
"ပိုင်လေးဘာဖြစ်တာလဲဖေဖေ..."
သူထင်သစ်တောဘက်သို့လှည့်ကြည့်သည်။
"စိတ်ကိုထိန်းပါဦးသားကြီးရယ်..."
သူထင်စကားဆုံးသည်နှင့် ညီမင်းရှိုက်ငို၍စကားဆိုသည်။
"ပါးပါး..အပြစ်တွေပါကွယ်...ပါးပါးအပြစ်တွေပါ...သားငယ်ဒီလောက်ထိခံစားသွားရမယ်မှန်းမသိလိုက်ဘူး...."
သစ်တော ပိုင်သူကိုသေချာစူးစိုက်၍ကြည့်လိုက်သည်။ပိုင်သူ၏မျက်တောင်နှင့်အောက်မျက်ခမ်းတွင်မျက်ရည်များစိုနေသေးသည်။
YOU ARE READING
ကြမ္မာငင်တဲ့ကြိုး
Randomဒါက သူ့ထံပါး Season 3 ပါနော်.... အချစ်များဖြစ်ရှေ့ဆက်မယ်....ရဲ့နောက်ကဇာတ်ပါ.... မွေးလာတဲ့ကလေးနှစ်ယောက်အကြောင်းပါနော် Facebook မှာတင်ပြီးတာတော့ကြာပြီ ခုပြန်တင်ပေးတာ😁😁😁