Wangjanim

12.7K 962 64
                                    

Unicode

ကိုရီးယားနိုင်ငံ..Joseonခေတ်...။
မင်းကြီးMinseokမင်းမူသောကာလ...။ကြီးမားကျယ်ဝန်းခမ်းနားသော ညီလာခံကျင်းပရာ အဆောင်တော်တွင်း တိုးတိုးကျိတ်ကျိတ်ပြောနေကြသော အတွင်းဝန်မှူးမတ်များ...။

"မနေ့က အဖြစ်အပျက် ကြားပြီးပြီလား ဝန်မင်း.."

"ဘာသတင်းလဲ??စားဖိုဆောင်က နန်းတွင်းသူတစ်ယောက်နဲ့ ရှန်ကုန်းတစ်ယောက်ကို ဘင်ဂျိုအဆောင်တံတားထိပ်မှာ မိတဲ့သတင်းလား??"

မျက်လုံးကိုမှေးစင်းပြီး ကားတက်ကာကော့နေတဲ့ နှုတ်ခမ်းမွှေးတွေကိုမှ အားမနာ အရေးသိပ်မပါတဲ့ သတင်းကို ဟန်လုပ်ပြောနေတဲ့ ဝန်မင်းကို ဘဏ္ဍာထိန်း အားမလိုအားမရကြည့်လိုက်ပြီး...

"ဟာ..ဝန်မင်းကလည်း ကျနော်မျိုးပြောချင်တာက..မနေ့က အိမ်ရှေ့စံလေး...."

"မင်းကြီးကြွချီတော်မူလာပြီ!!!!"

စကားမဆုံးခင် အဆောင်ထိပ်ဝကနေ ပြဲထွက်နေအောင် ဆောင့်အော်ချလိုက်တဲ့ မင်းကြီးရဲ့ကုန်းကုန်းအသံ...

ဝန်မတ်တွေအကုန် ခေါင်းမဖော်အောင်ငုံ့လိုက်ပြီးတဲ့အခိုက် ကျွီခနဲတံခါးရွက်ဖွင့်သံနဲ့အတူ အဆောင်တော်တွင်းထိုးဝင်လာတဲ့ စူးရှရှနေရောင်...

"အို့..အွန်မား မားမား..."

ချစ်စရာအသံဖြင့် ယောင်လာသူက အနီရောင်ဝတ်ရုံဝတ်မင်းကြီး Minseok..။

ရွှေရောင်တလက်လက်ထနေတဲ့ ရာဇပလင်ကြီးဆီ မျှော်ကြည့်ပြီး ရာဇဣိနြေ္ဒအပြည့်နှင့် လျှောက်လှမ်းလာကာမှ တံခါးပေါက်အောက်ခြေဘောင်ကို မမြင်ဘဲ ခလုတ်တိုက်ကာ ရှေ့သို့လဲကျမတတ်ဖြစ်သွားသောကြောင့် လွှတ်ကနဲအမိတမိခြင်း...

ခလုတ်ထိမှ အမိတ..ဆိုသည်မှာ မင်းကြီးMinseokတီထွင်ခဲ့ခြင်းပေများလား...

"သတိထားပါ မင်းကြီး!!"

လဲကျသွားတော့မယ့် ခန္ဓာကိုယ်ကို ရှေ့ကိုယိုင်ကျမသွားအောင် လှမ်းထိန်းပေးလာတဲ့ ကုန်းကုန်းက အသံပြဲကို စိုးရိမ်ဟန်လုပ်အော်လာပြန်တော့ မင်းကြီးMinseokနောက်ပြန်လှည့်ကြည့်ပြီး မျက်လုံးပြူးပြမိပြန်တော့...

Wangjanim(ChanBaek-Yaoi)Where stories live. Discover now