"ငါနဲ့အတူ ရေဝင်ချိုး Chan.."
ကြားလိုက်ရသည့် စကားကြောင့် ကိုယ်ရံတော်Chanyeol လက်ထဲတွင် ကိုင်ထားသည့် ဓားလွတ်ကျမလိုဖြစ်သွားသည်ကို အမြန်ဆုပ်ထိန်းလိုက်ကာ နောက်ဘက်ဆီမှ မင်းသားငယ်အား ဖျတ်ကနဲ လှမ်းကြည့်မိလိုက်သည်...။
အိမ်ရှေ့စံဗြောင်သည်လည်း သစ်သားစည်ပိုင်းကြီးထဲမှာ ထိုင်၍ သူ့အားမျက်လုံးလှန်ကြည့်နေသောကြောင့် Chanyeolခေါင်းအမြန် ငုံ့လိုက်ကာ...
"မသင့်လျော်ပါဘူး အိမ်ရှေ့စံ.."
ဣနြေ္ဒကြီးတစ်ခွဲသားနှင့် ငြင်းဆန်လာသော ကိုယ်ရံတော်ကို ကြည့်ကာ Baekhyunမျက်နှာတော်မဲ့မိသည်..။
သူကပဲ တစ်ပြန် ငြင်းရသည်ရှိသေး...
"မသင့်လျော်ဘူးဆိုတာ..ဘာကိုပြောတာလဲ..၊မင်းလည်းလူသား ငါလည်းလူသားပဲလေ.."
ခပ်လှမ်းလှမ်းမှ မျက်နှာအပျက်ပျက်အယွင်းယွင်းဖြင့် ကြည့်နေပါသော ကုန်ကုန်းနှစ်ယောက်ကို မသိမသာ လှမ်းကြည့်ရင်း အိမ်ရှေ့စံ အမေးထုတ်လိုက်မိသည်...။
Chanyeolပြောသော မသင့်လျော်ခြင်းရဲ့ ဆိုလိုချက်ကို Baekhyun ကောင်းကောင်းကြီးနားလည်ပါသည်..။သို့သော်ငြား..မတန်မရာ မျှော်မှန်းရဲနေကြသူတို့အား တမင်တကာ ဆွပေးလိုသောကြောင့်သာ...။
"ဒါ..ဒါပေမယ့်..အိမ်ရှေ့စံက တော်ဝင်သွေးတစ်ယောက်ပါ ဖျား...ကျနော်မျိုးက..."
"မင်းလည်း ပညာရှိParkရဲ့ သားတော်ပဲ.."
နှင်းဆီပွင့်လွှာတို့ ရောထွေးရာ ရေတို့ကို ညာလက်ခုပ်နှင့်ခပ်ယူပြီး ဗြောင်လေး သူ့ဘယ်လက်မောင်းပေါ်ပက်ဖျန်းနေရာမှ မျက်လွှာပင့်ကြည့်ရင်း ဖြတ်ပြောလိုက်သည်...။
"ကျနော်မျိုးက သာမန်ပြည်သူ တစ်ယောက်ပါ.."
ကိုယ့်စကားပြောနေလျှင် ဖြတ်ပြောခံရခြင်းကို Chanyeol မနှစ်မြို့သော်ငြား ယခုဖြတ်ပြောလာသူက မိမိအသက်ပေးထမ်းဆောင်ရမည့် ဖခင်အလောင်းအလျာ အိမ်ရှေ့စံဖြစ်နေပြန်တော့လည်း မသိဟန်ဆောင်ကာ ကိုယ့်ကိုကိုယ် နှိမ်ချလျှောက်တင်ပြီး လွန်ဆန်မိခဲ့ပေမယ့်...
YOU ARE READING
Wangjanim(ChanBaek-Yaoi)
Historical FictionJoseonပြည်ရဲ့အိမ်ရှေ့စံလေးနှင့်သူ၏ကိုယ်ရံတော်... အမြူးလေးပါ... written by..kyalsin92