"အိမ်ရှေ့မင်းသားလေး...ကျေးဇူးပြုပြီး..ဒီကို ကြည့်ပါဦး ဖျား.."
စစ်သူကြီး Yi Xingရဲ့ စကားကို အဖတ်မလုပ်ဘဲ လက်ခုပ်ထဲက ဆန်စေ့တွေကို တစေ့ချင်းဆီ ကောက်စားနေတဲ့ ယဇ်ကြက်ကြီးကိုသာ ပြုံးကြည့်နေတဲ့ အိမ်ရှေ့မင်းသားbaekhyunကို ကိုယ်ရံတော်တပ်သား Park Chanyeol မကျေမနပ်ကြည့်လိုက်မိသည်...။
ကံကောင်းတာက သူ ဒီလိုကြည့်တာကို ဘယ်သူမှ မမြင်လိုက်..။မြင်များမြင်ပြီး မင်းကြီးMinseokရဲ့ ရွှေနားတော်ထိ ပေါက်ကြားကြည့်..Park Chanyeolရဲ့ ဦးခေါင်းပြတ်က နန်းတော်တံခါးဝမှာ တပတ်တိတိ ချိတ်ထားခံရမှာ...
အိမ်ရှေ့စံကို မချေမငံကြည့်မှု..ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ သေဒဏ်ပေးခံရမှာကမလွဲမသွေလေ...။
"Wangja nim..."
"ယူရီလေး ဝလာတယ်နော်.."
YiXingထပ်ခေါ်လိုက်သော်ငြား...အဖတ်မလုပ်ဘဲ အောက်နှုတ်ခမ်းကို ဖွဖွလေးကိုက်ပြီး ကြက်ကြီးဝလာကြောင်းကိုပဲ ပြုံးရွှင်ပြီး အရေးတယူလုပ်ပြောပြန်လာတဲ့ အိမ်ရှေ့စံကြောင့် Chanyeol မနေနိုင်မထိုင်နိုင် သက်ပြင်းချလိုက်မိသည်...။
သူ့ ထွက်သက်ပြင်းပြင်းကြောင့် စစ်သူကြီးXingရဲ့ အကြည့်က သူ့ဆီရောက်လာတော့ Chanyeol ခေါင်းတချက်ညွတ်ဦးညွှတ်ပြလိုက်ရသည်..။
နောက်ထပ် ကံကောင်းတာတစ်ခုက စစ်သူကြီးXingက သဘောမနော ကောင်းသူတစ်ယောက်မို့သာ...။အခြားသူသာဆိုရင်တော့..ဟင်းဟင်း...Park Chanyeol..ခုဆို အိမ်ရှေ့စံအဆောင်ပြင်ကို ဆွဲထုတ်ခံနေရလောက်ပြီ..။အိမ်ရှေ့စံကို စိတ်မရှည်မှု..ဆိုတဲ့..ခေါင်းစဉ်အောက်ကနေလေ..။ပြောပါတယ်..ဂျိုဆွန်းရဲ့ အိမ်ရှေ့စံက အဲ့လောက် အရေးပေးခံထားရသူလေးပါဆို..။
"အိမ်ရှေ့စံလေး..."
"အကိုတော်..ပြောစရာရှိတာ ပြောလေဗျာ..၊တကတည်း ဂုဏ်ပုဒ်ကိုပဲ တပ်တပ်ခေါ်နေတာ..စိတ်မရှည်ဘူးနော့..."
သူ စိတ်မရှည်ကြောင်းကို မျက်မှောင်ကြုတ်ပြီး ဆူဆူအောင့်အောင့်လေး မာန်မဲလာတဲ့ အိမ်ရှေ့စံByunရဲ့ အကြည့်က Xingဘေးက ကိုယ်ရံတော်Park Chanyeol..ဆီရောက်လာတော့ Chanyeol အမြန်ပင် ခေါင်းငုံ့လိုက်ရသည်...။
YOU ARE READING
Wangjanim(ChanBaek-Yaoi)
Historical FictionJoseonပြည်ရဲ့အိမ်ရှေ့စံလေးနှင့်သူ၏ကိုယ်ရံတော်... အမြူးလေးပါ... written by..kyalsin92