ZawGyi
..............လှုပ်ရှားမှုက သေးသေးလေးမှ အမှန်သေးသေးလေးပင်...။
သို့သော်ငြား...အိပ်ရေးဆတ်သူ တစ်နည်း အိမ်ရှေ့စံ၏ ကိုယ်ရံတော်ပီသစွာပင် ChanYeol ဆတ်ကနဲမျက်လုံးအစုံ ပွင့်လာခဲ့သည်...။အရင်လို အခန်းထောင့် ဒူးထောက်ထိုင်အနေထားမဟုတ်ဘဲ နုညံ့တဲ့ကတ္တီပါဖဲမွေ့ယာပေါ် ကျောခင်းနေရသည်က အမိအိမ်ပြန်ရောက်သွားသည့်အတိုင်းပင်...။
ကိုယ်ရံတော်တပ်သားလေးChanYeol ဖြေးဖြေးသာသာခန္ဓာကိုယ်ကို လှုပ်ကြည့်မိတော့ ခါးပေါ်က လက်လေးကခပ်လျော့လျော့အနေအထားပင်ဖြစ်နေသည်...။
ChanYeolသွားအသာစိလိုက်ကာ အရှင့်သား၏လက်လေးအား မိမိခါးပေါ်မှ အသာယူဖယ်လိုက်ပြီး အသံမထွက်အောင်ထိန်းထလိုက်ရသည်...။
"အိပ်ရေးဝဝအိပ်စက်ပါ...မာမား..."
မကျဉ်းလွန်းမကျယ်လွန်းတဲ့တော်ဝင်နဖူးပေါ်က ဆံစလေးတွေကို အသာသပ်ပေးလိုက်ရင်း ChanYeol ညအိပ်ယာဝင်ဆုတောင်းစကားပြောလိုက်မိ၏...။
ဖခင်အလောင်းအလျာလေးသာ သိလျှင် ခွင့်ပြုမိန့်မရှိပါဘဲနှင့် သူ့ဆံသားအားထိရပါ့မလားဆိုကာ စစ်ဆေးရေးကွင်းထဲ သွင်းပေလိမ့်ဦးမည်..။အတွေးစတွေကြောင့် ChanYeolနှုတ်ခမ်းအစုံကော့တက်သွားမိသေး...။
လက်စွဲတော်ဓားကို ကောက်ဆွဲယူ..ခြေဖော့ရင်း ChanYeol အိမ်ရှေ့စံအိပ်ဆောင်တွင်းမှ ထွက်ခဲ့မိသည်...။
သူညလေခံပြီး ခဏအပန်းဖြေဖို့်တော့ လိုအပ်သေးသည်...။ဆွဲတံခါးချပ်အား အသံမထွက်အောင်ထိန်းပိတ်ပြီး အခန်းတံခါးလုံးလုံးပိတ်သွားသောအခါမှ ခပ်ဖြေးဖြေးပွင့်လာသည့် အဖြူ ရောင်အိမ်ရှေ့စံလေး၏ မျက်လုံးတော်နှင့် လှလှပပကော့တက်လာသည့်...နှုတ်ခမ်းပါးတစ်စုံကိုတော့ အခန်းပြင်ရောက်သွားပြီဖြစ်သည့် ကိုယ်ရံတော်တပ်သားလေး မသိမမြင်လိုက်ရတော့ပေ...။
ⓦⓐⓝⓖⓙⓐⓝⓘⓜ
"မိုးသောက်ကာနီးလေကအရသာအရှိဆုံးပဲနော်.."
အနားလာရပ်ကာ စကားစမြည်ပြောလာသည့် အရိပ်စောင့်တပ်သား DoHwanကို ChanYeolအသာခေါင်းစောင်းကြည့်လိုက်ပြီး..
YOU ARE READING
Wangjanim(ChanBaek-Yaoi)
Historical FictionJoseonပြည်ရဲ့အိမ်ရှေ့စံလေးနှင့်သူ၏ကိုယ်ရံတော်... အမြူးလေးပါ... written by..kyalsin92