Wangjanim

4.5K 693 85
                                    

(My note--Oct.4ရက်ကတည်းက အပ်ဒိတ်မဖြစ်တော့တဲ့ ဒီကောင်လေးက 5လကျော်ကြာမှ ပြန်ပေါ်လာတာဆိုတော့..မှတ်ကောမှတ်မိကြပါသေးရဲ့လားလို့... ♡ ♡ ♡ )

°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°

ခပ်ပါးပါးကန်လန့်ကာနောက်က အိမ်ရှေ့စံအား Chanyeol မော့ကြည့်မိသည်...။

တစ်ခါမှ စစ်ဆေးရေးကွင်း မဝင်ဖူးသလို..ဘယ်ပုံဘယ်နည်းနဲ့ စစ်ဆေးကြသလဲဆိုတာလည်း Chanyeolမသိပါ...။

လောလောဆယ် သူ့အနေအထားကတော့ ကွင်းအလယ်ကောင်မှာ ချပေးထားတဲ့ တစ်ယောက်ထိုင်ကုလားထိုင်ပေါ် ထိုင်နေရပြီး ကိုယ့်ထက်အမြင့်တစ်နေရာ ပွဲကြည့်စင်တန်းဘက်မှာ ထိုင်နေတဲ့ အမည်းရောင်ဖျော့ဖျော့ ကန်လန့်ကာနောက်က အိမ်ရှေ့စံလေးအား မော့ကြည့်နေရသည့်အဖြစ်..။

"ဘာ..ဘာလုပ်တာလဲ??"

ထိုင်ခုံလက်ရန်းပေါ်တင်ထားတဲ့ လက်ကို လက်ကောက်ဝတ်နဲ့ထိုင်ခုံလက်ရန်း တစ်ပါးတည်းတွဲသွားအောင် ကြိုးတွေနဲ့ လာချီကြတဲ့ အစောင့်နှစ်ယောက်ကို ကိုယ်ရံတော်Chanyeol အထိတ်တလန့်မေးပြီးချိန်မှာပဲ...

"နေ!!မလိုဘူး!!ငါကိုယ်တော် ဒီတိုင်းပဲ မေးမယ်!!"

ပြတ်ပြတ်သားသား ထွက်လာတဲ့ အမြင့်နေရာက အိမ်ရှေ့စံByunအသံကြားမှ အစောင့်တွေ သူ့အနားက ထွက်သွားကြသလို အိမ်ရှေ့စံလေးရဲ့ ချောင်းဟန့်သံကိုပါ တစ်ပါးတည်း သူ ကြားလိုက်ရသည်...။

"Chanyeol..."

"ဖျား~~~"

ခေါ်သံကြောင့် chanyeol မျက်လွှာကိုချလိုက်ပြီး ရို့ရို့ကျိုးကျိုး ခွန်းတုံ့ပြန်လိုက်မိသည်...။

"မှန်မှန်ပြော မောင်မင်း..၊လိမ်ဖို့မစဉ်းစားနဲ့..၊ရာရာစ ငါကိုယ်တော်ကို လိမ်ရင် ဟိုးနားမှာ ထားထားတဲ့ မီးဖိုအိုးထဲက အပြစ်သားတံဆိပ်ပြား အကပ်ခံရမယ်မှတ်.."

ကန်လန့်ကာ နောက်က မင်းသားငယ် ညွှန်ပြရာဆီကို လှမ်းငေးကြည့်လိုက်တော့ ခပ်ရဲရဲမီးဖိုအိုးကြီးက မီးစတွေတဖျစ်ဖျစ်တောက်လောင်လို့...

ဘယ်လောက်ပဲ အသတ်အဖြတ် အသတ်အပုတ် ကျွမ်းကျင်တယ်ဆိုဆို ရဲရဲတောက်နေတဲ့ သံပြားကြီးက ပါးလွှားတဲ့ အရေပြားထဲ စူးနစ်ကပ်သွားမှာကိုတော့ Chanyeol တွေးကြည့်ရုံနဲ့တင် ကြက်သီးထ လန့်မိပါသည်...။

Wangjanim(ChanBaek-Yaoi)Where stories live. Discover now