"ကိုယ်တို့ လမ်းခွဲကြရအောင်"
-
-
-
-
-
ရယ်စရာတော့ကောင်းသား ဒီလိုစကားမျိုးကိုယ်ကိုယ်တိုင် ပြောထွက်ခဲ့တယ်ဆိုတဲ့အမှန်တရား...။ခပ်မို့မို့မျက်ဝန်းလေးမှာမျက်ရည်စလေးတွေတွဲခိုရင်း ကိုယ့်ကိုငေးကြည့်နေတဲ့အခိုက်အတန့် အပြစ်ရှိသလိုခံစားခဲ့ရပေမယ့် ကိုယ်ပြောခဲ့တဲ့စကားလုံးတွေကိုတော့မရုပ်သိမ်းခဲ့မိဘူး...။
မျက်ရည်စလေးတွေတဖြည်းဖြည်းကျဆင်းလာခဲ့တဲ့သူ့ရဲ့ပါးပြင်လေးကိုလည်း ကိုယ်အရင်လို တယုတယနဲ့ဖယ်ရှားမပေးခဲ့မိဘူး။
"ကျွန်တော့်ကိုမချစ်ခဲ့ဘူးလား...Hyung.?"
သူ့ဆီကခပ်ဖျော့ဖျော့လေသံလေးနဲ့မေးလိုက်တဲ့ မေးခွန်းရဲ့အဆုံးမှာ ကိုယ့်အတွေးတွေက သူနဲ့စတွေ့ခဲ့တဲ့ လွန်ခဲ့သောသုံးနှစ်ခန့်ဆီ...။
ချစ်ခဲ့တယ်...။
မဖြစ်သင့်တဲ့အချစ်မှန်း၊အနာဂတ်လမ်းမဖြောင့်ဖြူးတဲ့အချစ်မှန်းသိရက် သူ့နှလုံးသားလေးကိုပိုင်ဆိုင်ခွင့်တောင်းဆိုခဲ့မိတယ်...။
ဒါနဲ့များ ဘာလို့အခုမှဒီအချစ်တွေကိုစိုးရွံ့နေရတာလည်း...။
ကိုယ်တိုင်အဖြေမသိတဲ့ရောထွေးတဲ့ခံစားချက်တွေရဲ့ကြား သူ့ကိုပြန်ဖြေမိခဲ့တာက...
"ချစ်ခဲ့တယ်"
ပန်းနုရောင်သန်းနေတဲ့သူ့ရဲ့နှုတ်ခမ်းပါးကကွေးညွတ်သွားရုံလေး...။
"လုံလောက်ပြီ...။Hyung...ကျွန်တော့်ကိုချစ်ခဲ့တယ်ဆိုရင်ဘဲ အရာအားလုံးအတွက်လုံလောက်သွားပြီ"
အသက်မပါတဲ့အပြုံးလေးတပွင့်နဲ့ အနားနားတိုးကပ်လာတဲ့သူ့ရဲ့ပန်းနုရောင်နှုတ်ခမ်း...။ ကိုယ့်ရဲ့လည်ပင်းကိုသူ့ရဲ့လက်တွေနဲ့ရစ်နှောင်ရင်း မျက်နှာချင်းဆွဲကပ်လိုက်တော့တယောက်ရဲ့ဝင်သက်ထွက်သက်တွေတယောက်ခံစားနိုင်လောက်သည်အထိနီးကပ်လာခဲ့သည်...။
YOU ARE READING
F.I.N.A.L.I.S.E || YoonMin [ Completed ]
Short Storyကိုယ်တိုင်အဆုံးသတ်ခဲ့မိသော ဇာတ်လမ်းလေးတပုဒ်.... { Min_YoonGi x Park_JiMin }