*Ending*

2.4K 206 17
                                    

ဇာတ်လမ်းတပုဒ်​ရဲ့​အဆုံးသတ်​တိုင်းက ထင်​သ​လောက်​​တော့​ကြေကွဲစရာ​ကောင်းမ​နေတက်​ဘူး က​လေး...။

ကိုယ်​ပြန်​လို့နိုးထလာတဲ့အချိန်​မှာ က​လေးနဲ့ကိုယ်​ရဲ့ကြားကအဖြစ်​အပျက်​တိုင်းက ကိုယ့်​အတွက်​အိမ်​မက်​တခုလိုကျန်​ရစ်​​နေခဲ့တယ်​။ ​က​လေးကိုအရမ်းလိုအပ်​​နေခဲ့​တာ​တောင်​ ကိုယ်​တ​ယောက်​ထဲရှင်​သန်​​နေခဲ့ရတဲ့​နေ့ရက်​​တွေတိုင်းဟာ ဘယ်​​လောက်​​တောင်​အထီးကျန်​​ခြောက်​​သွေ့​နေခဲ့လည်းဆိုတာ ပြက္ခဒိန်​​ပေါ်က​ရက်​စွဲ​တွေကို​မေးကြည့်​ရင်​သိနိုင်​လိမ့်​မယ်​ က​လေး...။

ပြတင်း​ပေါက်​အပြင်​ဘက်​က​နေလှမ်းမြင်​​နေရတဲ့သစ်​ပင်​အိုကြီး​တောင်​ ကိုယ့်​အတွက်​​၀မ်းနည်းခြင်းအထိမ်းအမှတ်​​အဖြစ်​ အ၀ါ​ရောင်​​ကြွေရွက်​​တွေ​ခြွေချ​​ပေး​နေခဲ့တယ်​...။ ကိုယ်​မှတ်​မိသ​လောက်​က​တော့ လွန်​ခဲ့တဲ့လပိုင်းက​လေးတင်​ အဖြူ​ရောင်​နှင်းပွင့်​​တွေကြားထဲ အစိမ်း​ရောင်​သစ်​ရွက်​​တွေနဲ့ဒီသစ်​ပင်​အိုကြီး အရမ်းကိုလှပ​နေခဲ့​သေးသားပဲ က​လေးရယ်​...။ အခု​တော့အ၀ါ​ရောင်​ရွက်​​ကြွေ​တွေ​​မြေ​ပေါ်ကို​ကြွေဆင်း​နေ​ပေမယ့်​လို့​ပေါ့...။

တချိန်​တုန်းကအရမ်းကိုလှပခဲ့သ​လောက်​ အခု​တော့​ကြွေရွက်​​တွေလို​​မြေပြင်​​ပေါ်​ကြွေကျသွားခဲ့ရတဲ့ကိုယ်​တို့နှစ်​​ယောက်​ရဲ့အချစ်​​တွေလို​ပေါ့...ဟုတ်​တယ်​မလား...။

ဘယ်​​တော့မှပိုင်​ဆိုင်​ခွင့်​မရ​တော့မှန်း အဖြစ်​မှန်​ကိုလက်​ခံသွားတဲ့အချိန်​မှာ တိမ်​​တွေကင်းစင်​​နေတဲ့အပြာ​ရောင်​​ကောင်းကင်​ကြီးကိုကိုယ်​​မော့ကြည့်​မိခဲ့တယ်​...။ ကိုယ့်​ရဲ့မျက်​နှာ​ပေါ်ကျ​ရောက်​လာတဲ့​နေ​ရောင်​ခြည်​ကို က​လေးဆီက​နွေး​ထွေးမှု​တွေလို့မှတ်​ယူရင်း "ကိုယ်​ အဆင်​​ပြေပါတယ်​" ဆိုတဲ့မုသားစကား​လေးနဲ့ ​လောကကြီးကို​ကျောခိုင်းထားလိုက်​​တော့တယ်​...။

ဟုတ်​တယ်​...ကိုယ်​ တကယ်​အဆင်​​ပြေ​မှာပါ က​လေးရယ်​...။

မိုး​တွေရွှာ​နေခဲ့တဲ့တ​ရက်ေ​သာ​နေ့​လေးပြီးကတည်းက လှုပ်​ရှားလို့မရနိုင်​​တော့တဲ့​ခြေတစုံက ဘီးတပ်​၀ှီးချဲ​လေး​ပေါ်ငြိမ်​သက်​လို့သွားခဲ့ပြီ က​လေး...။ ကိုယ်​လွမ်းတဲ့အချိန်​တိုင်း က​လေးဆီ​ပြေး​တွေ့ခွင့်​မရနိုင်​​အောင်​ ကံကြမ္မာကဒဏ်​ခတ်​လိုက်​တဲ့သ​ဘောလို့ ကိုယ်​လွယ်​လွယ်​မှတ်​ယူလို့ထားခဲ့တာ​ပေါ့...။

ဒီလိုနဲ့ပဲ က​လေးရှိနိုင်​မယ့်​အရပ်​မျက်​နှာကိုဦးတည်​ရင်း ကိုယ်​​ငေးကြည့်​​​နေတက်​ခဲ့ပြီ...။ အချိန်​ကတိုက်​စားသွားတဲ့ရက်​စွဲ​တွေကြားထဲမှာ တ​နေ့​နေ့​တော့ပြန်​လာ​လေမလားဆိုတဲ့​မျှော်​လင့်​ချက်​​လေးက​လည်း နှလုံးသားဆီကနာကျင်​မှု​တွေနဲ့အတူ တ​နေ့ထက်​တ​နေ့အ​ရောင်​မှိန်​လာခဲ့ပြန်​တယ်​ က​လေး...။

ဒီလိုနဲ့ပဲ ဖြစ်​ပျက်​ခဲ့သမျှအရာရာတိုင်းကိုအမှတ်​တရတခုအဖြစ်​ ကိုယ်​သိမ်းဆည်းထားလိုက်​​တော့တယ်​...။ Diary​လေးတခုအဖြစ်​၊ ဇာတ်​လမ်း​လေးတပုဒ်​အဖြစ်​...ဒါမှမဟုတ်​ သိပ်​နှစ်​သတ်​မိခဲ့တဲ့ဝတ္တုတို​လေးတပုဒ်​အဖြစ်​...ကိုယ်​ ကိုယ်​တိုင်​ကပြခဲ့ရတဲ့ သိပ်​လက်​​တွေ့ဆန်​တဲ့ဇာတ်​၀င်​ခန်း​တွေနဲ့အတူ​...

အဆုံးသတ်​​တွေမလှပခဲ့တဲ့...ကိုယ်​ရဲ့ဇာတ်​လမ်း​လေးတပုဒ်​​ပေါ့ က​လေးရယ်​...။







-----------------------------------------------------------







ဒီFicကိုပြန်​ဖတ်​မိရင်း အဆုံးသတ်​မှာထပ်​ပြီး​တွေးမိတာ​လေး​တွေချ​ရေးမိတာ​ပါ...။
ဘာမှ​တော့ပိုလို့ထူးခြားမသွား​ပေမယ့်​လည်း​ပေါ့...😅

*F.I.N.A.L.I.S.E* [ End ]

#HyeRa_Min

F.I.N.A.L.I.S.E || YoonMin [ Completed ]Where stories live. Discover now