*Fate*

1.7K 249 14
                                    

"Hyung...ကျွန်​​တော်​တို့Dateလုပ်​ရ​အောင်​"

တရားဝင်​ချစ်​သူ​တွေစဖြစ်​ခဲ့တဲ့​နေ့ကစလို့ အမြဲလိုလိုDateလုပ်​ဖို့စတင်​​တောင်းဆိုတက်​သူက ကိုယ်​မဟုတ်​ခဲ့...။

အလုပ်​များတယ်​ဆိုတဲ့အ​ကြောင်းပြချက်​နဲ့ ချစ်​သူသက်​တမ်းတ​လျှောက်​ Dateလုပ်​ဖူးတဲ့အကြိမ်​​ရေက လက်​ချိုး​ရေရင်​​တောင်​လက်​တဖက်​မပြည့်​ ...။Keyboard​ပေါ်​ပြေးလွှား​နေခဲ့တဲ့လက်​တစုံကိုရပ်​တန့်​ပြီး သူ့မျက်​နှာ​လေးလှည့်​ကြည့်​မိ​တော့ ကိုယ့်​ကိုပြုံးပြီးကြည့်​​နေခဲ့တဲ့ က​လေး...။

အဲ့တုန်းက ကိုယ်​ရူးမိုက်​​နေခဲ့လို့မသိခဲ့တာလား...။ကိုယ့်​ကို​ငေးကြည့်​​နေခဲ့တဲ့ က​လေးရဲ့မျက်​၀န်း​တွေထဲကအဓိပ္ပါယ်​...။

"ကိုယ်​အလုပ်​​တွေရှိ​သေးတယ်​​လေကွာ..."

မျှော်​လင့်​ချက်​​အရိပ်​အ​ရောင်​​တွေပြည့်​နှက်​​နေခဲ့တဲ့မျက်​၀န်းတို့က ကိုယ့်​စကားအဆုံးမှာ ၀မ်းနည်းတဲ့အရိပ်​အ​ရောင်​​တွေဆီကူး​ပြောင်းသွားခဲ့တယ်​...။

ကိုယ့်​စကားဆိုအမြဲလိုနား​ထောင်​တက်​တဲ့ က​လေး...။အဲ့တုန်းက ၀မ်းနည်းသွားမယ်​ဆိုတာရိပ်​မိခဲ့လည်း ပွေ့ဖက်​နှစ်​သိမ့်​မ​ပေးခဲ့မိတဲ့ ကိုယ့်​ကိုယ်​ကိုအခုထိနာကျည်းလို့မဆုံး...။

ကိုယ်​မင်းအ​ပေါ်အရမ်းရက်​စက်​ခဲ့တယ်​မလား က​လေး...။







"Min Yoongi!!"

Jin hyungအနားနားကပ်​​အော်​လိုက်​​တော့မှ အတိတ်​​တွေဆီအလည်​သွား​နေခဲ့တဲ့စိတ်​​တွေ အသိစိတ်​ပြန်​၀င်​လာခဲ့​လေသည်​။

"Uh..? Hyung ဘာ​ပြောလိုက်​တာလည်း"

"​တော်​​သေးတာ​ပေါ့...ငါက မင်းအသက်​မှရှိ​သေးရဲ့လားလို့"

Hyungစကားကိုပြုံးရုံပြုံးပြလိုက်​ရင်း ​ရှေ့စားပွဲခုံ​ပေါ်က​coffeeခွက်​​လေဆီအကြည့်​​တွေပို့ထားလိုက်​သည်​...။

"မင်း Jiminနဲ့အဆက်​အသွယ်​ရှိ​သေးလားလို့​မေးတာ"

ကိုယ်​နဲ့က​လေးကလွဲလို့ဘယ်​သူမှမသိ​အောင်​ဖုံးကွယ်​ထားခဲ့တဲ့ဒီဆက်​ဆံ​ရေးမှာ jin hyungကသ​ဘောရိုးနဲ့​မေးလိုက်​​ပေမယ့်​လည်း က​လေးရဲ့နာမည်​ကိုကြားလိုက်​ရတဲ့အခိုက်​အတန့်​ ရင်​ထဲမုန်​တိုင်းငယ်​တခုယာယီတိုက်​ခတ်​သွားခဲ့တယ်​...။

"Hyung နဲ့အဆက်​အသွယ်​မရှိ​​တော့လို့လား"

အ​ဖြေမရှိတဲ့​မေးခွန်းအတွက်​ ပြန်​လည်​​မေးခွန်​ထုတ်​ခြင်းနဲ့သာ​တုံ့ပြန်​ခဲ့မိတယ်​..။

"Jiminနဲ့ငါအဆက်​အသွယ်​မရှိ​တော့တာ တနှစ်​​ကျော်​​လောက်​ရှိ​နေပြီ"

မင်းကို ကိုယ့်​တကယ်​နာကျင်​စေ​ခဲ့တယ်​ထင်​တယ်​...။အကိုအရင်းတ​ယောက်​လိုအရမ်းခင်တွယ်ခဲ့တဲ့ ​​​​​Jin hyungကိုပါ အဆက်​အသွယ်​ဖြတ်​ထားခဲ့တာလား က​လေး။

"ကျွန်​​တော်​​ရောပဲ..."

ဝမ်းနည်းမှုကိုဖုံးကွယ်​​ပြောလိုက်​တဲ့စကားတို့က ခပ်​တိုးတိုး...။

"ဒီ​ကောင်​​နေနိုင်​လိုက်​တာ ငါတို့ကို​တောင်​အဆက်​အသွယ်​မလုပ်​ဘူး"

Coffeeဆိုင်​အပြင်​ဘက်​​ငေး​မော​နေခဲ့မိတာ Hyung​ပြောတဲ့စကားတို့ကကြားတချက်​မကြားတချက်​...။





"ကျွန်​​တော့်​ကို americano တခွက်​"

မသိစိတ်​တို့ရဲ့အရူးလုပ်​ခြင်းလား...။
ဒါမှမဟုတ်​..
သတိရစိတ်​​တွေပိုလွန်းလို့ကြား​ယောင်​​နေမိတာလား...။

အသံလာရာဘက်​ဆီအကြည့်​​တွေ​စေလွှတ်​လိုက်​​တော့...





"က​လေး..."

----------------------------------------------------
Plz enjoy 💜
#HyeRa_Min

F.I.N.A.L.I.S.E || YoonMin [ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ