*F.I.N.A.L.I.S.E*

1.9K 237 37
                                    

အချိန်​​တွေကို​နောက်​ပြန်​ဆုတ်​လို့ရရင်​ က​လေးကိုမသိခဲ့တဲ့အချိန်​​တွေဆီပြန်​​ရောက်​ချင်​မိတယ်​...။

အချစ်​ဆိုတာဘာမှန်းမသိ ခံစားချက်​ကင်းမဲ့တဲ့လူတ​ယောက်​လိုရှင်​သန်​ခဲ့စဉ်​အချိန်​​တွေဆီကို​ပေါ့...။

လိုချင်​ခဲ့တာတခုထဲသိပြီး တန်​ဖိုးထားရ​ကောင်းမှန်းမသိခဲ့တဲ့ ကိုယ့်​ဘ၀ထဲကို က​လေးဝင်​​ရောက်​မလာခင်​အချိန်​​တွေဆီ...။

ကိုယ်​အတ္တကြီးလွန်းခဲ့တယ်​​နော်​...။

ဖြူစင်​လွန်းတဲ့ က​လေးရဲ့နှလုံးသားကိုပိုင်​ဆိုင်​ဖို့စတင်​​တောင်းဆိုခဲ့တာလည်း ကိုယ်​ ကိုယ်​တိုင်​ပဲ...။ တ​ဖြေး​ဖြေးအချိန်​​တွေကြာလာတဲ့အခါ က​လေးရဲ့ဂရုစိုက်​မှု​တွေကိုစိတ်​ပျက်​စရာတခုလို ထင်​လာခဲ့မိတာလည်း ကိုယ်​ ကိုယ်​တိုင်​ပဲ...။

သဘာဝတရားတခုကိုလွန်​ဆန်​​နေမှန်းသိရက်​ အရွဲ့တိုက်​​ရှေ့ဆက်​ခဲ့ပြီးမှ တဖက်​လူရဲ့နှလုံးသားကိုလွယ်​လွယ်​​ချေမွထားခဲ့မိတယ်​...။

ကိုယ်​ တကိုယ်​​ကောင်းဆန်​လွန်းခဲ့တယ်​ က​လေး...။


-----------------------------------------------------------

မိုး​ရေ​တွေတကိုယ်​လုံးစိုရွဲ​နေလည်း ​ဒီအတိုင်းကိုယ်​ဆက်​​လျှောက်​​နေခဲ့မိတယ်​...။

က​လေး​ရောအခုချိန်​ဘယ်​​နေရာမှာရှိ​နေလိမ့်​မလည်း...။

ဟုတ်​သား...ကိုယ်​​မေ့​နေတာဘဲ...။

အခုချိန်​ဆို ကိုယ်​စီစဉ်​ထား​ပေးခဲ့တဲ့ထီးတ​ချောင်း​အောက်​ ကိုယ်​မဟုတ်​တဲ့တခြားတ​ယောက်​နဲ့အတူ က​လေးရဲ့အနာဂတ်​​တွေဆီ​လျှောက်​လှမ်း​နေမှာ​ပေါ့​နော်​...။

တွေးကြည့်​ရုံနဲ့တင်​ရင်​ဘတ်​ထဲကနာကျင်​လို့လာတယ်​ က​လေး...။

ကိုယ့်​ကိုယ်​ကို​တောင်​သနားဖို့မတန်​လို့ က​လေးဆီကခွင့်​လွှတ်​မှု​တွေကို​တော့ ကိုယ်​မ​တောင်းဆိုဝံ့ဘူး...။

က​လေးက​တော့ က​လေးအ​ပေါ်ကြင်​နာတက်​တဲ့သူရဲ့လက်​ကိုဆွဲပြီး ​​ပျော်​ရွှင်​မှုအပြည့်​ရှိတဲ့အနာဂတ်​ဆီ​လျှောက်​လှမ်းပါ...။

F.I.N.A.L.I.S.E || YoonMin [ Completed ]Où les histoires vivent. Découvrez maintenant