💕Hold on to the feelings💕Ch1

7.3K 264 2
                                    

💕Hold On To The Feelings💕
Chapter /1/

ကျတော် အပြင်ကပြန်ရောက်ရောက်ချင်း P'Kit အခန်းထဲဝင်သွားလိုက်သည်.....အခန်းထဲရောက်ရောက်ချင်း....သူကျတော့်ကိုမျက်စောင်းထိုးကြည့်လိုက်တယ်....

ပြီးတော့ သူ့မျက်နှာလွှဲလိုက်ပြီး မျက်နှာကလည်း တခုခုကိုစိတ်ဆိုးနေသည့်ပုံစံဖြစ်နေသည်....
စူပုပ်ပုပ်လေးနှင့် သူ့ရဲ့စိတ်ဆိုးနေတဲ့ မျက်နှာလေးမှာ ချစ်ဖို့ကောင်းနေသည်မှာအမှန်ပဲ....ဒါပေမယ့် သူဘာဖြစ်လို့ ဒီလိုတွေဖြစ်နေလဲဆိုတာ ကျတော်တကယ်နားမလည်တော့ဘူး....

ကျတော် တံခါးဝမှတဖြည်းဖြည်းချင်း သူ့အနားကို လျှောက်သွားလိုက်ပြီး......

"P'ကကျတော့် P'နားကထွက်သွားဖို့ပြောတဲ့ တယောက်သောသူပဲ...ဟုတ်တယ် P'ကသဝန်တိုနေတဲ့ ဇနီးနဲ့တောင်တူတယ်, P'ဘာဖြစ်နေတာလဲ? " ကျတော်P'Kit ကိုအော်ပြောလိုက်မိတယ်.

"ဘယ်သူက သဝန်တိုတဲ့ ဇနီးနဲ့တူတာလဲ??ငါခုထိ မင်းကို ဘာမှတောင်မပြောရသေးဘူး" သူကျတော့်ကိုပြန်အော်ပြောလိုက်တယ်.

"ဒါဆို P'ရဲ့မျက်နှာက ဘာဖြစ်နေတာလဲ...ဒါ P'သဝန်တိုနေတယ်ဆိုတာ သိသာနေတာပဲ.... ပြီးတော့ ဘာလို့ကျတော့်နောက်ကို အစောကြီးကတည်းက လိုက်ချောင်းနေတာလဲ" ကျတော်လည်း ထပ်အော်ပြောလိုက်သည်.

"ငါ...ငါမင်းနောက်ကိုလိုက်တာမဟုတ်ဘူး...အဓိပ္ပာယ် မရှိတဲ့စကားတွေ မပြောနဲ့တော့" သူ့အသံမမာနိုင်တော့ပေ...သူ့ပုံစံကလည်းသူခိုးလူမိသွားသလိုဖြစ်သွားတယ်.

P'Kitအခုတလောကျတော့်အပေါ်...သူစိမ်းဆန်နေတယ်...ဘာလို့လဲတော့ကျတော်လဲမသိဘူး...

မနေ့ကလည်း သူကျတော့ကိုအော်တယ်....ပြီးတော့ သူ့နားကထွက်သွားဖို့လဲပြောတယ်...ကြည့်ရတာ သူ့စိတ်ထဲမှာကျတော်သူ့ကိုအရမ်းတွယ်ကပ်နေတယ်လို့ထင်နေတာဖြစ်မယ်....တကယ်ပဲကျတော်လည်း အဲ့လိုဖြစ်နေနိုင်ပါတယ်....

ဒါပေမယ့် သူအရင်က ကျတော့်ကို ဒီလိုတကယ်မအော်ဖူးဘူး...
သူ့အနားမှာကျတော်ရှိနေတာကို သူမကြိုက်ဘူး ဆိုတာအခုကျတော်နားလည်သွားပါပြီ.... ဒါကြောင့် ကျတော်လည်း သူ့နားကထွက်သွားဖို့ ကြိုးစားခဲ့တယ်...

💕Hold on to the feelings💕(Completed)Donde viven las historias. Descúbrelo ahora