💕Hold on to the feelings💕
Chapter /9/အချစ်ထက်အင်အားကြီးတာ...ဘာမှမရှိဘူးလို့ပြောကြတယ်....အချစ်ကအင်အားကြီးပေမယ့်....အဲ့အချစ်ကပဲလူတွေကိုနာကျင်စေတာ....
အခုဆိုP'Kitထွက်သွားတာ...တစ်လတောင်ရှိသွားပြီ...ကျတော်တရက်ကလေးမှသူ့ကိုမလွမ်းတာမရှိဘူး....ဒါပေမယ့်လည်းသူပြန်လာမှာမှမဟုတ်တာ...ကျတော်တကယ်စိုးရိမ်တယ်...သူအဆင်ပြေရဲ့လား?...
"ဟေး...Ming..."Yoလာပြီးကျတော့်ဘေးထိုင်လိုက်တယ်....
ကျတော်အခုကျောင်းမှာလေ...ကျတော်တို့အတန်းတွေပြန်စနေပြီလေ..."P'Kitပြန်ရောက်တာ...မင်းသိပြီးပြီလား?...P'Phaငါ့ကိုပြောတယ်...သူတို့မနေ့ညကလေဆိပ်မှာP'Kitကိုသွားကြိုတာတဲ့...."သူကျတော့်ကိုပြောတယ်
"အို.....ဘာ...ဘာ...တကယ်လား?..."ကျတော်သူ့ကိုအလန့်တကြားမေးလိုက်တယ်....
Yoဘာမှပြန်မပြောပဲကျတော့်ကိုကြည့်နေတယ်...
"မင်းဘာလို့ငါ့ကိုစောစောမပြောတာလဲ"ကျတော်ထပ်မေးလိုက်တယ်....
"အေး...ငါမင်းကိုမနက်မှပြောမလို့ပဲလေ..."သူပြန်ပြောတယ်....."အေး...အေး...ငါအခုသွားတော့မယ်..."ကျတော်ပြောပြီး....ကားပေါ်တက်ပြီးအဆောင်ဘက်ကိုမောင်းသွားတယ်...
"Ai..Ming..အတန်းစတော့မယ်လေ...မင်းဘယ်သွားမလို့လဲ?..."Yoအော်ပြောတယ်...
ကျတော်အတန်းတွေဘာတွေလဲဂရုမစိုက်တော့ဘူး....ကျတော်အရင်ဆုံးP'Kitကိုပဲမြင်ချင်တယ်...ကျတော်သူ့ကိုအရမ်းလွမ်းနေတာ....
ကျတော်သူ့အခန်းရှေ့ကိုရောက်တော့....တံခါးခေါက်တော့...သူတံခါးဖွင့်ပေးတယ်...ပြီးတော့ကျတော်တို့မျက်နှာချင်းဆိုင်တွေ့ကြတယ်...သူ့လက်ထဲမှာအခန်းထဲကအမှိုက်ပုံးလေး...ကိုင်ထားတယ်...ကြည့်ရတာအမှိုက်ပစ်မလို့ထင်တယ်...
သူကျတော့်ကိုသူ့ရှေ့မှာမြင်လိုက်ရတော့...သူလန့်သွားပုံပဲ....ကျတော်သူ့ကိုမြင်မြင်ချင်းလှမ်းဖက်လိုက်တယ်....ကျတော်သူ့ကိုထပ်တွေ့ရတာ...တကယ်ပျော်တယ်...ဒါပေမယ့်သူကျတော့်ကိုပြန်မဖက်ဘူး...အဲ့ဒါနဲ့.....ကျတော်လည်း...ခွာလိုက်တယ်....
KAMU SEDANG MEMBACA
💕Hold on to the feelings💕(Completed)
Fiksi PenggemarWattpad က Author barry_bty ရဲ့ Ficလေးကို Author ရဲ့ခွင့်ပြုချက်နဲ့ Translated လုပ်ထားတာပါ😊😊 💕Hold On To The Feelings💕 လူတွေရဲ့ ခံစားချက်တွေက ပြောင်းလဲတတ်တယ် ငါတို့နှယောက်ရဲ့ ခံစားချက်တွေကကော တနေ့မှာ ပြောင်းလဲသွားမှာလား?? ဒါဆိုငါတို့နှစ်ယောက်က ဝေ...