💕Hold on to the feelings💕 Ch8

1.9K 126 3
                                    

💕Hold on to the feelings💕
Chapter /8/

ကျတော့်ခေါင်းတွေအရမ်းနာနေတယ်.....
ကျတော်အဲ့လောက်နာတာကိုသည်းမခံနိုင်တော့ဘူး...ကျတော်အခုကစပြီးမသောက်တော့မှဖြစ်မယ်ထင်တယ်...
ကျတော်ခေါင်းကိုလက်နှစ်ဖက်နဲ့ထုပြီး...ကျတော်မျက်လုံးဖွင့်ကြည့်လိုက်တယ်...

ဒါ...ဒါဘာလဲ?...ဒါP'Kitအခန်းမဟုတ်လား?...ငါဘာလို့ဒီရောက်နေတာလဲ?....ငါဘယ်လိုလုပ်ပြန်ရောက်တာလဲ?...မနေ့ညကတကယ်ပဲဘာတွေဖြစ်ခဲ့ကြတာလဲ?...

ကျတော်ကြည့်လိုက်တော့....ကုတင်ခြေရင်းမှာထိုင်ပြီး.....မျက်နှာကိုလက်နှစ်ဖက်နဲ့ဖုံးထားတဲ့...P'Kitကိုတွေ့လိုက်တယ်

ကျတော်အိပ်ရာထဲကထပြီး...ကျတော်သူ့ကိုခေါ်ဖို့လည်ချောင်းကိုရှင်းလိုက်တယ်....

"Ermm...."

အဲ့အချိန်သူကျတော့်ကိုကြည့်လိုက်တယ်...ကျတော်သူ့မျက်နှာကိုမြင်မြင်ချင်းပဲ...ကျတော့်ရင်ထဲကနာလာတယ်...

သူ့မျက်လုံးတွေကနီရဲပြီး...သူငိုထားတာပဲ...သူ့ဆံပင်တွေကလဲရှုပ်ပွနေတယ်...ပြီးတော့သူ့ပါးပြင်မှာလဲ...မျက်ရည်စက်လေးတွေတွေ့လိုက်တယ်...သူပုံစံကတကယ်ကိုအားနည်းနေတာပဲ...

သူဘာလို့ငိုတာလဲဆိုတာကျတော်တကယ်သိချင်တယ်?...ကျတော်မူးနေတဲ့အချိန်မှာ...ကျတော်သူ့ကိုထပ်ပြီးနာကျင်အောင်လုပ်လိုက်ပြန်တာလား?...ကျတော်မှတ်မိအောင်စဉ်းစားလိုက်တယ်...

အဲ့အချိန်...ကျတော်မနေ့ကအကြောင်းတချို့ကိုပြန်မြင်ယောင်လာတယ်...

'ရန်ဖြစ်ကြတယ်....ကျတော်မိန်းမပျက်တယောက်နဲ့အိပ်နေတယ်'

သူတွေ့သွားတာလား?.....
ကျတော့်နှလုံးခုန်သံတွေအရမ်းမြန်လာတယ်...
သူဘာကိုတွေ့သွားတာလဲ?....
သူကျတော့်ကိုလမ်းခွဲတော့မှာလား?...
ကျတော်တို့အဆုံးသတ်သွားကြပြီလား?...

ကျတော်အားလုံးကိုတွေးနေမိတယ်....

ကျတော်ဒီအခြေနေမှာ...သူ့ကိုဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ...ကျတော်ဘယ်ကစပြောရမလဲမသိတော့ဘူး...ကျတော်တို့ညကရန်ဖြစ်ကြတယ်...သူကျတော့်ကိုစကားပြောချင်ရင်ကျတော်ဘာပြောရမှာလဲ....ကျတော်သူ့ကိုဘယ်လိုစပြောရမှာလဲ...ကျတော်တကယ်မသိတော့ဘူး...အဲ့ဒါကြောင့်သူစပြောမှာကိုပဲစောင့်နေလိုက်တယ်...

💕Hold on to the feelings💕(Completed)Onde histórias criam vida. Descubra agora