💕Hold on to the feelings💕Ch11 (Final)

4.1K 189 3
                                    

💕Hold on to the feelings💕
Chapter /11/ Final Part😘

ကျတော်ဂီတာလေးကိုင်ပြီးသူ့အတွက်...Hunter Hayesရဲ့ Wanted သီချင်းလေးကို ဂီတာလေးတီးပြီး ဆိုလိုက်တယ်.....

ဒီလိုနဲ့ကျတော်....သီချင်းဆိုပြီးတော့...ဂီတာကိုသူ့နေရာသူပြန်ထားလိုက်တယ်....

ပြီးတော့ကျတော်...စားပွဲအံဆွဲထဲက...တခုခုယူလိုက်တယ်....ပြီးတော့P'Kitထိုင်နေတဲ့နေရာဆီပြန်လာတယ်....

"မင်းအသံတော်တော်နားထောင်လို့ကောင်းတယ်"သူပါးချိုင့်ကြီးပေါ်အောင်...ပြုံးပြီးပြောလိုက်တယ်..

ကျတော်လည်းပြန်ပြုံးပြီး....သူ့ဘေးနားသွားထိုင်လိုက်တယ်...

ကျတော်အဖြူရောင်ဗူးသေးသေးလေးကို....သူ့ကိုပေးလိုက်တယ်.....

"P'....ကျတော်ဒါကို...ကျတော်တို့ပြန်အဆင်ပြေကတည်းကပေးချင်နေခဲ့တာ...အခုP'ကိုပေးတော့မယ်..."ကျတော်ပြောလိုက်တယ်...

သူဗူးကိုဖွင့်ကြည့်လိုက်တယ်...ပြီးတောဗူးထဲကကတိလက်စွပ်နှစ်ကွင်းကိုတွေ့ပြီး...သူပြုံးလိုက်တယ်..

"P'ကြိုက်လား...ကျတော်တို့ဒီလိုမျိုးတွေကိုdramaထဲမှာအများကြီးတွေ့ခဲ့ဖူးတယ်...ဒီနေ့ကျတော်လည်းအခုP'ကိုကတိအများကြီးပေးချင်တယ်...ဒါပေမယ့်ဒါတွေကdramaတွေထဲကစကားတွေမဟုတ်ဘူးနော်...ဒါတွေကကျတော့်ရင်ထဲကတကယ်....ကတိစကားတွေပါP'...ကျတော့်ကတိတွေကို....ကျတော်သေသည်ထိထိန်းသိမ်းသွားမှာပါ...."ကျတော်သူ့လက်လေးကိုဆုပ်ကိုင်ပြီးပြောလိုက်တယ်..

"P'Kit,ကျတော်ကတိပေးပါတယ်.....ကျတော်P'ကိုထပ်ပြီးနာကျင်ခံစားရအောင်မလုပ်မိအောင်ကြိုးစားပါ့မယ်...
ကျတော်ကတိပေးပါတယ်...ကျတော်အမြဲတမ်းP'ကိုဂရုစိုက်ပါ့မယ်...
ကျတော်ကတိပေးပါတယ်....ဘယ်ချိန်ပဲဖြစ်ဖြစ်P'လိုအပ်တဲ့အချိန်တိုင်း...ကျတော်P'ဘေးမှာရှိနေမှာပါ.....
ကျတော်ကတိပေးပါတယ်....ကျတော်တို့ရဲ့ပျောရွှင်မှု,ဝမ်းနည်းမှုတွေကို...အတူမျှဝေခံစားပါမယ်လို့...
ကျတော်ကတိပေးပါတယ်....ကျတော်P'ကိုဘာလျှို့ဝှက်ချက်မှမထားပါဘူး...ပြီးတော့နောက်ဆုံးအနေနဲ့....
ကျတော်ကတိပေးပါတယ်....P'ကလွဲပြီးဘယ်သူ့ကိိုမှလက်မထပ်ပါဘူး..."

💕Hold on to the feelings💕(Completed)Donde viven las historias. Descúbrelo ahora