Part 25 🍃

9.1K 942 87
                                    

မြစ်ရေပြင်ကို ဖြတ်ကာ တိုက်ခတ်လာတဲ့လေတွေသာ လေးလံနေတဲ့စိတ်တွေကို သယ်ဆောင် သွားနိုင်ရင်ကောင်းမယ် ..
ရှေ့မှာ လှပတဲ့မြင်ကွင်းကိုထားပြီး စိတ်ရှုပ်မနေသင့်ဘူး ...
တစ်ခါလောက် လှပတဲ့မြင်ကွင်းလေးကို သူနဲ့အတူ ဖြတ်သန်းနေရတယ် လို့ တွေးပြီး စိတ်ကူးယဉ်လိုက်မယ်...
ဟော... ကျွန်တော် စိတ်တွေ အနည်းအကျဉ်းတော့ ပေါ့ပါးသွားတယ် ☺.....

ဘေးနားက Sehun ဆီက တစ်ခါတစ်လေ သက်ပြင်းချသံ ကြားရလို့ ကြည့်လိုက်ရင် အတွေးထဲ မျောနေတဲ့ပုံ....
ပြောစရာရှိတယ်ဆိုပြီး ချိန်းလိုက်လို့ ရောက်လာပေမယ့် အခုအထိ စကားတစ်ခွန်းမှ မဟသေး....

" Baek Hyun na ~~~ "

" hmm ?? "

" လူတစ်ယောက်ကို ချစ်ရတာ အဲ့လောက်ပင်ပန်းလားကွာ ?? "

ကျွန်တော်ပြုံးမိသည်....
ဘယ်လိုကြောင့် ပြုံးမိခဲ့ပါလိမ့် ...

" 😌.. ဘာလဲ မင်း Luhan Hyung ကိုချစ်ရတာ ပင်ပန်းလို့လား ?? "

"ဟင်းးး မဟုတ်ဘူးကွ ~~ သူ့အနားမှာ ရှိလာတော့မှ ငါသေချာသိလာတာက ငါသူ့ကို အရမ်းချစ်တယ်ဆိုတာ....
ဒါပေမယ့် ငါ့အပေါ်ရိုးသားလွန်းနေတဲ့ သူ့ကြောင့် ငါ့ကိုငါ မလုံမလဲ ဖြစ်မိတယ်.... သူ့အပြုံးတွေထဲမှာ ငါ့နှလုံးသားက ရစရာမရှိအောင် အရည်ပျော်ကျနေပြီ..... သူ့ကိုမတွေ့ရတဲ့နေ့တွေဆို ဘယ်လိုမှ နေလို့မရဘူး .... ဟူးး 😥....
တစ်ခါတစ်ခါ တွေးမိတယ် သူ့ကိုသာ လက်လွှတ်လိုက်ရင် သေသွားမလားပဲ "
" ငါ့ကောင်ရာ .. ဒါဆိုလည်း ဖွင့်ပြောလိုက်ပေါ့ ... "

" ဖွင့်ပြောတိုင်းမကောင်းဘူးကွ ဒီအချိန်ကလုံးဝမသင့်တော်သေးဘူး..
ဖွင့်သာပြောလိုက်ရင် မုန်းသွားမလားပဲ 😅😅😅 "

"ဒါဆိုလည်း အချိန်အတိုင်းအတာ တစ်ခုထိစောင့်ပေါ့ကွာ .. "

" အင်း ..ငါ့ခံစားချက်တွေကို သူရိပ်မိလာတဲ့အခါမှ ဖွင့်ပြောလိုက်မယ်..  တစ်နှစ်ဆိုလည်း စောင့်မယ် နှစ်နှစ်ဆိုလည်း စောင့်မယ် ... သူ ငါ့ကို လက်ခံလာမယ့်အချိန်ထိ စောင့်မယ် ... ဟား ဟား Baek Hyun na  ငါ့ကို ရူးနေပြီလို့မထင်ဘူးလား  😂😂 "

ရှက်ရယ် ရယ်နေတဲ့ Sehun ကိုကြည့်ရင်း ကျွန်တော်ပြုံးမိပြန်သည်..
လူတိုင်း အချစ်နဲ့တွေ့ရင် ရူးသွပ်သွားကြတာပါပဲ Sehun ရာ..
ငါပါအပါအဝင်ပေါ့....

I'M Chilli 😏Where stories live. Discover now