Part 15

9.3K 883 42
                                    

"ကျွန်တော် ခင်ဗျားကို ..... 😣😣 သဘောကျနေပြီထင်တယ် 😢😢 "

တုန့်ပြန်မှုကို သူ့မျက်ဝန်းတွေဆီမှာအဖြေရှာတော့ အံ့အားသင့်မှုတွေသာ မြင်တွေ့နေရသည်..

Arshii ... 😣😣
မပြောသင့်ဘူးကွာ ခုတော့ ....

" ကျွန်တော်သိတာက ကျွန်တော် ခင်ဗျားကို သဘောမကျဘူး ... ဒါပေမယ့် ခင်ဗျား အနားရောက်လာရင် ဒီထဲကကောင်က မတရား ခုန်လာတယ် 😖😖 .. Jong Dae ပြောတာတော့ ကျွန်တော့မသိစိတ်က ခင်ဗျားကို သဘောကျနေပြီတဲ့ ... 😣 မဖြစ်နိုင်တဲ့ကိစ္စပဲ ... .. သေချာတာက ကျွန်တော်က ယောကျာ်း တစ်ယောက် .. ပြီးတော့ ခင်ဗျားကို သဘောမကျဘူးဆိုတာပဲ 😫😫 "

စိတ်ထဲမှာရှိသမျှ ချန်မထားပဲ ပြောပစ်လိုက်ပြီးတဲ့ နောက်မှ မျက်နှာတွေပူလာတယ်...

ခေါင်းပေါ်ကျလာသည့် ခပ်လေးလေးအရာကြောင့် မော့ကြည့်လိုက်တော့
သူကပြုံးရင်း ကျွန်တော့ခေါင်းက ဆံပင်တွေကို ဖွလိုက်သည်..

" ဟုတ်တာပေါ့ .. မင်းက ငါ့ကို သဘောကျတယ်ဆိုတာ မဖြစ်မှ မဖြစ်နိုင်တာ .. မင်း သူငယ်ချင်း Jong Dae ဆေးထိုးလိုက်ပြန်ပြီထင်တယ် 😂😂 "

ပြုံးရယ်နေတဲ့ သူ့ကြောင့် ကျွန်တော်ပါ ရောပါပြီး လိုက်ရယ်မိသည်..

" ဟုတ်တယ် အဲ့ကောင်က ဆေးအရမ်းထိုးတာ 😂 .. "

ကျွန်တော်တို့နှစ်ယောက်ကြား တိတ်ဆိတ်မှု အသားကျသွားပြန်တော့ ..

" အိပ်တော့လေ .. မနက်ကျောင်းသွားရဦးမယ်မလား ?? "

" Nae.. ဒါဆို ကောင်းသောညပါ "

ခါးလေးအမြန်ကိုင်း နှုတ်ဆက်ပြီး ကျွန်တော့် အခန်း ရှိရာဆီ ပြေးဝင်ဖို့ ကြံရွယ်ပြီးမှ..

" ဟိုလေ... ခုန ကျွန်တော်ပြောတဲ့ဟာကို မပြောခဲ့ဘူးလို့ပဲ မှတ်လိုက်ပါ.. "

မျက်နှာချင်းဆိုင်က သူ့အခန်းတံခါးကို ဖွင့်နေစဉ်မှာပဲ ကျွန်တော့ စကားကြောင့် လှည့်ကြည့်ပြီး...

" အေးပါ... 😊 "

Arshii 😣😣😣😣 ...

သူတစ်ကယ် စိတ်ထဲမထားလောက်ပါဘူးနော် 😖😖😖..
တောက် !! Byun Baek Hyun ရာ တစ်ခုခုဆို အောင့်မထားတတ်တဲ့ မင်းသောက်ကျင့်ကြီး ပြင်သင့်ပြီ.. 😣😣😣

I'M Chilli 😏Donde viven las historias. Descúbrelo ahora