EXTRA ( Special 🤑)

12.9K 816 34
                                    

" အ.. Channie .. 😖😖 "

ရုန်းကန်ရင်း လွတ်မြောက်အောင် ကြိုးစားမိပေမယ့် ကိုယ် ကိုယ်တိုင် ရုန်းမထွက်နိုင်ခဲ့ ...

လည်ပင်းသားပေါ် စုန်ဆန်ချီ ပြေးလွှားနေသည့် နှုတ်ခမ်းပါး တစ်စုံကြောင့် ရူးမတတ်ခံစားနေရသည်..

" Chan.. Channie.. and.. andwell.. တော်.. တော်ပါတော့ "

တလှပ်လှပ် တုန်ရီနေသည့် နှလုံးသားကို အစွမ်းကုန် ထိန်းချုပ်ရင်း
ပြောလိုက်တော့ ထိတွေ့မှုတို့ ရပ်တန့်သွားသည်...

" Mi .. Miyan.. Hyunee ..ကိုယ်.. ကိုယ် တောင်းပန်ပါတယ် "

အုပ်မိုးထားသည့် ခန္ဓာကိုယ်အောက်မှ လွတ်မြောက်သွားသည့်အခါ ဘေးနားက စောင်ကို မျက်နှာတစ်ဝက်ဖုံးသည်အထိ ခြုံထားလိုက်ပြီးနောက် ကျောခိုင်းကာ ထွက်သွားသည့် သူ့ကို ငေးကြည့်နေမိသည်...

၂ နှစ် ..

နှစ်ဖက် မိဘတွေ ကန့်ကွက်ခဲ့သည့် ကြားက ကျွန်တော်တို့ နှစ်ယောက် ရအောင် လက်ထပ်ဖြစ်ခဲ့ကြတယ်..

ခမ်းခမ်းနားနား မင်္ဂလာပွဲ မကျင်းပနိုင် ခဲ့ပေမယ့် ဘုရားကျောင်းလေးထဲမှာ အသိမိတ်ဆွေအချို့နဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ လက်ထပ်ခြင်း မည်သော ပွဲလေး ကျင်းပခဲ့ကြတယ်...

ချစ်ခြင်းမေတ္တာသည်သာ အဓိကဟု ခံယူထားသည့် ကျွန်တော်က အသွေးအသားပေါင်းစပ်မှုကို ငြင်းဆိုတဲ့အခါမှာ တုန့်ဆိုင်းခြင်းမရှိ သူကလည်း လက်ခံပေးခဲ့သည်..

အခု ~~~
ဘယ်လိုအကြောင်းကြောင့် ထူးဆန်းနေရတာလဲ ??

တစ်ခုခု ဖြစ်လာခဲ့လို့ထင်ပါရဲ့ ..

" မင်းတော့သွားပြီ !! "

"ဟမ် ?? 😮 ငါ ဘယ်ကို သွားလို့လဲ ?? "

ရင်ထဲမှာ ခံစားရသမျှ အကုန် ဖွင့်ချသည့်အခါ Jong Dae ဆီက အူကြောင်ကြောင် စကားထွက်လာသည်...

" သွားတာပေါ့ကွ ဟင်းး 😧 Byun Baek Hyun မင်းကလေ မလိုတဲ့ နေရာကျ ဦးနှောက်ပြေးသလောက် လိုတဲ့အချိန်ကျ တုံးတာ နှစ်ယောက်မရှိဘူး "

စိတ်ပျက်စွာ ညည်းညူနေသည့် Jong Dae ကြောင့် ခေါင်းငုံ့လျက်သာ နေမိသည်...

You've reached the end of published parts.

⏰ Last updated: Nov 25, 2017 ⏰

Add this story to your Library to get notified about new parts!

I'M Chilli 😏Where stories live. Discover now