သိပ်ဟုတ်တာပေါ့
ငါကိုယ်တိုင်က ချစ် မိ နေ မှတော့
အနွံတာခံရတော့မှာပေါ့လေ။
သူ့အချစ်က ကိုယ့်လောက်မှသက်တမ်းမရှည်တာလေ။______________H E A R T L E S S (၂)
"အ ပိုင်း [ နှစ် ]"
ကိုယ့်အိမ်ကို သူ့အိမ်သူ့ယာလို သဘောထားကာ
TVရှေ့ မုန့်ထုပ်ပေါင်းများစွာနဲ့ ဆူအွန်း တယောက်
ဇိမ်ကျနေသည်။ လက်တဖက်က မုန့်ထုပ်ထဲက မုန့်
ကိုနှိုက် ပါးစပ်ထဲ ထည့်ကာ အအားမလပ် တရစပ်
စားနေသလို မျက်လုံးတွေကလဲ တီဗီဖန်သားပြင်
က မခွာ။ တကြွပ်ကြွပ် နှင့် အသံပေါင်းစုံ ထွက်ကာ
တချက်တချက် နှာခေါင်းရှုံ့ သံ ကြားနေရတာမို့
ဇာတ်ကားကြည့်နေရင်း အငိုသန်မလေးက ငိုနေပြန်
ပါပြီ။"ကြည့်........ငိုနေပြန်ပြီ နင်ကသာ ငိုနေတာ
ခုချိန်ဆို အဲ့မင်းသား မင်းသမီးတွေက ရယ်နေကြမှာ"ဆူအွန်း လက်ထဲက မုန့်ထုပ်ကို ဆွဲယူကာ သူအနား
မှာဝင်ထိုင်လိုက်တော့ ဆူအွန်းက မျက်နှာတခုလုံး
နီရဲကာ ရှိုက်သံတွေပါ ထွက်လာလို့။"ရင်ဘတ်နဲ့ခံစားတာဟဲ့...............ကြည့်ဦး
မင်းသမီးက နောက်ဆုံး သေသွားတာတောင်
သူ့နှလုံးသားက မင်းသားအတွက် ခုန်နေဦးမှာ
ပါတဲ့ .......ဟင့် ဟင့် "ပြောရင်းလဲငို နေပြန်တဲ့ ဆူအွန်း ပုံစံက ချစ်ဖို့ကောင်း
နေပြန်သည်။ မျက်ရည်ပေါက်ကြီးငယ်ကျကာ
လက်နှစ်ဖက်နဲ့ ဘယ်ညာပွတ်ဆွဲသုတ်ကာ ဆယ်ဟွန်း
လက်မောင်းကို ဖြန်း ခနဲမြည်အောင် ရိုက်ချပစ်လိုက်
သည်။"ဘာလဲ..........အငိုသန်မလေး
နာတယ်လေ သူ့အသားမဟုတ်တိုင်း.......""နင်သိလား.....ငါလဲလေ မတော်တဆ
သေရမယ်ဆိုရင်တောင် ငါ့နုလုံးသားက နင့်
အတွက် ဆက်ခုန်နေဦးမှာပဲ ......"တရှုံ့ ရှုံ့ နဲ့ နှာခေါင်းတွေ နီရဲလာတဲ့ အထိ ငိုထားတဲ့
ဆူအွန်း ကို ရင်ခွင်ထဲ ဆွဲသွင်းကာ ဆယ်ဟွန်းချော့
ရတော့သည်။ ဇာတ်လမ်းတခု ကြည့်ပြီဆို ခံစားတတ်
တဲ့ ကလေးအကျင့်တွေက ဆူအွန်း မှာ ရှိနေတတ်တုန်း။
ထစ်ခနဲဆို မင်းသမီး ငိုရင် လိုက်ငိုမယ်၊ မင်းသား
နဲ့မင်းသမီး မပေါင်းရရင် ငိုမယ်၊ ငိုလိုက်ရမှ ကျေနပ်
တတ်တဲ့ အငိုသန်မလေး။
YOU ARE READING
HEARTLESS
Fanfictionငါ ကိုယ် တိုင် က ချစ် ခဲ့ မိ နေ မှ တော့ အ နွံ တာ တွေ ခံ ရ တော့ မှာ ပေါ့ ။ သူ့ အ ချစ် ဆို တာ က ကိုယ့် လောက် မှ သက် တမ်း မ ရှည် တာ လေ ။ SEXIU ✔ Sehun♥ Xiumin By DeerbaoziChenlay997♡