[ အ ပိုင်း (၃ ) ]

3.2K 441 25
                                    


သိပ်​ဟုတ်​တာ​ပေါ့
ငါကိုယ်​တိုင်​က ချစ်​ မိ နေမှ​တော့
အနွံတာခံရ​တော့မှာ​ပေါ့​လေ။
သူ့အချစ်​​တွေက

ကိုယ့်​လောက်​မှသက်​တမ်းမရှည်​တာ​လေ။

________________H E A R T L E S S(၃ )

" ပိုင်း [ သုံး ] "

လေး နှစ်​ ခန့်​ ကြာ ​သော်

ကိုးရီးယား​မြေ​ပေါ် ​ပြန်လည်​​ခြေ​ချမိချိန်​ ကျွန်​​တော်
အသက်​ ၂၄နှစ်​ ဖြစ်​လာခဲ့ပြီ ။ ရင့်​ကျက်​မှု​တွေကို
ရင်​ဝယ်​ပိုက်​ပြီး ပြန်​လာခဲ့​ပေမဲ့ ဆူအွန်း အ​ပေါ်ထား
တဲ့ အချစ်​​တွေက​တော့ မရင့်​ကျက်​​သေးဘူးလို့သာ
ခေါင်းစဉ်​တပ်​ရမည်​ ။ အချိန်​တိုင်းမှာ သတိရစိတ်
တွေနဲ့ ​လေးနှစ်​တာ ကာလကို ဖြတ်​သန်းခဲ့ရသည်​။

ကိုးရီးယား​ရဲ့ ​မြေသင်းံရနံ့ နဲ့အတူ ဆူအွန်း ကို သတိရ
မိပြန်​သည်​။ ဆူအွန်းသာ ရှိ​နေခဲ့ရင်​ ကိုယ်​တို့လက်​ထပ်
ပြီး​နေပြီမှာ ​သေချာသည်​။

"
......ဆယ်ဟွန်း ____​​မိုက်​တယ်​ကွာ
ခြောက်​နှစ်​တာအတွင်းမှာ မင်းအရမ်း​ပြောင်း
လဲသွားတာ ဝမ်းသာတယ်​ "

ပတ်​ချန်း​ယော က သူ့ပုခုံးကို သိုင်းဖက်​ကာ
အရင်​လို ​မြှောက်​ကြွကြွစကားလုံး​တွေနဲ့ ချီးကျူး
ဆဲပါပဲ။ မ​တွေ့တာ ကြာပြီဖြစ်​တဲ့ သူငယ်​ချင်းနဲု့ပြန်
တွေ့ရတာ စိတ်​ထဲ ကြည်​နူးစရာ​ကောင်းသည်​လို့
ဆိုရမလား။

"ဆို​တော့ကာ ......မင်း အ​ဖေရဲ့ ကုမ္ပဏီကို
လက်​လွှဲတာဝန်​ယူ​တော့မယ်​​ပေါ့ "

အသက်​အရွယ်​ကစကား​ပြောလာပြီမို့ ​ဖေ​ဖေရဲ့လုပ်
ငန်း​တွေကို တာဝန်​ယူချိန်​ ​ရောက်​လာခဲ့ပြီ။
တချိန်​တုန်းက ဆူအွန်း​ပြောခဲ့တာ​လေး အမှတ်​ရမိပါရဲ့။

"ချန်း​ယောရာ ....ငါ ဆူအွန်း ကို သတိရတယ်​"

ပြော​နေတဲ့စကားနဲ့မဆိုင်​​သော စကားကိုဆိုမိချိန်
ချန်း​ယော မျက်​နှာလဲမ​ကောင်း။ လီဆူအွန်းဆိုတဲ့
ဂျလည်​မ​လေးကို သတိရလွန်းလို့ ရူးမတတ်​ပါပဲ။

HEARTLESSWaar verhalen tot leven komen. Ontdek het nu