သည်ကနေ့က ကျောင်းတက်ရက်ဖြစ်နေပေမဲ့ မနက်
ပိုင်းထဲက ကိုယ်လေးနည်းနည်းနွေးနေသည်ကိုအ
ကြောင်းပြလို့ ကျောင်းမတက်ဖြစ် ။ အရင်နေ့တွေဆို
ကျောင်းပို့ကျောင်းကြိုလုပ်တတ်တဲ့ ဟိုလူကြီးကသည်
ကနေ့မှရောက်မလာခဲ့ ။သည်အတိုင်းပါပဲ ကိုယ်နေမကောင်းတာကိုထိုလူကြီး
အားသိစေချင်မိရုံလေး။ပျင်းပျင်းရှိတာနဲ့ ဖုန်းနဲ့ဂိမ်းထိုင်ဆော့နေသည်ကလွန်
ခဲ့တဲ့နှစ်နာရီလောက်ထဲကမို့မျက်လုံးတွေလဲညောင်းလှ
ပြီမို့ ဖုန်းကိုလက်ကချရတော့သည် ။ အခန်းပြင်ကိုထွက်
လာလိုက်တော့ ခြင်းတလုံးနဲ့အလုပ်ရှုပ်နေတဲ့မွေးမိခင်
နှင့်တန်းတိုးသည် ။ အရင်ဆို အခုချိန်လောက်ဆို
တီဗွီရှေ့ရောက်နေသူကအခုတော့ ခြင်းတလုံးကိုလက်
ကဆွဲလို့မီးဖိုခန်းထက်ဝင်သွားပြန်သည် ။"မေမေ !! ဘာတွေလုပ်နေတာလဲ
မျက်စိတွေကိုနောက်လို့"မွေးမေမေက အလုပ်ရှုပ်နေသည့်ကြားကနေသူ့ကို
မျက်စောင်းလှမ်းထိုးလိုက်သေးသည်။ ဟင်းဘူးတွေ
ကိုခြင်းထဲဂရုတစိုက်ထည့်နေပုံအရ ဘယ်ကိုများသွား
ပို့ရမှာမို့လို့လဲ။ စဉ်းစားကြည့်ရင်လဲ ထိုဟင်းဘူးတွေ
သွားပို့စရာတနေရာမှမရှိ။ရှိတာမှမိသားစုဝင်သုံး
ယောက်ထဲလေ။"ကဲ ရော့!! အမ့သားမက်လေးဆီသွားပို့ပေး
သူကြိုက်တာလေးတွေချည်းပဲချက်ထားတာ"သောက်လက်စရေတောင်ပါးစပ်ထဲကပြန်မထွက်လာ
အောင်မနည်းကြိုးစားလိုက်ရသည်။ မေမေတို့များ
သားမက်ဆိုတာကြီးကိုပါးစပ်ဖျားကကိုမချဘူး။ကိုယ့်
သားလေးတယောက်လုံးဖျားနေတာကိုကျဂရုမစိုက်
ဘဲမတော်ရသေးတဲ့သားမက်ကိုချစ်နေလိုက်တာ။
နေစမ်းပါဦး!! အဲ့လူကြီးကိုသားမက်လို့ခေါ်ရအောင်
ကျွန်တော်က ဘာလဲ??
YOU ARE READING
HEARTLESS
Fanfictionငါ ကိုယ် တိုင် က ချစ် ခဲ့ မိ နေ မှ တော့ အ နွံ တာ တွေ ခံ ရ တော့ မှာ ပေါ့ ။ သူ့ အ ချစ် ဆို တာ က ကိုယ့် လောက် မှ သက် တမ်း မ ရှည် တာ လေ ။ SEXIU ✔ Sehun♥ Xiumin By DeerbaoziChenlay997♡