ဆူအွန်းရဲ့ နှလုံးသား မဟုတ်ခဲ့ဘူးတဲ့လား .!!
လက်ထဲကဖုန်းကာလွတ်ကျမတတ် ၊ ထိတ်လန့်မှု
မယုံကြည်နိုင်မှု ၊ အံ့အားသင့်မှုတွေနဲ့ခေါင်းတခုလုံး
ချာချာလည်သွားမတတ် ၊ ကားကိုကျောမှီလိုက်ကာ
ယိုင်လဲသွားတော့မည်ခန္ဓာကိုယ်ကိုထိန်းထားလိုက်
ရသည် ။ တဖက်က ချန်းယောလ်ကလဲ ဖုန်းမချသေး။" တ တကယ်လား ချန်းယောလ်"
မယုံကြည်နိုင်စွာနောက်တခေါက်ထပ်မေးမိသည်။
လှိုက်ဖိုနေသောရင် ၊ တုန်ရီနေသောလက်အစုံတို့၊
မမှန်တော့သောအသက်ရှူသံတွေကြားဆယ်ဟွန်း
တယောက်အခြေအနေသိပ်မဟန်နိုင်တော့ ။
ကြောက်လန့်သွားတာလား ? အံ့အားသင့်သွားတာ
လား ?ပေါ့ပါးသွားတာလား ? "လား"ပေါင်းများစွာ
သောမေးခွန်းတွေနဲ့ခေါင်းတခုလုံးချာချာလည်နေ
လေပြီ ။"သေချာတယ် ဆယ်ဟွန်း ! မင်ဆော့ကိုနှလုံးအစား
ထိုးကုသပေးတဲ့ဒေါက်တာကြီးက ငါ့အသိရဲ့အဖေ
ဖြစ်နေတာကွ ! သူက မင်ဆော့နဲ့သိတယ်တဲ့
စကားစပ်မိရင်းနဲ့ငါလဲမေးကြည့်မိလိုက်တာ !
လူမှားနေတယ် ဆယ်ဟွန်း ၊ မင်ဆော့ကိုနှလုံးလှူ
လိုက်တဲ့သူကတခြားမိန်းကလေးတယောက်နာမည်
ဖြစ်နေတယ် ! ဆူအွန်းကတခြားတယောက်ကိုလှူ
ခဲ့တာ ."အလောတကြီးနဲ့တရစပ်ပြောနေတဲ့ချန်းယောလ်ရဲ့
အသံတွေကလဲမူမမှန် ။ ချန်းယောလ်လဲအံ့အားသင့်
သွားခဲ့မှာပေါ့ ။"ဆောရီးကွာ ဆယ်ဟွန်း ၊ ငါ့ကြောင့်ပါ ငါမှားပြီး
ပြောခဲ့မိတာ ! "တဖက်က ချန်းယောလ်ကလဲထပ်တလဲလဲတောင်းပန်
နေတော့သည်။သူသည်လဲ ဖုန်းကိုကျစ်ကျစ်ပါအောင်
ဆုပ်ထားရင်း မငြိမ်သက်သေးသောစိတ်အခြေအနေ
နဲ့ ကားကိုမှီထားနေရတုန်း ။တီ ✆ ♪ ♪ ♪ ♪ ♪ !!!!!
မြည်လာတဲ့ဖုန်းသံကြောင့် ကိုယ်တချက်တုန်သွားကာ
ထိတ်ခနဲလန့်ဖြန့်သွားရသည် ။ ဖုန်းမျက်နှာပြင်ထက်
"ကလေး"ဆိုသည့်စကားလုံးကထင်းထင်းရှားရှား ။
ဖုန်းမျက်နှာပြင်အားစိုက်ကြည့်နေမိသည်ကတော်
တော်ကြာကြာကဖုန်းပြန်ချသွားတော့သည်။ထို့နောက်.နောက်ထပ်တခေါက်ထပ်ခေါ်လာပြန်တော့သည် ။
သူ ဖုန်းကိုဖြေလိုက်တော့သည် ။
YOU ARE READING
HEARTLESS
Fanfictionငါ ကိုယ် တိုင် က ချစ် ခဲ့ မိ နေ မှ တော့ အ နွံ တာ တွေ ခံ ရ တော့ မှာ ပေါ့ ။ သူ့ အ ချစ် ဆို တာ က ကိုယ့် လောက် မှ သက် တမ်း မ ရှည် တာ လေ ။ SEXIU ✔ Sehun♥ Xiumin By DeerbaoziChenlay997♡