စွန့်ပစ်ထားတဲ့ အဆောက်အဦး ဟောင်းကြီးရဲ့ rooftop မှာ ထိုင်နေတဲ့သူကတော့ အသည်းကွဲနေတဲ့ Tiffany ရယ်ပါ။
နှစ်နှစ်ကျော်ကြာတွဲခဲ့တဲ့ ချစ်ရသူက ချမ်းသာတဲ့သူတစ်ယောက်နဲ့ လက်ထပ်ဖို့ သူမကို ထားခဲ့တယ်လေ
သူမဘ၀က အခုဆက်ရှင်သန်ဖို့ အကြောင်းပြချက်မရှိတော့ဘူးလို့ မှတ်ယူပြီး အဆောက်အဦး ကနေ ခုန်ချပြီး သေကြောင်းကြံစည်ဖို့ ကြိုးစားလိုက်တယ်
ဒါပေမယ့် သူမ မခုန်ချခင်မှာ အမျိုးသမီးတစ်ယောက်ရုတ်တရတ်ပေါ်လာပြီး
"မိန်းကလေး မင်းဘ၀မှာ ဘာတွေမှားယွင်းနေလဲဆိုတာ ငါမသိဘူး
ဒါပေမယ့် ဒီလို ဘ၀ကို အဆုံးသတ်ဖို့် ကြိုးစားတာကတော့ မှန်တယ်လို့ ငါမထင်ဘူး
ဒီကမ္ဘာကြီးမှာ သူတို့ဘ၀ကို ပိုရှင်သန်ချင်ကြတဲ့ သူတွေ အများကြီးရှိတယ် ဒါပေမယ့် သူတို့ကို ကံကြမ္မာ ကအခွင့်အရေး မပေးခဲ့ဘူး။ ဒါကြောင့်မို့ မင်းဘ၀ကို အလကား မဖြုန်းတီးပါနဲ့။ မင်းဟာ ဒီကမ္ဘာ မှာရှိတဲ့ အလှအပတွေကို ခံစားဖို့ ထိုက်တန်ပါတယ်"Tiffany ဟာ နောက်တနေ့ညမှာ အဲဒီ အဆောက်အဦးပျက် ကြီးကို ထပ်သွားခဲ့ပါတယ်
သူမဘ၀ကို အဆုံးသတ် ဖို့ မဟုတ်ဘဲ
မနေ့ကတွေ့ခဲ့တဲ့ လှပတဲ့ မိန်းကလေးကို ထပ်တွေ့ဖို့ပါ
သူမဟာ အဲဒီနေရာမှာ အချိန်တိုင်း ရှိခဲ့ပါတယ် ညတိုင်းလိုလိုပေါ့............"Sica မနက်ဖြန် ငါ့မွေးနေ့လေ အဲ့ဒါ ငါတို့လျှောက်လည်ကြရအောင်။ ကမ်းခြေ ဒါမှမဟုတ် တစ်နေရာရာ သွားရအောင်လေ"
"မနက်ဘက်လား?"
"Inn ဘာလို့လဲ။ မအားဘူးလား?"
"ငါနေ့ဘက် အပြင်ထွက်လို့မရဘူး"
"ဘာလို့လဲ?"
မေးခွန်းမေးပြီး အချိန်အတော်ကြာတဲ့ အထိ Jessica ဆီက အဖြေပြန်မလာခဲ့ပါဘူး။
All credits go to Author Kira syj (AFF)
Translator M
YOU ARE READING
The Rhythm of LOVE (Trans)
Romance"မိန်းကလေး မင်းဘ၀မှာ ဘာတွေမှားယွင်းနေလဲဆိုတာ ငါမသိဘူး ဒါပေမယ့် ဒီလို ဘ၀ကို အဆုံးသတ်ဖို့် ကြိုးစားတာကတော့ မှန်တယ်လို့ ငါမထင်ဘူး ဒီကမ္ဘာကြီးမှာ သူတို့ဘ၀ကို ပိုရှင်သန်ချင်ကြတဲ့ သူတွေ အများကြီးရှိတယ် ဒါပေမယ့် သူတို့ကို ကံကြမ္မာ ကအခွင့်အရေး မပေးခဲ့ဘူး။ ဒါ...