Chapter~3~

326 55 2
                                    

"Ahhh, နာလိုက်တာ Yahhhh KIM TAEYEON!"

နာသွားတဲ့ သူမနဖူးကို လက်နဲ့ အသာပွတ်ရင်း သူမနဲ့ အတူ မကြာသေးခင်က လွတ်သွားတဲ့ master room ကို သန့်ရှင်းရေးလုပ်နေတဲ့ Kim Taeyeon ကို မျက်စောင်းထိုးလိုက်တယ်
ဒါဟာ အမွေဆက်ဆံသူတွေ အနေနဲ့ သူတို့ရဲ့ training ကာလဆင်းနေရတာဖြစ်တယ်
သူတို့နှစ်ယောက် က Seoul, Busan, Shanghai နဲ့ Macau မှာ ဟိုတယ်ခွဲတွေ ရှိတဲ့ Shinhwa Hotel ရဲ့ အမွေ ဆက်ဆံသူတွေလေ

Tiffany ရဲ့ အဖေက South Korea မှာရှိတဲ့ ဟိုတယ်တွေကို ကြီးကြပ်ပြီး Taeyon အဖေကတော့ China ဘက်မှာ ရှိတဲ့ ဟိုတယ်တွေကို စီမံအုပ်ချုပ်ကြတယ်

"နင်ဘာလုပ်လိုက်တာလဲ ကင်ထယ်ပု နာတယ်ဟ"

သူမနဖူးကို အသာပွတ်ရင်း Tiffany ပြောလိုက်တယ်

"Well, နင့်စိတ်နဲ့ လူနဲ့ ကပ်အောင် လုပ်လိုက်တာလေ cousin ရဲ့။ uncle က စစ်ဆေးရေးလုပ်နေတယ်လေ။  သူလာတဲ့ သုံးခါလုံး ဘာမှမလုပ်တဲ့ နင့်ကို တွေ့သွားရင် ဘာဖြစ်မယ်ထင်လဲ။ နင့်အဖေဆီကနေ ပျင်းရိငြီးငွေ့ဖို့ကောင်းတဲ့ ဆုံးမစကားတွေ နင်ကြားချင်လို့်လား"

"နင်ငါ့ကို ဒီအတိုင်းခေါ်လည်းရတာကို ငါ့နဖူးကို ရိုက်စရာမလိုဘူးလေ"

"Yahhh, ငါနင့်ကိုလေ အကြိမ်ပေါင်းမြောက်များစွာခေါ်တယ်
နင်ကနားမကြားတဲ့သူလို ဖြစ်နေတာကိုး။ နင်ဒီရက်ပိုင်းဘာဖြစ်နေတာလဲ။ ဘာလို့စိတ်နဲ့ လူနဲ့ မကပ်ရတာလဲ"

Tiffany က အနီးမှာရှိတဲ့ sofa ပေါ် လှဲချလိုက်ပြီး သက်ပြင်းချလိုက်တယ်

"ငါ့ရဲ့ နတ်​သမီး​လေး..... ငါသူနဲ့တွေ့တာ နှစ်ပတ်လောက်ရှိတော့မယ်။ ဒါပေမယ့် အခုချိန်အထိ သူဘယ်သူလဲဆိုတာရော သူ့အကြောင်း ရော ငါသေချာမသိရသေးဘူး။ တစ်ခါတစ်လေ ငါတို့အတူတူအိပ်ကြတယ်........

Taeyeon ရဲ့အံ့သြတကြီး အသံက Tiffany ကိုနှောင့်ယှက်လိုက်ပါတယ်

"နင်က သူနဲ့အိပ်တယ် ဟုတ်လား!!!!"

"YHHHH နှာဘူး နင်ဘာတွေ တွေးနေလဲ ငါသိတယ် အဲ့လို မဟုတ်​ဘူး။ ဒီအတိုင်း ငါ့သူဘေးမှာ အိပ်တာပါ။ သူကတခါတလေ အဲ့စွန့်ပစ်ထားတဲ့ အဆောက်အဦးပျက် ကြီးမှာ ညအိပ်တယ်လေ။ ပြီးတော့ နေမထွက်ခင် ငါနိုးလာရင် သူမရှိတော့ဘူး။ ဘာကြောင့်လဲ မသိပေမယ့် ငါသူ့ကို မမေးရဲဘူး"

The Rhythm of LOVE (Trans)Where stories live. Discover now