Chapter ~5~

362 61 24
                                    

Producer Kwon Yuri, jessica တို့နဲ့အတူတူ coffee သောက်ရင်း Taeyeon တယောက်စကားလက်ဆုံကျနေပါတယ်
သူမ အကြည့်တွေကတော့ Jessica ဆီကနေ တစက်ကလေးမှ မခွာခဲ့ပါဘူး။
တချိန်လုံးကြည့်နေတဲ့အတွက် tiffany တယောက် အလွန်တရာမှ စိတ်ပျက်လာပြီး သူမ cousin ကို စားပွဲအောက်ကနေ ခြေထောက်ကို တက်နင်းလိုက်ပါတယ်
သူမငမ်းနေတဲ့သူဟာ သူမရဲ့angel ဖြစ်ကြောင်း မျက်စောင်းတချက်ထိုးရင်း သတိပေးလိုက်ပါတယ်

"She's mine tae"
Jessica နဲ့ yuri ကို နှုတ်ဆက်ပြီး အိမ်ပြန်ဖို့ ကားထဲဝင်တဲ့အချိန်မှာ tiffany က ပြောလိုက်တယ်

"ငါသိပါတယ်။ သူက တကယ်ဆွဲဆောင်မှုရှိတာကိုး။ အဲ့ဒီ အကျီင်္လက်ရှည်တွေနဲ့ ဂျာကင်ကို ချွတ်ပြီး ရင်ပြတ်အကျီ အတိုလေး ၀တ်လိုက်ရင် သေလောက်အောင် sexy ကျနေမှာ"

"Shut up tae!!!"

"Sry ငါက ငါ့အထင်ကိုပြောပြတာပါ။  နင်အဲ့ဒီလို စိတ်ကူး မယဉ်ကြည့်ဘူးလို့ မပြောနဲ့နော်"

"နင့်ရဲ့ ညစ်တီးညစ်ပတ်အတွေးတွေကို ရပ်လိုက်စမ်းပါ Kim Taeyeon"

Tiffany ရဲ့စကားမှာ ဒေါသတွေပါလာတဲ့အတွက် သူ့အဖို့ အန္တရာယ် များတယ်ဆိုတာ taeyeon သတိထားမိပြီး ပါးစပ်ပိတ်ထားလိုက်တယ်
သူမခါးပတ်ပတ်ပြီးနောက် tiffany ကကားစက်နှိုးပြီး မောင်းလာလိုက်တယ်
ကားစီးနေတဲ့ တလျှောက်လုံး taeyeon က jessica က ဘယ်လောက်ဆွဲဆောင်မှုရှိကြောင်း တိုးတိုးတိတ်တိတ်ရေရွတ်နေဆဲပါပဲ။

 နောက်နှစ်ရက်အကြာ သူမအလုပ်နားရက်ရတဲ့အတွက် အပြင်ထွက်ဖို့ သူမကိုယ်သူမ မှန်ကြည့်ရင်း ပြင်ဆင်နေပါတယ်
"Date သွားလုပ်မလို့ ပြင်ဆင်နေတာလား မိန်းကလေး ?"
သူမရဲ့ အိမ်တော်ထိန်း mrs.song  က Tiffany ကိုယ်လုံးပေါ်မှန်ကိုကြည့်ပြီး အလှပြင်နေတာကို ကြည့်ပြီး မေးလိုက်တယ်
သူမက Tiffany ငယ်ငယ်လေး ကတည်းက ပြုစုပျိုး​ထောင်​ လာခဲ့တဲ့သူဖြစ်တယ်

"အင်း date မလို့တော့ ဟုတ်တယ်။ သူက yes လို့်ပြောဖို့ မျှော်လင့်ပါတယ်။ chaw ဘယ်လိုလဲ။ ဆွဲဆောင်မှုရှိရဲ့လား"

"ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဆွဲဆောင်မှုရှိပါတယ် မိန်းကလေးက။ စကားမစပ်​ Mr.Hwang က သမီး ညဘက် အပြင်ထွက်ပြီး နောက်ကျမှ ပြန်လာတာကို သတိထားမိနေတယ်။ ဘယ်သွားနေတာလဲ"

The Rhythm of LOVE (Trans)Where stories live. Discover now