"ငါတို့လမ်းခွဲကြရအောင်"
သူမချစ်သူ BoA ဆီကနေ ဒီစကားကို ကြားရလိမ့်မယ်လို့ Tiffany တစ်သက်လုံး မထင်ခဲ့ဘူးပေ။
Tiffany college ပြီးတဲ့ အချိန်၊ သူမ လေးနှစ်ကျော်ကြာ crush လာတဲ့ သူမကို ဖွင့်ပြောပြီးတဲ့ အချိန်က စပြီး သူတို့ တွဲခဲ့ကြတယ်။
နှစ်နှစ်ကျော်ကြာ တွဲခဲ့ ပြီးတဲ့ နောက်မှာ သူတို့ နှစ်ယောက် အမြဲတမ်း အတူရှိနေလိမ့်မယ်လို့ သူမထင်ခဲ့တယ်
ဒါပေမယ့် သူမချစ်သူ BoA ဆီကနေ ဒီစကားကို ကြားလိုက်ရတာ သူမအတွေးမှားယွင်းသွားပြီ ဆိုတာ သက်သေပြလိုက်တယ်"ဘာကြောင့်လဲ"
တုန်ရီ အက်ကွဲနေတဲ့ အသံနဲ့ သူမမေးလိုက်တယ်
သူမက အလွယ်တကူ ငိုတတ်တဲ့သူ မဟုတ်ပါဘူး
သူမမိခင် ကွယ်လွန်သွားကတည်းက သူမအဖေက သူမကို အမြဲတမ်း strong ဖြစ်နေအောင် လေ့ကျင့်ပေးထားခဲ့တယ်လေ
ဒါပေမယ့် BoA ဆီကနေ ဒီစကားကို ကြားလိုက်ရတဲ့ အခါမှာ သူမမျက်ရည် တွေက အတားအဆီး မရှိကျလာခဲ့တယ်"ဘာကြောင့်လဲ နင်မေးရက်တယ်နော်။ ဘာကြောင့်လဲ Tiffany? နင်မပင်ပန်းဘူးလား ဒီအချစ်အတွက်တိုက်ပွဲဝင်နေရတာ။ နင့်အဖေ သူက ငါ့ကို သဘောမကျဘူး၊ တကယ်တမ်းဆို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး။ နင်ငါနဲ့ ဆက်တွဲနေမယ်ဆို နင့်အဖေက နင့်ကို အမွေဖြတ် လိမ့်မယ်။ ငါလေ နင့်ကမ္ဘာမှာ ငါ့အတွက် နေရာရှိပါတယ် သင့်တော်ပါတယ်လို့ ငါ့ကိုယ့်ငါ မညာချင်တော့ဘူး။ ဘာလို့လဲဆိုတော့ အဲဒါ ငါ့နေရာမဟုတ်လို့ဘဲ။ ငါတို့်က မတူညီတဲ့ ကမ္ဘာ နှစ်ခုမှာ နေကြတာလေ။ နင်က ငွေဇွန်းကိုက်ပြီး မွေးလာပေမယ့် ငါကမဟုတ်ဘူး။ ငါက ငါ့မိသားစုအတွက် ရုန်းကန်နေရပေမယ့် နင်ကတော့မဟုတ်ဘူး။ အခု ငါဒီအချစ်အတွက် တိုက်ပွဲ မ၀င်ချင်တော့ဘူး။ လမ်းခွဲရအောင်"
နောက်နှစ်ရက် ကြာတော့ Kwon BoA က L.A ကို ထွက်သွားပြီး waitress လုပ်ခဲ့တယ်။ Tiffany စောင့်နေခဲ့တယ်။ သူမချစ်သူက သူ့မိသားစု ကို ထောက်ပံ့နိုင်ပြီ အဆင်ပြေပြီ ဆိုရင် သူ့ဆီပြန်လာလိမ့်မယ်လို့ ထင်ခဲ့တယ်။
ဒါပေမယ့် သူမအတွေးက ဒုတိယ အကြိမ်မှားသွားပြန်တယ်။တစ်နှစ်ကျော်ကြာပြီးတဲ့ နောက်မှာ BoA က Blanc group က CEO ကို လက်ထပ်ခဲ့တယ်
News မှာ တွေ့ရတဲ့ အခါမှာ သူမနှလုံးသားတွေ တစစီကွဲကြေသွားခဲ့တယ်

YOU ARE READING
The Rhythm of LOVE (Trans)
Romance"မိန်းကလေး မင်းဘ၀မှာ ဘာတွေမှားယွင်းနေလဲဆိုတာ ငါမသိဘူး ဒါပေမယ့် ဒီလို ဘ၀ကို အဆုံးသတ်ဖို့် ကြိုးစားတာကတော့ မှန်တယ်လို့ ငါမထင်ဘူး ဒီကမ္ဘာကြီးမှာ သူတို့ဘ၀ကို ပိုရှင်သန်ချင်ကြတဲ့ သူတွေ အများကြီးရှိတယ် ဒါပေမယ့် သူတို့ကို ကံကြမ္မာ ကအခွင့်အရေး မပေးခဲ့ဘူး။ ဒါ...