Taeyeon တစ်ယောက်သူမရဲ့ cousin ကို စိုက်ကြည့်နေရင်း အလိုလို မျက်မှောင်ကြုတ်နေမိတယ်
နေ့လည်ခင်းမှာ သူအဆင်ပြေရဲ့လား ဆိုပြီး တချက်လာကြည့်ပေမယ့် သူ့cousin ကိုကြည့်ရတာ လိုတာထပ်ပိုပြီး အဆင်ပြေနေတဲ့ပုံစံပါပဲ
သူမရဲ့signature တခုလို့ပြောလို့်ရတဲ့ eye smile ကလည်း သူမအ၀တ်ခေါက်နေတဲ့ တလျှောက်လုံး သူမမျက်နှာပေါ်မှာ ရှိနေခဲ့တယ်"နင်ထူးဆန်းနေတယ် ဆိုတာသိလား? နင်ဘာဖြစ်နေတာလဲ"
Tiffany တယောက် သူမ cousin ကို သွား၃၂ ချောင်းပေါ်အောင် ဖြီးပြလိုက်ပြီး
"ငါ အရေုးကြီးတဲ့ သူတယောက်ကို သွားတွေ့မလို့။ ငါဘယ်လိုနေလဲ"
"နင်အရူးနဲ့တူနေတယ်"
Tiffany သူမလက်မောင်းကို လှမ်းရိုက်လိုက်တော့ Taeyeon တချက်အော်မိတယ်
"ငါအကောင်းမေးနေတာနော် Kim Taeyeon"
"နင်က အမြဲတမ်းလှပါတယ်ဟာ။ ဒါပေမယ့် ငါပြောမယ် နင်ဘာဖြစ်နေတာလဲ။ မနေ့ညကအထိ နင်က သတ်သေချင်လောက်အောင် စိတ်ဓာတ်ကျနေတဲ့သူလေ။ အခုများ eye smile ကြီးတကားကားနဲ့။ အမြင်ကပ်ဖို့်ကောင်းလိုက်တာ။ နင်ဆေးစွဲနေတာလား ဒါမှမဟုတ် ဘာဖြစ်နေတာလဲ?"
"Yah ရူးနေလား ငါက ဘာလို့ဆေးစွဲနေရမှာလဲ။ ဒီအတိုင်း နတ်သမီးတပါးက ငါ့ကို ၀မ်းနည်းပူဆွေးမှုကနေ ကယ်တင်လိုက်တယ်လို့ပဲပြောကြစို့။ အိုး ငါအချိန်မရှိတော့ဘူး။ သူ့ကို သွားတွေ့လိုက်ဦးမယ်။ နောက်မှ တွေ့မယ် bye"
"နတ်သမီး ? နင်ထပ် မနာကျင်ရဖို့ ငါမျှော်လင့်ပါတယ် fany ရယ်"
သူမ cousin အခန်းထဲကထွက်သွားတဲ့ အချိန်မှာ သူတိုးတိုးလေး ရေရွတ်လိုက်တယ်
Tiffany တယောက် ပန်းဆိုင် တဆိုင်ကို ၀င်ပြီး နှင်းဆီနီ ၁၂ ပွင့်ကို ၀ယ်လိုက်တယ်
သူမကားရဲ့ passenger seat မှာ ပန်းစည်းကို တင်ပြီး သူမ စတင်မောင်းထွက်လိုက်တယ်ညနေငါးနာရီ အဆောက်အဦးပျက် ရဲ့ ကားပါကင်ကို သူမရောက်ရှိလာခဲ့တယ်
သူမနှလုံးသားက စိတ်လှုပ်ရှားမှုကြောင့် လျင်မြန်စွာ ခုန်နေခဲ့တယ်ခြောက်ထပ်တိုက်ကြီးရဲ့ rooftop ကို သူမတက်လာခဲ့တဲ့ တလျှောက် ပင်ပန်းနေပေမယ့် သူမ နာမည် ကို လှတယ်လို့ ချီးကျူးသွားတဲ့ လူအကြောင်းစဉ်းစားမိရင်း ပြုံးနေခဲ့တယ်
YOU ARE READING
The Rhythm of LOVE (Trans)
Romance"မိန်းကလေး မင်းဘ၀မှာ ဘာတွေမှားယွင်းနေလဲဆိုတာ ငါမသိဘူး ဒါပေမယ့် ဒီလို ဘ၀ကို အဆုံးသတ်ဖို့် ကြိုးစားတာကတော့ မှန်တယ်လို့ ငါမထင်ဘူး ဒီကမ္ဘာကြီးမှာ သူတို့ဘ၀ကို ပိုရှင်သန်ချင်ကြတဲ့ သူတွေ အများကြီးရှိတယ် ဒါပေမယ့် သူတို့ကို ကံကြမ္မာ ကအခွင့်အရေး မပေးခဲ့ဘူး။ ဒါ...