#unicode
"Chanyeol နောင်တမရမှာသေချာရဲ့လား"
"အင်း...ခင်ဗျားက
အားလုံးကိုမေ့ပစ်ပြီး
ရူးသွပ်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်
ခြေစုံပစ်ဝင်ဖို့အထိ
ထိုက်တန်နေပြီးသား""ဟား...ဟား...နောက်မှနောင်တမရစေနဲ့နော်
အဲ့အခါကျရင် ကိုယ်က
မင်းကို အပိုင်သိမ်းဖွက်ထားလိုက်တော့မှာ""ခင်ဗျားသာ နောင်တမရဖို့စဉ်းစားထားပါ"
"ဘာလို့?"
"ဪ ဒီလောက်ခင်ဗျားကိုချစ်ပေးတဲ့သူကို
နောက်ကျမှတွေ့ရကောင်းလားဆိုပြီး
နောင်တရနေမှာဆိုးလို့"<<<<<<<<<<<<<<<>>>>>>>>>>>>>>>>
ကိုယ်တို့နှစ်ယောက်ရဲ့
ချစ်ခြင်းကို
အမှတ်စဉ်တပ်လို့
ရူးသွပ်ကြည့်ရအောင်လား။<<<<<<<<<<<<<>>>>>>>>>>>>>>>>>>
"ရူးသွပ်ခြင်းအမှတ်စဉ်နံပါတ်(၁)"
<<<<<<<<<<<<<>>>>>>>>>>>>>>>>>>
ခမ်းနားစွာတည်ရှိနေတဲ့
ပန်းချီပြခန်းတစ်ခု။နံရံပြည့် လက်ရာမြောက်ပန်းချီကားများ
ချိတ်ဆွဲထားပြီး ပန်းချီကားများထဲမှ
စုတ်ချက် တိုင်းသည် အသက်ဝင်လွန်းနေသည်။"မင်္ဂလာပါ ဘာများကူညီပေးရမလဲမသိဘူး"
ဖန်တံခါးချပ်အား ဖြတ်သန်းကာ
ပြခန်းအတွင်းသို ့ဝင်ရောက်လာသည့်
အမျိုးသားတစ်ဦးအား ပြခန်း၏ဝန်ထမ်း
တစ်ရောက်မှ ရိုသေစွာ စီးကြိုခြင်းပြု၏။"ပန်းချီဆရာ Park chanyeolနဲ့တွေ့ချင်လို့ပါ"
ခြောက်ပေကျော်ကျော်အရပ်အမောင်းနှင့်
လိုက်ဖက်လွန်းလှသည့် စတိုင်လ်ဘောင်းဘီ
ခဲပြာရောင်ကြောင့် ထိုအမျိုးသားဟာ
သိပ်ကို ကြည့်ကောင်းနေခဲ့ခြင်း။"ဟို အကိုလေးနဲ့တွေ့မယ်ဆိုရင်တော့
ခဏလေးစောင့်ပေးပါနော်
အကိုလေးကအခု
ပန်းချီဆွဲခန်းထဲရောက်နေလို့
သွားပြောပေးပါ့မယ် ""Ok လေ သိပ်တော့မကြာစေနဲ့ပေါ့
အချိန်သိပ်မရလို့"ပြခန်းဖြစ်သည့်အလျောက်
ထိုင်စရာ နေရာမရှိသဖြင့်
မီးခိုးရောင်နံရံထက်တွင်
ဝင့်ကြွားစွာ တည်ရှိနေသည့်
ပန်းချီကားများကိုသာ
ထိုအမျိုးသား လိုက်လံကြည့်ရှုနေခဲ့သည်။