4(U+Z)

807 105 3
                                    

#unicode

<<<<<<<<<<<<<<>>>>>>>>>>>>>>>>>

      "ရူးသွပ်ခြင်းအမှတ်စဉ်နံပါတ်(၄)"

<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>

"ဒါ ကိုယ် ငယ်ငယ်ကနေခဲ့တဲ့
ဘုရားကျောင်းလေးလေ"

ကမ်းခြေတွင်တစ်ည အိပ်ပြီး
အပြန်လမ်းမှာ ဝင်စရာတစ်နေရာရှိသည်ဟု
ဆိုကာ yifanခေါ်ဆောင်လာခဲ့သည်က
ဘုရားကျောင်းလေးတစ်ကျောင်း။

ရှေးခေတ်အဆောက်အအုံများကဲ့သို့
အုတ်ခဲနီနီများဖြင့် တည်ဆောက်ထားပြီး
အုတ်ခဲတစ်ချပ်ခြင်းစီ၏ ကြားအဟနေရာတိုင်းတွင် ထုံးဖြူဖြူ လိုင်းကလေးများ ရေးခြယ်
ထားသည့် ဘုရားကျောင်းလေးသည်
Chanyeol၏အမြင်အာရုံထဲတွင်
အင်မတန်မှ လှပလွန်းပါ၏။

"လာလေ fatherနဲ့မိတ်ဆက်ပေးမယ်"

ဒုတိယမိ သူ့လက်ကိုဆုပ်ကိုင်ကာ
ဘုရားကျောင်းလေးထဲသို့ဝင်သွားသော
Yifanကြောင့် chanyeol၏
ရင်ခုန်နှုန်းများ နှစ်ဆတိုးရပြန်ရော။

"Father ကျွန်တော်လာတယ်"

အနီရင့်ရင့် ဆေးရောင်ခြယ်ထားသော
တံခါးလေးအားတွန်းဖွင့်ကာ
ဘုရားကျောက်းလေးထဲဝင်ရောက်သွားတော့
သမ္မာကျမ်းစာများအား ပြိုင်တူရွတ်နေသည့်
အသက်ဆယ့်သုံးနှစ်အရွယ်ကလေးများ
ဘေးတွင်ရပ်နေသည့် Fatherက
Yifanကို မြင်တော့
အနွေးထွေးဆုံးပြုံးပြပြီး၊
မူလက ကျမ်းစာရွတ်နေသော
ကလေးများသည်လည်း
Yifanကိုမြင်သည်နှင့်တစ်ပြိုင်နက်
ကျမ်းစာအုပ်များကို
လက်ထဲမှချကာ ဝမ်းသာအားရနှင့်
Yifanထံပြေးလာကြသည်။

"ဦးဦး မုန့်ပါလား".

"ဦးဦး ဒီတစ်ခါဘောလုံးကန်ရင်
ကျွန်တော့်ကိုအနိုင်ပေးနော်"

"ဦးဦးစန္ဒရားတီးပြ"

စသည်ဖြင့် မြောက်များစွာသော
ဂျီကျပူဆာမှုများကိငခံနေရသည့်
Yifanသည် ကလေးအဖေတစ်ယောက်နှင့်
တောင်ဆင်တူနေသေး။

"ကဲကလေးတွေ အပြင်မှာသွားဆော့နေဦး
ဦးဦးyifanနဲ့ fatherနဲ့စကားပြောလိုက်ဦးမယ်"

Crazy In Love(Completed)Where stories live. Discover now