3(U+Z)

858 111 6
                                    

#unicode

<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>

        "ရူးသွပ်ခြင်းအမှတ်စဉ်နံပါတ်(၃)"

<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>

နိုဝင်ဘာလ၏ လေညင်းများသည်
ကြမ်းတစ်ခါ ပျော့တစ်လှည့်နှင့်
ဝန်းကျင်တစ်ခုလုံးအား
မင်းမူအုပ်စိုးထား၏။

ကားပြတင်း ဝဲယာတစ်ဖက်တွင်မြင်နေရသော
ဝါရင့်ရင့်ဂျုံခင်းကြီးများဟာလည်း
မိုးပြာရောင်ကောင်းကင်ကြီးနှင့်
ပနာသင့်လှပေစွ။

တဝှီဝှီနှင့် ဖြတ်ပြေးသွားသော
အရောင်စုံ ကားများသည်လည်း
Chanyeolအတွက်စိတ်ဝင်စားစရာ
တစ်ရပ်ဖြစ်နေခဲ့သည်။

"ပျင်းနေရင် သီချင်းဖွင့်ပေးရမလား"

"ရပါတယ် ကားသာအာရုံစိုက်မောင်း"

အကွေ့အကောက်များသော
တောင်စွယ်များကြား
ဂရုပြုမောင်းနှင်နေရမည့်
Yifanအား သူအာရုံမများချင်။

မနက်ခုနာရီလောက် ကတည်းက
မောင်းလာသော ကားလေးသည်
ယခု ကိုးနာရီတိုင်သည်အထိ
Yifanပြောသည့်
ကမ်းစပ်သို့မရောက်နိုင်သေး။

ဆိတ်ငြိမ်ခြင်းသည် chanyeolအတွက်
အနည်းငယ်ပျင်းဖို့ကောင်းပေမယ့်
Yifanနှင့်လည်း အထွေအထူး
ပြောစရာမရှိသည့်အလျောက်
မြက်လွှာနှစ်ခုအား အနားပေး
ပိတ်စပ်ထားခြင်းဖြင့်သာ
Yifanပြောသည့် လှပလွန်းလှပါသော
ပင်လယ်ကမ်းစပ်တစ်နေရာသို့
သူလိုက်ပါသွားခဲ့သည်။

<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

"Chanyeol... chanyeol
ထတော့ ရောက်ပြီ"

"အင်း.."

ညက အတွေးလွန်ကာ
အအိပ်ပျက်ခဲ့ခြင်းကြောင့်
အခု ဘယ်နှစ်နာရီကြာအောင်
အိပ်ပျော်သွားခဲ့မိမှန်းတောင်
သူမသိ။

"ထမင်းအရင်စားရအောင်
နေ့လည်စာ စားချိန်ရောက်နေပြီ"

တစ်ညအိပ်ခရီးဖြစ်သဖြင့်
ပစ္စည်းများများစားစား မပါလာခဲ့ခြင်းသည်
သိပ်ကို လွတ်လပ်ပေါ့ပါးလှသည်။

Crazy In Love(Completed)Where stories live. Discover now