#unicode
<<<<<<<<<<<<<<<<>>>>>>>>>>>>>>>"ရူးသွပ်ခြင်းအမှတ်စဉ်နံပါတ်(၅)"
<<<<<<<<<<<<<<<>>>>>>>>>>>>>>>>
"မစ္စတာနဲ့ပတ်သက်တဲ့အကြောင်း
ကျွန်တော်မမေးခဲ့ဖူးပေမယ့်
ဒီနေ့တော့ ကျွန်တော်ကိုအမှန်တိုင်း
ပြောပြပေးပါလား"အိပ်မရခဲ့သည့်မနေ့ညက သူ့မာမီပြောသည့်
Yifanအကြောင်းများအားနယ်ချဲ့တွေးတော
နေခဲ့မိခြင်း။အမှန်ဆိုရင် ဘယ်လိုလုပ်မလဲလို့
တွေးကြည့်သည့်အခါ အဖြေကထွက်မလာ။မခံမရပ်နိုင်သည့်အဆုံး
Yifanတစ်ကြိမ်တစ်ခါကပေးခဲ့ဖူးသည့်
အိမ်လိပ်စာအတိုင်း လိုက်လံရှာဖွေခြင်းဖြင့်
Yifanရှေ့မှောက်သူအရောက်သွားနိုင်ခဲ့သည်။"အဟက်...ဘာလဲ အပြင်မှာထွက်နေတဲ့
ကိုယ့်သတင်းတွေအမှန်ဟုတ်မဟုတ်သိချင်လို့လား
Chan""ဟင့်အင်း အပြင်ကတစ်ချို့လူတွေပြောနေတဲ့
ခင်ဗျားအကြောင်းတွေက အမှားတွေပါဆိုတာကို ယုံကြည်ပြီးသားပါ။ ဒါပေမယ့်
ကို်ယ့်ချစ်သူရဲ့ အကြောင်းကိုတော့
အတိအကျသိချင်မိတာ""Okလေ chan ကိုယ်ပြောပြမယ်
ယုံတာမယုံတာတော့ chanအပိုင်းပေါ့"ဤသို့ဖြင့် yifanပြောပြသည့်ပုံပြင်လေးအား chanyeolနားထောင်ခဲ့ရပါ၏။
<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
"မား သားကိုမထားခဲ့ပါနဲ့"
ကောင်လေးငယ်ငယ်၏မကျဉ်းမကျယ်
မျက်ဝန်းအိမ်ထဲတွင် မျက်ရည်ဥများပြည့်
နှက်နေပြီး လက်ဖဝါးနုနုကလေးများက
အမေဖြစ်သူ၏ အကျီ ၤစကလေးအား
စုတ်ကိုင်လျက် မျှော်လင့်တကြီး၊
အားကိုးတစ်ကြီးနှင့် မားဟုသူခေါ်သည့်
အမျိုးသမီးငယ်လေးအား မော့ကြည့်နေ၏။"လွှတ်စမ်း Kris! ငါ့နင့်အမေ မဟုတ်ဘူး။
အေးဟုတ်ခဲ့ရင်လည်း နင့်အဖေသေ သွားပြီး
ဖြစ်တဲ့အတွက် နင့်ကိုငါတစ်ယောက်ထဲမစောင့်
ရှောက်နိုင်ဘူး ငါ့ဘာသာငါလွတ်လွတ်လပ်လပ်
နေမှာ"