အချိန်ခဏလေးအတွင်းဖြစ်ပျက်သွားတာတွေမြန်လွန်းလို့ဘာတွေဖြစ်သွားမှန်းမသိလိုက်ခဲ့ဘူး Mark…mark ကကျွန်မကိုနမ်းတယ်ဒါကိုတစ်ချက်လေးမှမရုန်းမိဘူး ဘာလို့မရုန်းတာလဲ အမှန်ဆို ခုချိန်မှာသူ့ကို ပါးချတာတို့ ထိုးတာတို့ လုပ်ပြီးလောက်ပြီ ဒါမဲ့ ဘာလို့ဘာမှမလုပ်မိတာလဲ ပြီးတော့ ခုခံစားနေရတာကြီးက Jaehyun နဲ့တုန်းကလိုမျိုးမဟုတ်ဘူး
နောက်ဆုံးတော့ သူနမ်းတာကိုရပ်လိုက်တယ်ပြီးတော့ကျွန်မကိုပြုံးပြီးကြည့်နေတယ် ကျွန်မသိတယ်ကျွန်မမျက်နှာကြီးရဲနေမယ်ဆိုတာကို…Eun Ha-"ရှင် ရှင်သွားနှင့်တော့ ကျွန်မ အတန်းမတက်ပဲလျှောက်…လျှောက်သွားတော့မယ်"
ကျွန်မသွားတော့မဲ့အချိန်မှာ သူ့လက်နဲ့ကျွန်မလက်လေးကို ကိုင်ပြီးတော့
Mark-"အတန်းမတက်ဘူးပြေးမယ်ဆိုလဲ တူတူပြေးတာပေါ့ ကိုယ်လဲပြေးဖူးတယ်ရှိအောင်ပါ"
ကျွန်မပြုံးနေတာကျွန်မသိပေမဲ့ သူမြင်သွားမှာဆိုးလို့ ဒီအတိုင်းဟန်ဆောင်လိုက်ရတယ်နောက်တော့ ကျောင်းအနောက်ကခွေးတိုးပေါက်ကနေ ကျွန်မတို့ အတန်းပြေးကြတယ်ပေါ့
Mark-"ဘယ်သွားမလို့လဲ"
Eun Ha-"အာ shopping သွားမလို့"
Mark-"ပစ္စည်းခိုးမလို့ကြံနေပြန်တာလား အဲ့အကျင့်မပျောက်သေးဘူးပဲ ဒါနဲ့အဲ့တာတွေအကုန်မင်းဘယ်လိုခိုးလဲ"
သူသိနေတာမဆန်းပါဘူး
Eun Ha-"ဒီလိုပဲ နည်းရှိတယ်"
ပြီးတော့ bus ကားဂိတ်ကိုသွားထိုင်စောင့်နေတယ် နည်းနည်းလောက်ကြာတော့ bus ရောက်လာတယ် Mark နဲ့ကျွန်မ တူတူထိုင်ကြတာပေါ့ ကျွန်မကတော့ အိတ်ထဲက နားကြပ်ထုတ်ပြီး သီချင်းဖွင့်ထားလိုက်တယ်
ကျွန်တော် စဉ်းစားလို့မရဘူး ခုကျွန်တော်တို့ date လုပ်နေတာလား ဟာ ဘယ်နှယ့် ချစ်ကြောင်းတောင်မပြောရသေးပဲ ဘယ်လိုလုပ် date ဖြစ်မှာလဲအေး ချစ်တယ်တောင်မပြောရသေးချစ်သူလဲမဖြစ်သေးပဲ သူ့သွားနမ်းတာ ပါးချမခံရတာကံကောင်းတယ် Mark Lee ရယ်
ကျွန်တော်သူ့ကိုမေးချင်ပေမဲ့ နားကြပ်တပ်ထာလို့မကြားမှာဆိုးတာနဲ့ နားကြပ်တစ်ဖက်ဖြုတ်လိုက်မိတယ်