Part 10

259 35 0
                                    


ကျွန်မ Mark ကိုတကယ်ပဲချစ်မိနေပြီထင်ပါရဲ့ အဲ့အချိန်ကျွန်မဖုန်းလေးမြည်လာတယ် contact က Yuta တဲ့လေ

Eun Ha-"Hello"

Yuta-"မင်း Mark နဲ့တူတူရှိနေတာလား?"

Eun Ha-"ဟုတ်တယ်လေ ဘာလို့လဲ"

Yuta-"သတိထားပါဘယ်သူမှဖမ်းမမိစေနဲ့နော်"

Eun Ha-"Wae??"

Yuta-"Jae-Jaehyun…"

Eun Ha-"သူရှင့်ကိုဘာလုပ်လို့လဲ တစ်ုခုထလုပ်လို့လား ?? ဖြေနော် တစ်ခုခု လုပ်လို့လားလို့ ??"

Yuta-"ဘာမှမလုပ်ပါဘူး ဒါမဲ့ မင်းနဲ့Mark နဲ့တူတူရှိနေတာရော မင်းနဲ့ Mark ကသူငယ်ချင်းဆိုတာဘယ်သူမှမသိစေနဲ့"

Eun Ha-"Yuta!ဘာတွေဖြစ်နေလဲဆိုတာကိုပြောပြပေးပါလား ရှင်ရောဘာတွေဖြစ်နေလဲဆိုတာရော ကျေးဇူးပြုပြီး"

Yuta-"ဘာမှမဖြစ်ပါဘူး မပူပါနဲ့ Mark နဲ့မင်းသာသတိထားနေဖို့ပြောတာ ဒါပဲနော်"

Eun Ha-"Ya!နေ နေဦး ဟာ ချသွားပြီ"

Mark-"Eun ဘာတွေဖြစ်နေတာလဲ ဘယ်သူလဲ"

Eun Ha-"တစ်ခုခု မှားနေပြီနဲ့တူတယ် Yuta ကပြောတယ်သတိထားနေတဲ့ ပြီးတော့သူပြောတဲ့အထဲ Jaehyun ကပါလာတယ်သူဘာဖြစ်နေတာလဲမသိဘူး"

Mark-"ဘာပဲဖြစ်ဖြစ် ခုအိမ်ပြန်သင့်ပြီထင်တယ်"

သူ့အိတ်ထဲအသင့်ပါလာတဲ့ cap ကိုခပ်ငိုက်ငိုက်ဆောင်းလိုက်တယ်
ဘယ်အချိန်ထဲကထည့်ထားပါလိမ့် ပြီးတော့ကျွန်မလက်ကိုတင်းတင်းကိုင်ထားရင် mall ထဲကနေထွက်လာတယ်

Mark-"ဘာမှမပူနဲ့နော် ဘာပဲဖြစ်ဖြစ် မင်းကို ကိုယ်ကာကွယ်ပေးမှာပါ"

ကျွန်မစိတ်ပူနေတယ်ဆိုတာသူသိတဲ့ပုံပဲဒါမဲ့တကယ် ကာကွယ်သင့်တဲ့လူကသူ့ကိုယ်သူပါ

Mark-"ကိုယ့်ကိုကိုယ်ဘယ်လိုကာကွယ်ရမလဲကိုယ်သိပါတယ် စိတ်မပူပါနဲ့"

Eun Ha-"Jaehyun ဆိုတာသူလိုချင်တဲ့အရာတစ်ခုကို မရရအောင်ယူတတ်တဲ့လူရှင့်"

Mark-"ကိုယ် ဆိုတဲ့လူကလဲ မင်းကိုကာကွယ်ဖို့ဆို ဘာလုပ်ရလုပ်ရလုပ်မှာပါ"

ကျွန်မသူ့ကိုလေးလေနက်နက်ကြည့်ပြီးပြောလိုက်တယ်

Eun Ha-"ဘယ်လိုပဲဖြစ်ဖြစ် သူရောရှင်ရော ထိခိုက်စေမဲ့အခြေအနေထိမရောက်စေရပါဘူးလိုကတိပေးပါ နော် Mark ကြားလား !!"

လူဆိုးမလေးနှင့်ကျွန်တော်Where stories live. Discover now