Part 13

243 28 0
                                    

ကျွန်မ နှစ်ရက်တိတိ ဆေးရုံမှာပဲ အိပ်ခဲ့ရတယ် Mark ကခုချိန်ထိပြန်မကောင်းလာသေးဘူးလေ ဒါကျွန်မကြောင့်ဖြစ်ရ
တာ ကျွန်မသာသူ့ကိုဖုန်းမခေါ်ခဲ့ရင်ဒီလို
ဖြစ်လာမှာမဟုတ်ဘူး  Mark ကိုတိုက်မိတဲ့ Arjishi ကလဲ ဆေးရုံစရိတ်အကုန်သူအကုန်အကျခံပေးသွားတယ် ဘာလို့ဆို သူလဲကားမောင်းရင်း ခုံအနောက်ကပစ္စည်းကိုလှမ်းယူလိုက်မိလို့ ခုလိုဖြစ်တာမို့လို့ပါတဲ့ သေချာလဲတောင်းပန်သွားပါတယ်

Taeyong-"Morning Eun Ha ya~ Morning Mark"

Mark ကတော့နိုးမလာသေးတာမို့ပြန်မဖြေနိုင်ဘူးလေ

Eun Ha-"Morning!"

သူတို့ရောက်လာတာမို့ ကျွန်မရေလေးမြန်မြန်ချိုးလိုက်တယ်ရေချိုးပြီးတော့ Taeil ရောက်လာတယ်

Taeil-"2 ရက်တောင်ဆေးရုံမှာပဲစောင့်နေတာ camp လဲမလိုက်ဘူး မနက်ဖြန်ကျောင်းသွားလိုက်ပါလား"

Eun Ha-"ခုချိန်မှာ Mark ကပိုအရေး
ကြီးပါတယ် ပြီးတော့ ဒါကျွန်မကြောင့်
ဖြစ်…"

Mark-"Eun~"

Eun Ha-"အာ ရှင်နိုးပြီပဲ"

ကျွန်မသူ့ကိုထဖို့ကူပေးလိုက်တယ်

Mark-"ဒါ Eun အပြစ်မှမဟုတ်တာ မ
နက်ဖြန်ကျောင်းသွားလိုက်နော် စာမေးပွဲလဲနီးနေပြီ ကိုယ်ဘာမှမဖြစ်တော့ဘူး စိတ်မပူနဲ့တော့ဟုတ်ပြီလား"

Eun Ha-"စိတ်မပူနဲ့ ဟုတ်လား ? ဘယ်လိုစိတ်မျိုးနဲ့နေပေးရမလဲ ဒါဆို ? ကျွန်မချစ်ရတဲ့သူတစ်ယောက်ကျွန်မမျက်စိရှေ့မှာကားနဲ့တိုက်တာခံလိုက်ရပြီးသွေးအိုင်ထဲမှာမြင်မကောင်းဖြစ်နေတာကိုမြင်လိုက်ရတဲ့ကျွန်မ ဘယ်လိုမှ အိပ်လို့မပျော်ခဲ့ဘူး
အဲ့တာတောင် ဘာမှမဖြစ်တော့ဘူးဆိုတဲ့စကားလေးနဲ့ ဖြေသိမ့်ပြီးစိတ်မပူပဲနေပေးရမလား ဟမ် ?? Halmoni ကကျွန်မကိုတစ်ယောက်ထဲထားခဲ့တယ် ရှင်ကရောကျွန်မကိုအဲ့လိုထားခဲ့ချင်သေးလား ??!"

ကျွန်မမသိလိုက်တဲ့အချိန်မှာ ကျွန်မမျက်ရည်တွေကျနေမိပြီလေ

ကျွန်တော်မမြင်ချင်ဆုံးအရာကသူငိုနေတာကိုပါ သူနောက်ဆုံဒီလိုငိုခဲ့တာ သူ့အဘွား ဆုံးတုန်းကမဟုတ်လား ခုရောသူဒီလိုပဲခံစားနေရလို့ငိုတာလားayee ဘယ်လိုချော့ရပါ့ စဉ်းစားစမ်း Mark စဉ်းစား
စမ်း…

လူဆိုးမလေးနှင့်ကျွန်တော်Where stories live. Discover now