Part 3

402 23 1
                                    

In The Studio

ဘာတွေလား ရှုပ်ယှက်ခတ်နေတာပဲ Mr.T ဘယ်ရောက်သွားပါလိမ့် mark ကျတော့လဲ နားကြပ်ကြီးတပ်ထားတာများ အော်ခေါ်လဲကြားမဲ့ပုံမပေါ် အဲ့တာနဲ့ကျွန်မလဲခဲဖျက်နဲ့ကောက်ပေါက်လိုက်တယ်

Mark-"Argh!!Ya! ဘာလုပ်တာလဲ"

Eun Ha-"Mr.T ဘယ်မှာလဲ ပြီးတော့ဒီသီချင်းကြီးကဘာကြီးလဲ"

Mark-"Mr.T အလုပ်ရှုပ်နေတယ်အဲ့တာကြောင်းမင်းကိုအဲ့တာခိုင်းခဲ့တာလေသူသာအလုပ်မရှိရင်ပြီးနေတာကြာပြီ"

Mr.T အကြောင်းလဲမမေးပဲဖြေသွားလိုက်တာ ရူးများနေသလားပဲ

Mark-"ငါရူးနေတာမဟုတ်ဘူးနော် hyung ကသူဘယ်သွားလဲဆိုတာမသိတာတောင်မှ မပြောနဲ့လို့ပြောထားလို့"

Eun Ha-" ရှင်လူတွေရဲ့စိတ်ကိုဖတ်တတ်လားဟင် ?"

Mark-"ဟမ် မဖတ်တတ်ပါဘူး ဘာလို့လဲ"

Eun Ha-"မဟုတ်ပါဘူး တစ်ခါတစ်လေ ကျွန်မရှင့်ကိုစိတ်ထဲမှာစကားပြောရင်တောင်ရှင်ကပြန်ပြောတတ်လို့"

Mark-" aww သတိမထားမိပါဘူး… Ya! ကိုယ့်အလုပ်ကိုလုပ်ပါစကားများနေတာ"

ခုဏကခဲဖျက်ကိုသူကျွန်မဆီပြန်ပစ်လိုက်တယ် အဲ့တာနဲ့ကျွန်မလဲ စာသားတွေလိုက်ဖတ်ကြည့်တယ် တစ်နေရာရောက်တော့ကျွန်မစိတ်ကိုဖမ်းစားသွားတယ်စာသားလေးတွေက

~အချိန်တွေကြာသွားတဲ့အခါ မင်းရောငါရောမေ့သွားမှာပါ* ငါတို့ချစ်ခဲ့ကြတယ်ဆိုတာကိုပေါ့~~
~မျက်ရည်တွေကျခဲ့ကြတယ်*အမှတ်တရတွေ ရှိခဲ့ကြတယ်*မင်းကိုချစ်ခွင့်ရတာငါ့အတွက် ဘုရားပေးတဲ့လက်ဆောင်ပါ*ဒါမဲ့ငါမင်းကို ဆုံးရှုံးခဲ့ရတယ်* ငါ့ရဲ့တစ်ကိုယ်ကောင်းဆန်မှုကြောင့်ပေါ့~~

(A/N : ဘယ်သီချင်းကစာသားမှမဟုတ်ပါဘူးစိတ်ထဲပေါက်ရာရေးထားတာပါ)

Heol!အသည်းကွဲနေတာလား ထပါ သီချင်းက ပြင်စရာဘာမှမရှိပေမဲ့ ပြန်စီရေးရလိမ့်မယ် ကျွန်မမြန်မြန်ပဲ ပြန်ရေးလိုက်တယ်

Eun Ha-"အာ ပြီးပြီ"

Mark-"တစ်ခေါက်လောက်ဆိုကြည့်"

Eun Ha-"ဘာရယ် !?"

Mark-"မြန်မြန်ဆိုစမ်းပါကြာတယ် hyung ဘာတွေရေးထားလဲနားထောင်မလို့"

လူဆိုးမလေးနှင့်ကျွန်တော်Where stories live. Discover now