Part 11

260 25 0
                                    

Tsk!Jaehyun ငါ့ကိုသတ်ချင်နေမှာသေချာတယ် ဘာလို့များဒီလောက်မိန်းကလေးတွေအများကြီးထဲက Eun Ha ကိုမှငါရွေးချစ်မိလဲစဉ်းစားလို့မရဘူး ငါဒီ
အတိုင်း Eun Ha ကိုမသိချင်ယောင်ဆောင်ပြီးနေသင့်လား ?!!

Yuta-"Mark အဆင်ပြေရဲ့လား"

Mark-"အာ အဆင်ပြေပါတယ် အာ့ဆိုလဲ hyung သွားတော့လေ မနက်ဖြန်camp အတွက်အထုပ်ပြင်ထားပေါ့"

Yuta-"မင်းကပြီးပြီလား"

Mark-"Nae ပြီးပြီ Eun Ha ကိုလိုက်မလာမလိုက်ဘူးလားမေးဖို့ပဲကျန်တော့တာ"

ကျွန်တော် Yuta hyung အခန်းထဲကထွက်လာတော့ ဆံပင်လေးကိုဆံထုံးလေးထုံးပြီးTV ထိုင်ကြည့်နေတဲ့ Eun ကိုတွေ့လိုက်တယ်စားလဲစားရင်းပေါ့

Eun Ha-"Mark လာလေ ရှင့်အတွက်လဲလုပ်ထားတယ်"

Mark-"မနက်ဖြန်သွားမှာလား"

သူစားနေတာရပ်သွားတယ်

Eun Ha-"မသွားချင်တာတော့မဟုတ်ဘူး ဒါမဲ့ တူတူသွားရမဲ့လူတွေကကျွန်မကိုမသွားချင်အောင်လုပ်နေကြတာ"

ကျွန်တော်သူ့ကိုနားလည်ပါတယ် Jaehyun ရော Sunbin ရောပါတာဆိုတော့သူလဲစိတ်ညစ်ရှာမှာပေါ့ ဒါမဲ့ ခု Jaehyun ကကျောင်းထွက်ပြီဆိုတော့မလိုက်လောက်တော့ဘူး သူ့အတွက်ကောင်းတာပေါ့

Mark-"Jaehyun ကကျောင်းထွက်တော့မယ်လို့ကြားတယ် အဲ့တော့ မနက်ဖြန်သူမလိုက်လောက်တော့ဘူးလေ"

Taeil-"သူ့နေရာတစ်ခြားတစ်ယောက်လိုက်လိမ့်မယ်"

Mr.T ဘယ်တုန်းကပြန်ရောက်လာတာပါလိမ့် မြန်လိုက်တာ

Eun Ha-"ဘယ်သူလဲ ?!"

Taeil-"Yoo Jin ဆိုလားပဲ"

Eun Ha-"Tsk! သူလဲ Jaehyun အဖွဲ့ထဲကတစ်ယောက်ပဲ"

စိတ်ညစ်တာအဲ့တာတွေ တကယ်ပါပဲ ဘယ်လိုလုပ်ရပါ့

Eun Ha-"ကျွန်မမလိုက်သင့်တော့ဘူးနဲ့တူပါရဲ့"

သူခေါက်ဆွဲပြန်မစားခင်ကျွန်တော်သူ့လက်လေးကိုကိုင်လိုက်တယ်

Mark-"Eun ~ ကိုယ်ပြောတာနားထောင်နော် ဘာပဲဖြစ်ဖြစ် မင်းအနားမှာ ကိုယ်ရှိတယ်လေ အဲ့တော့ မနက်ဖြန်လိုက်ခဲ့ပါနော် "

လူဆိုးမလေးနှင့်ကျွန်တော်Where stories live. Discover now