ထိုင်းမှာ ပရိသတ်နဲ့တွေ့ဆုံပွဲအပြီးGod POV
ဒီပွဲအပြီးမှာ အပန်းဖြေဖို့ ခရီးထွက်ဖို့ လိုနေပြီ။
ချစ်သူကိုပါ အပါခေါ်လိုက်မိတယ်။ ဒါပေမယ့် ခုရက်ပိုင်း သူတစ်ခုခုဖြစ်နေသလိုပဲ။ အရင် ကျွန်တော် ဘာမှမဟုတ်တဲ့ မော်ဒယ်ဘဝထဲက တွဲလာတာ ခုထိဆို တစ်နှစ်ကျော်နီးပါးရှိနေပြီ။ ကျွန်တော် သူ့ကို တကယ်ပဲ တန်ဖိုးထားတယ်။
2Moons စရိုက်တဲ့အချိန်ကနေစပြီး သူကို ဂရုမစိုက်၊ အဖော်မလုပ်ပေးမိဘူး။ တွေ့ပြန်ရင်လည်း အမြဲရန်ဖြစ်တာနဲ့ပဲပြီးသွားတယ်။ အခုသူကို ပြန်ချော့ဖို့အချိန်ရောက်ပြီ။ သူ့ကို ပြန်ချော့ဖို့ ဆိုတာထက် ကျွန်တော် နှလုံးသားကို ပြန်ထိန်းချုပ်ဖို့ ဆိုတာ ပိုမှန်လိမ့်မယ်။
ဘာလီမှာက လေကောင်းလေသန့်ကလည်းရ၊ ပင်လယ်ပြာနဲ့ သဲတွေက လုံးဝကို ပနံသင့်နေတာ...
ကျွန်တော် အခု သူ့ ပုံတွေကို ရိုက်ပေးနေရတယ်။ Bikini နဲ့ sexy pose တွေချည်းလုပ်နေတာ.. နေရောင်ထဲမှာတော့ အလန်းပဲ လူတိုင်း သူကိုပဲ ကြည့်နေကြတာ.. ကိုယ်ကိုယ်ကိုတောင် ဘဝင်မြင့်တယ်။
လူတိုင်းက သူကို ချောတယ်။ အသားအရေကလည်းလှ၊ ခန္စာကိုယ်ကလည်း ပြောစရာမလိုဘူး၊ ရုပ်ထုလေးအတိုင်းဆိုပြီး ပြောကြတယ်။ ကျွန်တော်လည်း သူ့အလှအတွက် ဂုဏ်ယူမိပါတယ်။ 2moons စမရိုက်ခင်အချိန်ထိ သူ့က တကယ်ကို အဆင်ပြေတဲ့ မိန်းကလေးတစ်ယောက်ပဲ။ ကျွန်တော် အနေနဲ့ကလည်း ဒီ 2moons ကိုရိုက်တာက ကျွန်တော်ကို မှီခိုနေတဲ့ မိသားစုအတွက်.. အလုပ်ကိုကြိုးစားပြီး မိသားစုကို မကြောင့်မကြ မတောင့်မတနဲ့ နေစေချင်တာ။ မိသားစုကို ထောက်ပံ့ပေးပြီး နောင်တစ်ချိန်ကျရင် ချစ်ရသူနဲ့ ဘဝတစ်ခုတည်ထောင်ပြီး ကလေးတွေနဲ့ သိုက်သိုက်ဝန်းဝန်းနေချင်တာ...
ကျွန်တော် ကောင်မလေးကျတော့ အဝတ်အစားဝတ်တဲ့နေရာမှာ ပြောရခက်တယ်ဗျ။ လော်လီပေါ်လီနဲ့ လူတကာဝိုင်းကြည့်တာကို သူ့မှာ ဂုဏ်တွေယူနေတာ...ဒါပေမယ့် သူကသစ္စာရှိပါတယ်။ နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် လိုအင်တွေကိုဖြည့်ဆည်းပေးနိုင်တယ်။ အင်း ဘာများ ထပ်လိုဦးမှာလဲ။
YOU ARE READING
အချစ်မှတ်စုစာအုပ်(Notebook) Burmese Translation
FanfictionNotebook #26Oct2017 to Now မူရင်းစာရေးသူ : Author: LittleOungBas/拔丝小胖胖 အင်္ဂလိပ်ဘာသာပြန်ဆိုသူ :EngTrans: 2MTAT စာတည်း : Proofreader: P'ryan မြန်မာဘာသာပြန်ဆိုသူ : Athena (athenagoddess27) မူရင်းစာရေးသူထံမှ တရားဝင် ဘာသာပြန်ခွင့်ရရှိပြီး ပြန်ဆိုထားခြင်...