အပိုင်း(၃)

2.4K 302 26
                                    

God POV

ဒီနေ့ဆို ဘာလီက ပြန်လာရတော့မယ်။မပြန်လို့လည်းမရဘူးလေ QSNCC မှာပွဲရှိနေတာကို။ မပြန်ချင်သေးပေမယ့်လည်း

ဒါပေမယ့် ကံကောင်းတာတစ်ခုက ဒီနေ့ သူဘာမှ အဲလောက်မရစ်တာပဲ။ ခရီးပန်းလာလို့လည်းပါမှာ။ ပြီးတော့ အရင်ထက်လည်း ဆက်ဆံရေးက ငြင်သာနေတယ်။ သူ့အရင်ပုံအတိုင်းဆို ပေါက်ကွဲပြ။ ဘာလုပ်ညာလုပ်နဲ့ အခုကျတော့ ကျွန်တော်ကပဲ ပြဿနာကို ထုတ်ဖြေရှင်းပြီး ဖြတ်တော့မှာကို ကြောက်နေတဲ့ပုံပဲ။ ကျွန်တော်တို့ ကြားတဲ့က နောက်ဆုံး သံယောဇဉ်လက်ကျန် အမျှင်တန်းနေတာလေး

အခုလည်း ကျွန်တော် ပခုံးပေါ်မှာ မှီအိပ်နေတာ။ ကျွန်တော်ကတော့ လေယာဉ်ပြတင်းပေါက်ကနေ မျှော်လွင့်နေတဲ့ တိမ်တွေကိုပဲငေးကြည့်နေမိတယ်။

ဒီလိုနဲ့ လေယာဉ်ပျံဘီးတွေ မြေကြီးနဲ့ ထိသွားတော့...

ဘန်ကောက်လေဆိပ်ရဲ့ အငွေ့အသက်တွေက ကျွန်တော်အတွက် ရင်းနှီးပြီးသားပါ။ ဒါပေမယ့် ဒီမြေကို နှင်းလိုက်တာနဲ့ ဟိုကလေးရဲ့ မျက်နှာလေး ခေါင်းထဲမှာပေါ်လာတယ်။ နှလုံးသားလည်း တစ်မျိုးတစ်မည်တော့ ခံစားလိုက်ရတယ်။ ဒီမျက်နှာလေးကရော ကျွန်တော်ကို ဟိုအရင်လိုပြုံးပြီး ကြိုနေပါမလား။ မသေချာတော့ပါဘူးဗျာ။

အမှန်အတိုင်းဝန်ခံရရင် ကျွန်တော် သူကို လွမ်းနေမိတယ်။

ဒါနဲ့ လေဆိပ်မှာ စောင့်နေရင်း IG ကို ဝင်ပြီး Fan တွေ ရိုက်ထားတဲ့ ဓါတ်ပုံတွေထဲက တစ်ပုံကို ရွေးပြီး သူကို လွမ်းတဲ့အတွေးတွေနဲ့ စာစီတင်လိုက်မိတယ်။

**မင်းကသာ ကိုယ်ကို ပြီးပြည့်စုံစေတယ်လို့ ခံစားမိစေတာပါ။**

ပြီးတော့ ကျွန်တော် ပုံတင်လိုက်တယ်။ အိတ်တွေယူပြီး ကားထဲကို ဝင်အထိုင် Noti စာတက်လာတယ်။

**bbasjtr liked your post.**

**

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
အချစ်မှတ်စုစာအုပ်(Notebook) Burmese TranslationWhere stories live. Discover now