Bas POV၂၃ ရက်နေ့ ပွဲတုန်းက P' နဲ့ ကျွန်တော်အတူတက်တုန်းက ဓါတ်ပုံတွေတောင် ထွက်လာပြီပဲ။ အဲတုန်းက P' က အကျီင်္အပြာလေးနဲ့ ကျွန်တော်က လိမ္မော်ရောင်။
နောက်ပြီး ဒါက ကျွန်တော်တို့ မွေးနေ့တွေကို ကိုယ်စားပြုတဲ့အရောင်တွေ
၉၅၀၈၀၄(God မွေးနေ့) ဆိုတာအပြာရောင်၊ ၉၉၀၃၀၄ (Bas မွေးနေ့) ဆိုက လိမ္မော်ရောင်ကို ကိုယ်စားပြုတာ
အဲ့နေ့က ကျွန်တော် တကယ်ပဲ ပျော်ခဲ့တာ။ အဲ့နေ့မှ မဟုတ်ပါဘူး P နဲ့ ရှိတဲ့အချိန်တိုင်း ပျော်နေတာ။ အဲ့နေ့တုန်းက ဆိုရင် စကားပြောရင်း ရယ်လိုက်၊ မုန့်ခွံကျွေးလိုက်နဲ့ နှစ်ယောက်တည်း ရှိတဲ့အချိန်အလားပဲ။
ကျွန်တော် သူ့ရင်ဘတ်တောင် လှမ်းကိုင်မိသေးတယ်။ ရှက်ဖို့ တော့ အကောင်းသား
လူအများကြီးက ကြည့်ပြီး ဝိုင်းအော်ကြတာ... ကျွန်တော်တို့ စုံတွဲကို ဆွီပါတယ်ဆိုပြီး
ပြီးတော့ Star Tabloid မှာ ပါတောင် ကျွန်တော်ဖြေခဲ့တဲ့ အင်တာဗျူးပါလာတာပဲ။ အမှန်အတိုင်းပဲ ဖြေခဲ့တာလေ။ ကျွန်တော် ဒီဇာတ်လမ်းတွဲရိုက်နေတုန်းက P' နဲ့ အတော်ကို ရင်းနှီးခဲ့တာ။ P' အိပ်နေတုန်း၊ ဓါတ်ပုံခိုးရိုက်တာတွေ၊ P' ကို သွားသွားစတာတွေ။ ဒါပေမယ့် P' စိတ်မဆိုးခဲ့ပါဘူး
အခုတော့ အဲ့လိုမဟုတ်တော့ဘူးရယ်။ အခုတလော ဘာဖြစ်နေလဲမသိဘူး။ သေးသေးမွှားမွှားလေးတောင်မှ စိတ်မကြည်တဲ့ပုံ။ ကျွန်တော်ကိုလည်း စကားပြောတာ အေးတိအေးစက်ပဲ။ စကားပြောပြီး ရယ်ပေမယ့်လည်း အရင်လိုပုံမဖြစ်တော့ဘူးထင်တာပဲ။ ဘာဖြစ်နေတာပါလိမ့်။ P' က မသိပေမယ့် ဒီလိုအပြုအမှုတွေကြောင့် ကျွန်တော် တကယ်ပဲ ခံစားနေရတာ
ပြီးတော့ Fan တွေ ကျွန်တော်ကို ပြောဖူးတဲ့ IG အကောင့်ကလည်းရှိသေး။ P' ကောင်မလေးကနေ ကျွန်တော်ကို မကောင်းပြောတဲ့ပုံစံနဲပဲ သတင်းလွင့်နေတာ။ ကျွန်တော်က P' နဲ့ မလိုက်ဖက် ၊ မထိုက်တန်တဲ့ လူတစ်ယောက်ဆိုပြီး
ကျွန်တော် Fan တွေကတော့ အဲ့အကောင့်ကို ဝိုင်း Report လုပ်ကြတာပဲ။ ကျွန်တော်ကတော့ ဘာမှ ကို မဖြစ်တာ။ ဒါဟာ တကယ်ပဲ P' ကောင်မလေးဖက်ကလုပ်တာဆိုရင် သူဘာလို့လုပ်တာဖြစ်နိုင်သလဲ။ ကျွန်တော်က သူ့နှလုံးသားထဲမှာ နေရာဝင်ယူနေလို့များလား။ ဒါကြောင့် မနာလိုတာများလား။
YOU ARE READING
အချစ်မှတ်စုစာအုပ်(Notebook) Burmese Translation
Fiksi PenggemarNotebook #26Oct2017 to Now မူရင်းစာရေးသူ : Author: LittleOungBas/拔丝小胖胖 အင်္ဂလိပ်ဘာသာပြန်ဆိုသူ :EngTrans: 2MTAT စာတည်း : Proofreader: P'ryan မြန်မာဘာသာပြန်ဆိုသူ : Athena (athenagoddess27) မူရင်းစာရေးသူထံမှ တရားဝင် ဘာသာပြန်ခွင့်ရရှိပြီး ပြန်ဆိုထားခြင်...