အပိုင်း(၄)

2K 272 20
                                    

God POV

လတစ်လလည်း ကုန်သွားပြီ ဇူလိုင်ဆိုတာလည်းက မျက်စိ တစ်မှိတ်အတွင်းပဲ

ဘာလီမှာတုန်းက ကျွန်တော် ဟိုကလေးနဲ့ ပရိုမိုရှင်းပုံစံလုပ်ဖို့ ချစ်သူနဲ့ ဆွေးနွေးတာ ဘာမှကို ပြန်မပြောဘူး။ ဒါနဲ့ ကျွန်တော်လည်း သဘောတူတယ်ပဲမှတ်လိုက်တယ်။ ပရိုမိုရှင်းပုံစံကမလုပ်လို့မဖြစ်ဘူး။ ပရိတ်သတ်တိုးလာဖို့ရယ်။ ပြီးတော့ နောက်ပိုင်း ကျွန်တော် အလုပ်အတွက် ပိုအဆင်ပြေအောင်

ပြီးတော့ ဒီလို ဟိုကလေးနဲ့ ခပ်တည်တည်နေမယ်ဆိုရင် သူကြာလာရင် စိတ်ထိခိုက်မှာစိုးတယ်။ သူ့စိတ်မကောင်းဖြစ်တဲ့ ပုံလေးမြင်ရတာ ကျွန်တော်မှာ အပြစ်ကြီးတစ်ခုကို လုပ်မိသလိုပဲ

အိပ်ရာပေါ်မှာ ဟိုလိမ့် ဒီလိမ့်တွေးရင်း Twitter နဲ့ IG ကို ကြည့်မိတော့

ကျွန်တော် နှလုံးသားတစ်ခုလုံးကို လှုပ်ကိုင်လိုက်တဲ့ Fan တစ်ယောက်တင်တဲ့ Post

(၃)လဆိုတဲ့ အချိန်ကာလက တိုတောင်းသလိုပဲ မသိရင် မနေ့တနေ့အတိုင်း ဆိုပြီး ကျွန်တော်နဲ့ ဟိုကလေးပုံလေး 2 moons စရိုက်တုန်းက ပုံလေးတတ်လာတာ

ဟုတ်ပါတယ် လွန်ခဲ့တဲ့ (၃)လတုန်းက အရာအားလုံး အဆင်ပြေခဲ့တယ်။ အဲ့ကလေးက ကျွန်တော်ကို အတော်ခင်တွယ်တဲ့ပုံလေး။ ကျွန်တော် ဘယ်သွားသွား တောက်လျှောက်လိုက်တယ်။ ရိုက်ကွင်းမှာ ဆိုလည်း စနောက်နေတာ။ ပြီးတော့ ကျွန်တော်ကိုဆို ပိုဆိုး တစ်နေ့ မစရရင် မနေနိုင်တာ။ ပြီးတော...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဟုတ်ပါတယ် လွန်ခဲ့တဲ့ (၃)လတုန်းက အရာအားလုံး အဆင်ပြေခဲ့တယ်။ အဲ့ကလေးက ကျွန်တော်ကို အတော်ခင်တွယ်တဲ့ပုံလေး။ ကျွန်တော် ဘယ်သွားသွား တောက်လျှောက်လိုက်တယ်။ ရိုက်ကွင်းမှာ ဆိုလည်း စနောက်နေတာ။ ပြီးတော့ ကျွန်တော်ကိုဆို ပိုဆိုး တစ်နေ့ မစရရင် မနေနိုင်တာ။ ပြီးတော့ ကျွန်တော်ကလည်း သူ့ဘယ်လောက် စစ စိတ်မဆိုးရက်ဘူး။ စိတ်တိုသွားခဲ့ရင်တောင်မှ ချက်ချင်းပဲ သူ့ရဲ့ ရိုးသားပြီး အပြစ်ကင်းတဲ့ မျက်နာလေးကိုကြည့်ပြီး ပျောက်သွားတာ

အချစ်မှတ်စုစာအုပ်(Notebook) Burmese TranslationWhere stories live. Discover now