အချစ်စစ်၏ တည်နေရာ
Season (1)
အပိုင်း(၃၅)
နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသော မိုးစက်ကို ငေးကြည့်ကာ အတွေးများပွားနေမိသည်။ မိုးပွင့် အပေါ် မိုးစက်ဘာကြောင့် ဒီလောက်ပေးဆပ်ပြီးချစ်နိုင်သည်ကို တွေးလို့မရပေ။ တကယ်လို့ မိုးစက် အတွက်ဆိုလျှင် မိမိလည်း ဒီလိုပေးဆပ်နိုင်မည်လားဟုတွေးမိသည်။ ကြိုတွေးလို့မရပေမယ့် မိုးစက် စိတ်ဆင်းရဲလျှင် မိမိလည်း နေနိုင်မည်မဟုတ်ပေ။ နှင်းထန်သည် အပြစ်ကင်းသော ယုန်ဖြူလေးကို မြတ်မြတ်နိုးနိုးနမ်းလိုက်မိစဉ် မိုးစက် နိုးလာသည်။
မျက်ဝန်းလှလှလေးပွင့်လာသည် နှင့် မိမိကို ငြိမ်ကာကြည့်နေပြီးနောက် ထထိုင်ကာ
"အကို အကို့ကို ကျွန်တော် ဘယ်လိုလုပ်မှ ကျွန်တော့ကို ပြန်လွှတ်မှာလဲ။"
"ဘယ်လိုမှ လုပ်မနေနဲ့တော့။ ကိုယ် မင်းကို ပြန်မလွှတ်တော့ဘူး။ ချာတိတ်ရဲ့ မျက်ကန်းအချစ်က ကိုယ်တို့နှစ်ယောက်အတူနေဖို့ အကူညီရသွားတာပေါ့။ ခု ချာတိတ် ဘယ်လိုအကြောင်းပြချက်နဲ့မှ ကိုယ့်ကို ခွဲသွားစရာ မလိုတော့ဘူး။ ချာတိတ်က ကိုယ့်ရဲ့ဇနီး မိုးပွင့်ဖြစ်သွားပြီလေ။ ကဲ မိန်းမရေ.... ဒီနေ့ မြန်မာပြည်ပြန်မယ်။ ဒယ်ဒီက သူ့ချွေူးမပြန်ပါလာမယ် ဆိုတော့ မျှော်နေတော့မယ်။"
မိုးစက် သူ့ကို ပြန်မေးလိုက်သည်။
"ဘယ်သူက ပြန်လိုက်မယ် ပြောနေလို့လဲ။"
"မလိုက်လို့မရဘူး။ ကိုယ်က အတင်းဆွဲခေါ်သွားမှာ။"
မိုးစက် အိပ်ယာထက်မှ ထလိုက်စဉ် ကိုယ်ပေါ်တွင် ဘာအ၀တ်မှမရှိသဖြင့် စွဲမက်ဖွယ် ရင်သားများပေါ်သွားသဖြင့် မိုးစက်က စောင်ဖြင့် ကပျာကယာပြန်ဖုံးလိုက်ကာ
"အကိုကလည်းဗျာ။ အ၀တ်တွေ ဘာလို့အကုန်ချွတ်ရတာလဲ။ "
"ကိုယ်က ချာတိတ်တကိုယ်လုံးကို အနမ်းပေးချင်လို့ပေါ့။ ချာတိတ်ရဲ့ အစိတ်အပိုင်းတိုင်းကို တွေ့ ချင်လို့ပေါ့။ဘာလဲ နောက်တခါဆို မချွတ်ရဘူးလား။"
မိုးစက်သူ့ကို မကျေမနပ်ကြည့်ကာ
"ဘာနောက်တခါလဲ။ ဘယ်သူက အကိုနဲ့ နေမယ်ပြောလို့လဲ။"
နှင်းထန်က မိုးစက်ဘေးတွင် ၀င်ထိုင်ကာ မေးလေးကို ပင့်မကာ အကြည့်ခြင်းဆုံပြီး
"ချာတိတ် ကိုယ်တိုင်ပြောတာလေ။"
"ဟာ.. မပြောပါဘူး။ ခင်ဗျား လျှောက်ပြောနေတယ်။"
သူက မိုးစက်၏ ဆံပင်လေးကို နမ်းရှိုက်ကာ
"ချာတိတ် ဘယ်လောက်ငြင်းငြင်း ချာတိတ်အကြည့်တွေက ကိုယ့်ကိုဘယ်လောက်လွမ်း နေတယ်ဆို တာ ပြောပြနေတယ်လေ။ "
မိုးစက် စကားပြန်မပြောနိုင်အောင် ဆွံအသွားသည်။သူက မိမိထက် မိမိစိတ်ခံစားချက်ကို ပိုသိနေ
သည်။ မိုးစက် သူ့မျက်ဝန်းကို ရင်မဆိုင်ရဲတော့သဖြင့် မျက်လွှာချလိုက်ကာ
"မဟုတ်ဘူး။ ကျွန်တော် အကို့ကို မုန်းတယ်။ ညီမလေး အသည်းကွဲပြီးဆုံးသွားတာ အကို့ကြောင့်။ ကျွန်တော် အကို့ကို ကလဲ့စားခြေမယ်လို့ ကတိပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ကို ပြန်လွှတ်လိုက် ပါ။ ကျွန်တော်က အကို့ကို ချစ်ခဲ့တဲ့ မိုးစက်မဟုတ်တော့ဘူး။ ကျွန်တော်က အကို့ကို မုန်းတဲ့ မိုးပွင့် ဖြစ်နေပါပြီ။ အကို့ကို ကျွန်တော် ထိခိုက်အောင် မလုပ်ချင်ဘူး။ ဒါကြောင့် ကျွန်တော့်ကို လက်လျှော့ လိုက်ပါတော့။"
နှင်းထန်သည် ရှေ့စကား နောက်စကား မညီတော့သော ချစ်သူလေးကို နားလည်စွာဖြင့် ရင်ခွင်ထဲ တင်းကျပ်စွာဖက်ထားကာ
"ကိုယ့်ကို ကလဲ့စားခြေချင်ခြေပါ။ကိုယ်လက်ခံပါတယ်။မင်းညီမကိုပြန်မချစ်ပဲ မင်းကိုပဲစွဲစွဲလန်းလန်း ချစ်ခဲ့လို့ ကိုယ်အပြစ်ရှိတယ်ဆိုရင် ကိုယ့်ကို ဘယ်လိုလုပ်လုပ်ပါ ရပါတယ်။ ကိုယ့်ကို ကလဲ့စားခြေ ချင် မင်းကိုယ့်ဘေးမှာ အနီးကပ်နေမှဖြစ်မှာပေါ့။ ဒါကြောင့် မြန်မာပြည်ပြန်လိုက်ခဲ့ပြီးမှ ကိုယ်မသေ မချင်း ကလဲ့စားခြေပါ။ "
မိုးစက် မျက်ရည်တို့ ရစ်ဝဲတက်လာသဖြင့် မိမိကိုဖက်ထားသည့် သူ့လက်ကို ရနုးဖယ်ကာ ထသွား ရန် ကြိုးစားသော်လည်း သူကလုံးဝလွှတ်မပေးပဲ မိုးစက်၏ ပုခုံးသားလေးများကို နမ်းလိုက်ကာ
"ကိုယ်သေသွားမယ်ဆိုလည်း ကိုယ်ကျေနပ်ပါတယ်။ကိုယ့်ထွက်သက်ဆုံးတဲ့အထိ နောင်တမရပဲ မင်း ကို ကိုယ်ဆက်ချစ် သွားမှာပါ။"
သူ့စကားကို ကြားသော် မိုးစက်၏ မျက်ရည်များက တာတံမံကျိုးကျသလို စီးကျလာတော့သည်။ မိမိ မျက်ရည်ကို သူ့အားမမြင်စေချင်သောကြောင့် အတင်းရုန်းသော်လည်း သူက လွှတ်မပေးပေ။
မိုးစက်၏ မျက်ရည်များက သူ့လက်ဖျံပေါ်ကျလာသောအခါမှ သူက မိုးစက်ငိုနေသည်ကို သိသွားပြီး ကျောခိုင်းထားသောမိုးစက်ကို မျက်နှာချင်းဆိုင်ဆွဲလှည့်ကာ မျက်ရည်များနှင့်ပါးပြင်ကို မြတ်မြတ်နိုးနိုး
နမ်းရှိုက်ကာ ညင်သာစွာမေးလိုက်သည်။
"ဘာလို့ငိုတာလဲကွယ်။ ကိုယ့်ကို အရမ်းမုန်းနေလို့လားဟင်။"
မိုးစက် တချက်ရှိုက်ကာ ခံစားချက်တချို့တ၀က်ပွင့်ဟကာ ထွက်လာသည်။
"ဟုတ်တယ်။ မုန်းတယ်။ ခင်ဗျားနဲ့သာ မတွေ့ခဲ့ရင် ကျွန်တော်လည်း ကိုယ်ချစ်တဲ့မိန်းကလေးနဲ့ လက်ထပ်ပြီး ပျော်နေလောက်ပြီ။ ညီမလေးလဲ ဆုံးမှာမဟုတ်ဘူး။ ကျွန်တော်လည်း ရင်ကွဲမှာ မဟုတ်ဘူး။ ပြီးတော့ ...ကျွန်တော်လည်းအခုလို ငိုနေရမှာ မဟုတ်ဘူး။"
နှင်းထန်သည် မိုးစက်ကို ကလေးလိုရင်ခွင်ထဲဖက်ကာ ချော့လိုက်ပြီး
"တိတ်ပါ ကလေးရယ်။ တိတ်ပါ။ အားလုံး ကိုယ့်အမှားတွေပါ။ ကိုယ်က လူဆိုးကြီးပါ။ ချာတိတ်ကိုယ့် ကိုအတန်တန်ငြင်းတဲ့ကြားကနေ ကိုယ်အတင်းရယူခဲ့တာပါ။ ချာတိတ်တို့ မောင်နှမ နှစ်ယောက်ကို စိတ်ဝမ်းကွဲအောင်လုပ်ခဲ့တာ ကိုယ်ပါ။ ကိုယ့်ကြောင့် ချာတိတ် အကျပ်တွေ့ခဲ့တာပါ။ အားလုံး ကိုယ့် အပြစ်တွေပါ။ "
မိုးစက် ဘာမှဆက်မပြောတော့ပဲ သူ့ရင်ခွင်ထဲခေါင်းဖွက်ကာ ငိုနေမိသည်။မိုးစက် သူ့စကားကိုကြား သော် ၀မ်းသာခြင်းတ၀က်၊ စိတ်ရှုပ်ခြင်းတ၀က်ဖြင့် မျက်ရည်များသာကျနေမိသည်။
"ချာတိတ်လေး စိတ်ကိုလျှော့လိုက်တော့နော်။ ကိုယ့်ကို မုန်းတာ ကိုယ်လက်ခံပါတယ်။ နားလည်ပါ တယ်။ စိတ်ကို တင်းမထားနဲ့တော့နော်။ လာ.. မျက်နှာသွားသစ်လိုက်ရအောင်။ ဒါမှ စိတ်လန်းသွား မယ်။ "
မိုးစက် သူခေါ်ရာသို့လိုက်ပါလာခဲ့သည်။ မျက်နှာသစ်ရင်း ရေတခါတည်းချိုးလိုက်ပြီးမှ ငိုချင်စိတ်ကို နည်းနည်းထိန်းနိုင်တော့သည်။
"လာ.. ကိုယ် ချာတိတ်ကြိုက်တတ်တာလေး စီစဉ်ထားတယ်။ စားပြီးရင် လေဆိပ်ကိုသွားကြမယ်။"
"တကယ် ကျွန်တော့်ကို ပြန်ခေါ်သွားမှာလား။"
"အင်း..ချာတိတ်ကို ဘယ်တုန်းက လိမ်ဖူးလို့လဲ။ "
မိုးစက် သူ့မျက်နှာကို စိုက်ကြည့်ကာ
"ကျွန်တော် ဆောင်းလေးကို နူတ်ဆက်ချင်သေးတယ်။"
"ခွင့်မပြုဘူး။ သမီးကိုနူတ်ဆက်ချင်တာလား။ အဖေကို နူတ်ဆက်ချင်တာလား။"
မိုးစက် နူတ်ခမ်းတွန့်ကာ ပြုံးလိုက်ပြီး
"၂ ယောက်လုံးကိုပေါ့။ ကိုရန်နိုင်က ကျွန်တော်နဲ့ လက်ထပ်တော့မယ့်လူလေဗျာ။"
နှင်းထန်သည် မိုးစက်၏ လည်ဂုတ်ကို လက်ဖြင့်ဖိချုပ်ကာ နူတ်ခမ်းလေးကိုခပ်ကြမ်းကြမ်းဖိနမ်းကာ
"မင်းရဲ့ ယောက်ျားက ကိုယ်တယောက်ပဲရှိတယ် မိုး။ နောက်တခါ မင်းပါးစပ်ကနေ အဲ့ကောင် နာမည် ထပ်ထွက်လာရင် လမ်းမလျှောက်နိုင်အောင်ကို လုပ်ပစ်လိုက်မယ်။"
မိုးစက် နှာခေါင်းရှုံ့ကာ စကားမပြောတော့ပဲ အစားကိုသာ ငုံ့စားနေလိုက်သည်။သူက ပြောလျှင်ပြောသလိုလုပ်တတ်တော့ ကြောက်ရသည် မဟုတ်လား။
မိုးစက် သူနှင့် အတူ မြန်မာပြည်သို့ပါလာခဲ့သည်။ ယောက္ခမကြီး ခရီးလွန်နေသောကြောင့် မိုးစက် သူ့ ဇနီးမိုးပွင့် အဖြစ် သူ့အိမ်တွင်ပြန်ရောက်လာခဲ့ရသည်။ အလုပ်သမားများက စိတ်ဆိုးကာ အိမ်ပေါ်မှ ဆင်းသွားသောဇနီးကိုပြန်ခေါ်လာခဲ့သည်ဟုသာထင်ကြသည်။
မိုးစက်သည် လူရှေ့တွင် မျက်နှာမပျက်စေရန် ဟန်ဆောင်နေရသောအခါ သူက ပိုလို့ အကြိုက်တွေ့ တော့သည်။
"မိုး...ပါးစပ်ဟ..ဒီမှာ မိုးကြိုက်တဲ့ ငါးဥ။"
ထမင်းဝိုင်းတွင် သူက မိုးပန်းကန်ထဲ ဟင်းထည့်ပေးရုံမျှမက ခွံကျွေးနေသဖြင့် မိုးစက်သည် ဒေါ်ပိုရှေ့ တွင်ဖြစ်သောကြောင့် အခွံမခံပေ။
"ရတယ် အကို။ ကျွန်မဖာသာစားပါ့မယ်။"
နှင်းထန်က သူ့ကို စေ့စေ့ကြည့်ကာ ညစ်ကျယ်ကျယ်မေးလိုက်သည်။
"ကိုယ့်ကို မိုးဘယ်လိုခေါ်လိုက်တယ်။ ပြန်ခေါ်စမ်း။"
မိုးစက် မျက်နှာပူသွားသည်။ ဒေါ်ပိုကတော့ ကျောပေးကာ မကြားယောင်ပြုနေသည်။
"ဘယ်လိုခေါ်ခေါ်ပေါ့။"
"တကယ်လား။ မိုးကိုယ့်ကို အရင်လိုမခေါ်ရင် ကိုယ့်ကို အဆိုးမပြောနဲ့နော်။"
"ဟာ မဆိုးနဲ့လေ။ ကလေးလဲ မဟုတ်ပဲနဲ့။"
"ပြန်ခေါ် ခါတိုင်းခေါ်သလို..."
မိုးစက် သူ့ကို လက်သီးဆုပ်ထောင်ပြကာ မအီမသာဖြင့်ခေါ်လိုက်သည်။
"ကိုကို.. ကဲ ကျေနပ်ပြီလား..."
နှင်းထန် ပြုံးသွားသည်။
"ဒီလိုမှပေါ့... ကိုယ်က မိုးရဲ့ ကိုကို ခေါ်သံလေးကို မကြားရတာ ကြာနေလို့ပါ။ ကိုကို မိုးကို ပစ်ထား ခဲ့မိသမျှ အခု အတိုးချပြီးပြန်ချစ်ပါ့မယ်။ကိုယ့်ကို အခွင့်အရေးနောက်တခါ ပြန်ပေးပါဦးနော်။"
"ဘာတွေလာပြောနေတာလဲ။ ဒေါ်ပိုရှိတယ်လေ။ "
မိုးစက်ရှက်ရိပ်ဝဲကာ ပြောလိုက်သည်။ ဒေါ်ပိုက မျက်နှာကြီးတခုလုံးကို ပြုံးပြီး မိုးစက်ကို လှမ်းပြော ကာ ရှောင်သွားတော့သည်။
"ဒေါ်ပို ကောင်မလေးတွေစားဖို့ သွားစီစဉ်လိုက်ဦးမယ်နော် မိုးလေး။ "
"ကျေးဇူးပဲ ဒေါ်ပိုရေ..."
နှင်းထန်က ၀မ်းသာစွာလှမ်းအော်ပြောလိုက်သည်။ မိုးစက်သည် ဟန်မဆောင်နိုင်အောင်ကို အူမြူးနေ သော သူ့ကို မျက်မှောင်ကုတ်ကြည့်ကာ
"ခင်ဗျားကြီး မရှက်ဘူးလားဗျာ။လူရှေ့သူရှေ့ မကဲစမ်းပါနဲ့ဗျ။ခင်ဗျားမရှက်ပေမယ့် ကျွန်တော်ရှက် တယ်။"
"ဘာလို့ရှက်ရတာလဲ မိုးလေးရဲ့၊ကိုကို့မယားလေးက အရှက်အကြောက်သိပ်ကြီးတာကိုး။ အဲ့ဒါလေး ကို ကိုကို ချစ်နေရတာ။ ကဲ ကိုကို့ကို ဟင်းထည့်ပေးပါအုံး။"
"ထည့်ပေးဘူး။ လက်ပါတာပဲ။ ကိုယ့်ဖာသာ ခပ်ထည့်။"
"အင်း မိုးက ကိုယ့်ကို ပြစ်ပြစ်မထားနဲ့နော်။ကိုယ်က ရုပ်ရှိရေလျှံ။ အပြုအစုကောင်းတဲ့ ကောင်မလေး နောက်ပါသွားလို့ ငိုနေရမယ်။"
မိုးစက် သူ့ကို စိတ်ပေါက်ပေါက်နှင့် တစ်သျှူးဘူးနှင့် လှမ်းပေါက်လိုက်သည်။
"မငိုပါဘူး။ ပါသွား ပိုတောင် ကောင်းသေးတယ်။ "
နှင်းထန်က မိုးစက် မျက်နှာတင်းသွားသည်ကို ကြည့်ကာ တဟားဟားရယ်လိုက်သည်။
"ကြည့် .. မငိုဘူးဆိုပြီး မျက်နှာပျက်ချင်နေပြီ။"
"ခင်ဗျားနော်။ ကျွန်တော့်ကို လိုက်စနေရင် မစားတော့ဘူး။"
"မိုးကလည်းကွာ။ ကိုကိုကချစ်လို့စတဲ့ဟာကို။ ကဲပါ။ စိတ်မဆိုးနဲ့တော့။ စားပါဗျာ။ မဟုတ်ရင် ည အားမရှိပဲ နေမယ်။"
"ခင်ဗျားနော်။ အားအားရှိ ဒါပဲစဉ်းစားနေတယ်။"
မိုးစက် သူ့စကားကြောင့် ဆက်မစားတော့ပဲ ထသွားမည်အပြု သူက လက်ကိုလှမ်းဆွဲကာ
"ကဲပါ။ အတည်ပြောတာ။ မစတော့ဘူး။ ထမသွားပါနဲ့နော်။"
ညရောက်သော် မိုးစက်သည် နှင်းထန်တက်မလာခင် တံခါးကို ကြိုပိတ်ပြီး လောခ်ချထားလိုက်သည်။ နှင်းထန် တံခါးကို တွန်းဖွင့်လိုက်သောအခါ သော့ခတ်ထားသဖြင့် ပြုံးလိုက်ကာ ကြိုတင်ယူထားသော သော့ဖြင့် ဖွင့်ဝင်လိုက်သည်။ ညအိပ်မီးပြာပြာလေးသာ လင်းနေသောအိပ်ယာထက်တွင် မိုးစက်သည် နတ်သမီးလေးပမာ ဖက်လုံးလေးကို ဖက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသဖြင့် နှင်းထန် ကြည့်ရင်း ရင်ဝယ် ချစ်စိတ်တို့ တိုးလာခဲ့သည်။
ပါးပြင်နုနုလေး နှင့် နူတ်ခမ်းပါးလေးက နှင်းထန်ကို မြူဆွယ်နေသလိုပင်။ အဖြူရောင်ချည်သားအိအိ ညအိပ်ဝတ်စုံလေးက သူ့ကို ကလေးပမာ ထင်ရစေသည်။ အပြစ်ကင်းသော အလှနတ်သားလေး သည် နှင်းထန်၏ ဘ၀ကို လှုပ်ခါသွားစေသော ဘ၀အရှင်သခင်သာ ဖြစ်တော့သည်။
နှင်းထန်သည် မိုးစက်၏ ဘေးတွင်အသာ ၀င်ထိုင်ပြီး ပါးပြင်လေးကို ငုံ့ကာ အနမ်းပေးလိုက်သည်နှင့် အအိပ်ဆတ်သော မိုးစက်က ချင်ချင်းနိုးလာပြီး စောင်ဖြင့် ကိုယ်ကို လှမ်းခြုံကာ
"ခင်ဗျား ဘာလုပ်မလို့လဲ။"
နှင်းထန်သည် ယုန်လေးလို မျက်လုံးဝိုင်းကာ မေးနေသော ချစ်သူလေးကို အပေါ်မှဖိမိုးကာ
"လင်မယားခြင်း ည ဘာလုပ်မယ်ထင်လို့လဲ ချာတိတ်...."
"ဟာ... ခင်ဗျားနော်..အွန်း.. မလုပ်.. နဲ့..."
မိုးစက် ၏ စကားသံ ပိတ်သွားအောင်လုပ်လိုက်တော့သည်။ မိုးစက်၏ နူတ်ခမ်းများကို နာကျင်ကာ မွန်းကျပ်သည်အထိ ပြင်းထန်စွာနမ်းလိုက်ပြီး သူ၏ပူလောင်သောအနမ်းများက လည်တိုင်တလျှောက် မှ အောက်သို့ ဆင်းသွားလိုက်သည်။ မိုးစက် ၏ အ၀တ်များသည်လည်း ဖရိုဖရဲဖြစ်ကုန်သည်။
"ဟင့်အင်း အကို.... ဘယ်တွေကိုင်နေတာလဲ။"
"ချာတိတ်ရဲ့ရင်ဘတ်က အရင်နဲ့ဘာကွာသွားလဲလို့ ကိုင်ကြည့်တာလေ။နူးညံ့နေတာပဲ။ မိန်းကလေး တွေရဲ့ ဟာအတိုင်းပဲ။"
သူ့ရဲ့စကားကိုကြားမှ မိုးစက်အရှက်ကြီးရှက်ကာ သူ့ကို အတင်းကိုယ်ပေါ်မှ တွန်းချကာ
"ခင်ဗျား နားရှက်စရာတွေ ဘာတွေလျှောက်ပြောနေတာလဲ။ သွား..ဗျာ..."
"အင်း ... မပြောတော့ဘူး။ လုပ်စရာရှိတာပဲ လုပ်တော့မှာ..."
မိုးစက် သူ့စကားများကို ရှက်သည်ကတမျိုး၊ သူ့အပြုအစုကြောင့် ဖီးလ်တက်သည်က တမျိုးနှင့် မျက်လုံးကို စုံမှိတ်ကာ အိပ်ယာခင်းကို လက်နှင့် ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။
နှင်းထန်သည် အရှက်ကြီးသောချာတိတ်လေးကို အစွမ်းကုန်ပြုစုပေးပြီးနောက် လက်လေးကို ဆုပ်ကိုင်ကာ အချစ်တိုင်းပြည်ကို ထူထောင်လိုက်တော့သည်။
မိုးစက်သည် သူ့ရင်ခွင်အောက်ဝယ် မေ့မေ့မူးမူးဖြင့် သူဦးဆောင်ရာနောက်သို့ အကြိမ်ကြိမ်ပါသွား တော့သည်။
"ချစ်တယ်။ မိုးစက်ရယ်။ မင်းကို အရမ်းချစ်တယ်။"
"အင်း... အကို..."
မိုးစက် သူ့ကိုစိတ်ဆိုးနေသည်ကိုပင်မေ့သွားကာ သူ့ကိုပြန်သိုင်းဖက်ရင်း သူ့ကို ခေါ်မိသည်။
နှင်းထန်သည် ချာတိတ်လေးကို ပိုလို့တိုးကာ ပြုစားလိုက်တော့သည်။ တကြိမ်ပြိး နောက်တကြိမ် ခရီးရှည်ကြီးသွားနေသော သူ့ကြောင့် မိုးစက် နာကျင်လာသည်။
"အကို.. ... တော်တော့လေ။ ကျွန်တော် နာလာပြီ။"
"အိုကေ..ကိုယ်ချာတိတ်ကို ချစ်လို့ အလျှော့ပေးလိုက်တာနော်။ ချာတိတ်က ကိုယ်နဲ့ ဝေးသွားတာ ကြာပြီကိုး။ ဒါဆို ကျင့်သားရအောင် နေ့တိုင်းချစ်ပေးရတယ်တဲ့။"
"အကို နားရှက်စရာတွေ တော်တော့ဗျာ။"
နှင်းထန် အရှက်ကြီးလှသော ဇနီးလေး၏နူတ်ခမ်းကို အနမ်းဖြင့်ပိတ်လိုက်တော့သည်။ အိပ်ခန်းလေး ထဲချစ်ခြင်းသံစဉ်မှလွဲပြီး ဘာသံမှ ထွက်မလာတော့ပေ။
နှင်းထန်သည် မိုးစက်ကို မိမိမပါပဲ အိမ်ပြင်သို့ထွက်ခွင့်မပြုသည်ကလွဲရင် လိုတာအားလုံးဖြည့်ဆည်း ပေးသည်။ ၀သုန်လည်း မိုးစက်ပြန်ရောက်သည်ကိုကြားသည်နှင့် ချက်ချင်းလာတွေ့သည်။
"တော်ပါသေးရဲ့။ ငါက မင်းပြန်ပါမလာမှာ စိုးရိမ်နေတာ။ တော်ပါသေးရဲ့ကွာ။ ငါက မင်းဟိုလူနဲ့ ညား မှာတွေးပြီး ညအိပ်လို့တောင် မပျော်ဘူး။"
"မင်းကြိုက်နေလို့လား။ အိပ်မပျော်ရအောင်။"
မိုးစက် က သူငယ်ချင်းကို တမင်စလိုက်သည်။
"ကြိုက်စရာလားကွ။ မင်းအစား ကျိန်းလို့ပေါ့။"
"ဟာ .. မင်းကလည်းကွာ... ငါ့ကို အားနာပါဦး။ အဲ့လောက် ဒဲ့ပြောရသလား သေနာရ။"
မိုးစက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"အေးပါကွာ။ ဆောရီး.. ဆောရီး မင်းက မိန်းကလေးဖြစ်သွားတာကို မေ့သွားလို့။ ကဲ မင်း အခု မိုးပွင့် အဖြစ်ခံယူတော့ သူ့မိန်းမတန်းဖြစ်တော့တာပဲ။ သူက မင်းကို တကယ်ချစ်တာပါ။ မင်း သေသွားပြီ လို့ကြားတော့ သူအိပ်လည်းမအိပ်၊ စားလည်းမစားပဲ ကြောင်သလိုဖြစ်သွားသေးတယ်။ သူ့ကို ခွင့်လွှတ်ပေးလိုက်ပါကွာ။ "
"ငါ့ ညီမက အလကား အသေခံရမှာလား။"
"ဟ.. မင်းညီမက ကိုယ့်အပြစ်နဲ့ ကိုယ်လေ။ သူဘာကြောင့် တခြားလူနဲ့ ဖောက်ပြန်ပြီး ကိုယ်ဝန်ရှိ အောင်နေရတာလဲ။ သေတဲ့သူက သေပြီပဲကွာ။ သူ့ကို ခွင့်လွှတ်လိုက်ပါ။"
"သူ့ရင်ခွင်မှာ ငါ လိပ်ပြာသန့်သန့်နဲ့ ဆက်မနေရဲဘူး ၀သုန်.. ညီမလေးရဲ့ ငိုသံ ကြားနေရ သလိုပဲ။"
"မင်းလည်း စိတ်ရောဂါကု ဆရာဝန်နဲ့ ပြသင့်နေပြီ။ အကိုနှင်းထန် လုပ်ခဲ့သမျှက မင်းအပေါ် မင်းညီမ ရက်စက်တာကို မခံနိုင်လွန်းလို့ပါကွ။ မင်းက ချီးဘလိန်းပဲ။ နည်းနည်းတော့ မျက်လုံးဖွင့်ပြီး စဉ်းစား ပါဦးကွ။ လဒ.. ငါ ဆဲလိုက်လို့ မကောင်းဖြစ်သွားမယ်။"
မိုးစက်သည် ၀သုန်၏ စကားကြောင့် နည်းနည်းတော့ တွေးစရာရှိလာသည်။ သူ မိမိကို တကယ်ချစ် သည်ကိုတော့ မိမိကောင်းစွာသိထားသည်။ သို့သော် မိုးစက် ဆက်မတွေးချင်တော့သဖြင့် စကား လမ်းကြောင်းပြောင်းလိုက်တော့သည်။
"မင်း အတော် နာမည်ကြီးနေပြီဆို။ ငါ့ကို မုန့်လိုက်ကျွေးကွာ။ မင်းပါရင် သူ ငါ့ကို အပြင်လွှတ်မှာပဲ။ ငါ အိမ်ထဲမှာပဲ နေရတာ ညည်းငွေ့နေပြီ။"
"အင်း .. ငါ သူ့ကို ဖုန်းဆက်ကြည့်လိုက်ဦးမယ်။ "
ဝသုန်ဖုန်းဆက်လိုက်ပြီး ပြုံးရွှင်စွာဖြင့်
"အိုကေ... သူ့စီက ပါမစ်ရပြီ။ လစ်ကြစို့။ ဟေ့ကောင် ဟိုပေါ်ဒီပေါ် မ၀တ်ခဲ့နဲ့နော်။ ငါရှက်တယ်။"
မိုးစက် အသံတိတ်ဆဲလိုက်ပြီး အ၀တ်စားလဲ၇န် အပေါ်သို့တက်ခဲ့သည်။ အပြာရောင် ဂါဝန်ရှည်လေး ကိုပြီး ကုတ်အဖြူလေးထပ်ကာ ဆင်းလာခဲ့သည်။
ဝသုန်က မိုးစက်ကိုကြည့်ကာ
"ပြောလို့ပြောတာမဟုတ်ဘူး။ မင်းက မင်းညီမထက်ပို ဆွဲဆောင်မှုရှိတယ်။ ငါ တောင်ကြိုက်သလိုလို ဖြစ်သွားပြီကွ။"
"အေး... ရေမရှိတဲ့ ချောင်းထဲ နှာခေါင်းဖော်ပြီး သေလိုက်ကွာ။ရှီးမှပဲ။ သူငယ်ချင်းအချင်းချင်း ဆေးထိုး ရလားကွ။ တော်ပြီကွာ။ ပါးစပ်ပိတ်။ မင်း ဘိုးတော် ပြန်ရောက်လာလို့ ငါထွက်မရ ဖြစ်မယ်။ သွားစို့"
မိုးစက် သည် ၀သုန်နှင့် ပထမဆုံးအပြင်သို့ထွက်ခဲ့သည်။ ရန်ကုန်မြို့တော်ကြီးသည် အရှိန်ဟုန်နှင့် တိုးတက်လို့နေပြီ။ အေးချမ်းသောစားသောက်ဆိုင်တွင် နှစ်ဦးသား အတူးစားသောက်ကြစဉိ နံဘေးဝိုင်းမှ ကောင်လေးအဖွဲ့က မိုးစက်ကို ကြည့်ကာ မိန်းကလေး အစစ်ထင်ကာ စကား တွတ်ထိုးရင်း သိသိသာသာကို ရှိုးနေသဖြင့် ၀သုန်ပင် တင်းလာသည်။
"စည်းမရှိတဲ့ကောင်တွေ။ ဘေးမှာ ဘဲတဗွေလုံးပါတာတောင် အခွက်ပြောင်ပြီး ငမ်းနေတယ်။ ငါ ဆဲလိုက်ရကွာ။"
"မင်းကလည်း ကြည့်တာ ပဲ့ပါသွားတာမှတ်လို့ကွာ။ ခေါက်ထားစမ်းပါ။ "
"မင်းက သာယာနေတာပေါ့လေ ဟုတ်လား။"
"သာယာစရာလားကွ။ ငြီးငွေ့ဖို့ကောင်းပါတယ်။ "
ထိုစဉ် လူတစ်ဦး၏ နူတ်ဆက်သံကြောင့် မိုးစက် အံ့သြ၀မ်းသာစွာ ချာခနဲလှည့်ကြည့်လိုက်မိသည်။.
"မိုးလေးက ပိုပိုချောလာလို့ လူကြည့်တာပေါ့ မဟုတ်ဘူးလား သမီးလေး"
"ကိုရန်နိုင်။ သမီးလေး.."
"အန်တီ.."
မိုးစက် သည် ဆောင်းလေးကို ပွေ့ချီကာ ၀မ်းသာစွာနူတ်ဆက်လိုက်သည်။
~ ဆက်ရန်
![](https://img.wattpad.com/cover/127093069-288-k219388.jpg)