Angel in love - XIV [ Final ]

1.2K 103 13
                                    


Jessica တစ်ကိုယ်လုံးပေါ့ပါးသွားပြီး
ခံစားနေရသည့်နာကျင်မှုတွေ ရုတ်တရက်
ပျောက်သွားသည်မို့ မျက်စိကိုဖြေးဖြေး
ချင်းဖွင့်ကြည့်မိသည်။

ကားထဲကနေသူမဘယ်လိုအပြင်ရောက်
လာမှန်းမသိချေ။ ဟိုဟိုဒီဒီကြည့်မိတော့
သူမနဲ့မလှမ်းမကမ်း၌ အလယ်ကနေဖြတ်
တိုက်ခံထားရသည့် ကားတစ်စီးနှင့်လဲနေ
သည့်မိန်းကလေးတစ်ယောက်။ ကားထဲ
ကငြိမ်သက်နေသည့်မိန်းကလေးက
ဘယ်သူဘယ်ဝါဆိုတာသတိပြုမိပြီး
နောက် Sica အရာရာကိုနားလည်သွား
ခဲ့လေပြီ။

ဒီလမ်းကသူမကိုယ်တိုင်ကျေကျေနပ်နပ်
ရွေးချယ်ခဲ့သည့်လမ်းမလို့ အနည်းငယ်
ဝမ်းနည်းမိရုံမှအပ နောင်တတော့မရ
ခဲ့မိ။

"ကောင်မလေးစိတ်ဓာတ်က မွန်မြတ်
လိုက်တာနော်"

"ဟုတ်တယ်...သူသာကြားဝင်မခံလိုက်
ရင်ဟိုမိန်းကလေးအသက်ရှိတော့မှာ
မဟုတ်ဘူး"

"အဲ့ဒါပြောတာပေါ့၊ ကိုယ့်အသက်ကိုရင်း
ပြီးတခြားသူအသက်ကိုကယ်ဖို့ဆိုတာ
တော်ရုံဘယ်သူကလုပ်နိုင်မှာလဲ"

"ဟုတ်တယ်...ကောင်မလေးကတော့
ကောင်းရာဘုံကိုရောက်သွားမှာပါ"

စိတ်ဝင်စားစွာကြည့်နေကြသည့်လူတွေ
ထဲကတစ်ယောက်တစ်ပေါက်ဝိုင်းပြော
သံတွေကိုနားထောင်ရင်း Sica တစ်ချက်
ပြုံးလိုက်မိသည်။

သူမကသူတို့ပြောသလို ကောင်းတဲ့ဘဝ
ကိုရောက်နိုင်ပါ့မလား။ အခုထိတော့
ဝိညာဉ်ဘဝနဲ့တစ်ယောက်ထဲဘယ်သွား
ရမှန်းမသိဖြစ်နေသည်။

"Sica"

သူမနားထဲတိုးဝင်လာသည့် တိုးဖွညင်သာ
၍နာကျင်နေဟန်ပေါက်သည့်အသံ
ကြောင့်အသံလာရာ အနောက်ကိုလှည့်
ကြည့်မိသည်။

[ ဒီနေရာကနေစပြီး In the arms of an angel သီချင်းကိုနားထဲကြားယောင်ရင်း
ဖတ်ပေးပါ]

အသံပိုင်ရှင်ကိုမြင်လိုက်ရပြီးချိန်မှာ
ရင်ဘက်ထဲကလှိုက်ခနဲတစ်ချက်ဖြစ်
သွားပြီးကျေကျေနပ်နပ်ကြီးပြုံးလိုက်မိ၏။

Angel In LoveWhere stories live. Discover now