"Stay With Me...My Soul " [ Dika + Chanbaek]
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°Ep ~ 7
နေရောင်ခြည်နွေးနွေးရဲ့ ကျီစယ်မှုအောက် Baek တစ်ယောက် နိုးလာခဲ့သည်....
" အား ခေါင်းကိုက်လိုက်တာ... "
ဟုတ်သား ညက အများကြီး သောက်မိသွားတာကို....
အိပ်မှုံစုံမွှား ဖြစ်နေသော မျက်လုံးများကို ပွတ်လိုက်ပြီး ဘေးဘီကို ကြည့်လိုက်တော့...." ဟင်...ငါ့အိမ်လည်း မဟုတ်ဘူး....ငါဘယ်ရောက်နေတာလဲ.... "
အခန်းတံခါးဖွင့်ပြီး လှေကားအတိုင်း အောက်ထပ်ကို ပြေးဆင်းလာမိတော့....
မီးဖိုချောင်ထဲက အသံဗလံတွေကြောင့် ဝင်သွားမိတော့....
ကျောပေးရပ်ကာ ချက်ပြုတ်နေသော လူတစ်ယောက်......
ဒီကျောပြင်.... ဒီနားရွက်ကားကားလေး....အနောက်က ကြည့်တာနဲ့တင် ဘယ်သူဆိုတာ မေးစရာမလိုပဲ Baek သိပါတယ်.......
" လူကြီး "
Baek ခေါ်သံကြောင့် ချက်ပြုတ်နေရင်းမှ Yeol ချာကနဲ လှည့်ကြည့်ရင်း.
" ချာတိတ် နိုးပြီလား "
" ဟုတ်....ဒါနဲ့ လူကြီး ကျနော်တို့ ဘယ်ရောက်နေတာလဲဟင်....."
Yeol လည်း Baek ရဲ့ခါးလေးကို ဆက်ကနဲ ဆွဲယူလိုက်ပြီး မျက်နှာချင်းထိလုမတတ် ငုံ့လိုက်ပြီး....
" မြို့ပြင်က ကိုယ်နဲ့ ကိုယ့်သူငယ်ချင်း ဝယ်ထားတဲ့ အိမ်ကို ချာတိတ်ကို ခိုးပြေးလာတာ "
" ဟမ်.....ခိုးပြေးလာတာ..... ခိုးပြေးရအောင် ခင်ဗျားနဲ့ ကျနော်က ဘာမို့......... "
Baek စကားမဆုံးခင် Baek နှုတ်ခမ်းလေးပေါ် ရောက်လာတဲ့ Yeol ရဲ့ လက်ညှိုးလေး....
Yeol ဘောင်းဘီအိတ်ထဲက သူ့ ဖုန်းလေးကို နှိုက်ယူလိုက်ပြီး vedio clip တစ်ခုကို Baek ကို ဖွင့်ပြလိုက်တော့...." ဟမ်...ဒါညက ဘားမှာ ခိုးရိုက်ထားတာပေါ့လေ ခင်ဗျားကြီးက..."
" အဟက်....ဒါပေါ့ .....ချာတိတ်ရယ်....လူတစ်ယောက်လုံး ဗီဒီယို ခိုးရိုက်နေတာတောင် မသိလောက်အောင် feel နေရှာတာ "
" အာ "
ရှက်သွားလို့ ခေါင်းလေးငုံ့သွားရှာသော Baek... ရှက်သွေးဖြာနေသော ပါးဖောင်းဖောင်းလေးကလည်း ပန်းရောင်သန်းလျှက်....

YOU ARE READING
" Stay With Me....My Soul "
FanfictionChanbaek + Dika Do Kyaung Soo ( D.O. ) ~ငယ်စဉ်က စိတ်ဒဏ်ရာတွေ နဲ့ ကြီးပြင်းလာခဲ့ရပြီး Monster ဂိုဏ်းခေါင်းဆောင် ဖြစ်လာသူ Kim Jong In ( Kai ) ~ D.O. မွေးစားမိဘတွေကို လုပ်ကြံခဲ့တဲ့ Kim Suho ရဲ့ တစ်ဦးတည်းသော သား Chanyeol ( CY ) ~ D.O...