"Stay With Me....My Soul " [ Dika + Chanbaek]
•••••••••••••••••••••••••••••••••••••••••••••••••••••••••••
Ep ~ 8D.O. နဲ့ Chanyeol အိမ်ထဲဝင်လာတော့ တစ်ယောက်တည်း ဟင်းတွေချက်နေတဲ့ Baek ကို တွေ့လိုက်ရသည်.....
D.O. က Lay ကို Kai အားပွေ့လာစေပြီး အပေါ်ကိုတက်သွားတော့ Yeol တစ်ယောက် မင်းဖိုချောင်ထဲသွားပြီး Baek ခါးလေးကို နောက်မှ သိမ်းဖက်ကာ" Baek ah ဟင်းတွေချက်နေတယ် ဟုတ်လား...."
" ဟုတ်တယ် Yeol ah ဧည့်သည်တွေပါ လာတယ်ဆိုတော့ Baek Baek က ဧည့်ခံရမှာပေါ့ "
မနက်စောစောမို့ eye liner ကင်းမဲ့နေသည့် puppy လေး၏ မျက်နှာလေးမှာ မျက်လုံးအစ်အစ်လေးနှင့် မျက်လုံးပေါက် ပိတ်သွားသည်ထိ ပြုံးနေသည်မှာ ချစ်စရာကောင်း၍ အသည်းယားစရာပင်
" Arrigo...... wuri Baek Baek လေးက လိမ္မာလိုက်တာ ဘယ်တုန်းက ချက်တတ်တာတုန်း အသည်းယားစရာလေး ပြွတ် "
Yeol....... Baek ပါးလေးကို ငုံ့နမ်းပြီး ရင်ခွင်ထဲ အတင်းဖက်ထားမိတော့...... Puppy ပေါက်လေးက ရင်ခွင်ထဲ တိုးဝင်ရင်း ခေါင်းခွေ့ကာနေလေသည်...
D.O. ရောက်လာပြီမို့ ဒီချာတိတ်နဲ့ ခွဲရမှာ ကြောက်နေမိသည်....
ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကို Baek မမြင်အောင် သုတ်လိုက်မိသည်....Yeol's pov: အရမ်းချစ်တယ် ချာတိတ်လေး......... ကိုယ်မခွဲချင်ဘူး....... လွတ်မြောက်ဖို့ ကိုယ်ကြိုးစားပါမယ်...ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာ ကိုယ်တို့ နှစ်ယောက်တစ်ဘဝလေးကို အနှောင့်အယှက် ကင်းကင်းနဲ့ အေးအေးချမ်းချမ်းနေချင်တယ်...... ကိုယ်ကြိုးစားပါမယ် ချာတိတ်လေး....
" Saranhage Baek ah "
သူ့စကားကို ကြားကြားချင်း မဲ့ပြုံးပြုံးလိုက်သော ကောင်လေး၏ အငြိုးမျက်စောင်းနှင့် အပြုံးကိုတော့ မျက်ရည်ဝဲနေသော မျက်လုံးများကို Baek မြင်မှာစိုး၍ မှိတ်ထားလျှက်ပြောနေသော Yeol ကတော့ မမြင်လိုက်ပေ......
" Sarnhage Yoel ah "
Baek's pov: Park Chanyeol........ Byun Baekhyun ဆိုတဲ့ ကျုပ်ကိုမှ ခင်ဗျားက သွေးထိုးလာစမ်းတာကို.....အဟက် ခင်ဗျားရဲ့ ဇာတ်သိမ်းကို စောင့်ကြည့်လိုက်ပါ Phoenix CY....
ခင်ဗျားဘဝကြီး ဘယ်လို ဇောက်ထိုး မိုးမျှော် ဖြစ်သွားမယ်ဆိုတာ..

YOU ARE READING
" Stay With Me....My Soul "
FanfictionChanbaek + Dika Do Kyaung Soo ( D.O. ) ~ငယ်စဉ်က စိတ်ဒဏ်ရာတွေ နဲ့ ကြီးပြင်းလာခဲ့ရပြီး Monster ဂိုဏ်းခေါင်းဆောင် ဖြစ်လာသူ Kim Jong In ( Kai ) ~ D.O. မွေးစားမိဘတွေကို လုပ်ကြံခဲ့တဲ့ Kim Suho ရဲ့ တစ်ဦးတည်းသော သား Chanyeol ( CY ) ~ D.O...