Part-23,Far Away

2.9K 277 6
                                    

Zawgyi

Xing-"သူ့ကို ဘာလို့ပြန်ခိုင်းလိုက်တာလဲမား?"

သားအထာပေါက်ပြီးသားဖြစ်နေသော Mrs.Zhouက-

Zhou-"ဘာဖြစ်လို့လဲ?"

Xing-"ဟာဗျာ...မားကလည်း..."

Zhou-"ပြောပါအုံး။သူ့ကို သားနားထားပြီး ဘာခိုင်းချင်သေးလို့လဲ?ကလေးက ကျောင်းတက်ရမယ်လေ။စာလုပ်ရမယ်။သူ့မှာလည်း သူ့ဘဝတိုးတက်အောင် ကြိုးစားရအုံးမယ်လေ။"

Xing-"မဟုတ်ဘူး...သားက...သူ့ကိုမပြန်​ခိုင်းပါနဲ့​နော်​...မား။"

Zhou-"မား​ပြောပြီးသားဖြစ်​​နေပြီ​လေ။"

Xing-"မားပြန်​​ပြောလိုက်​ရင်​ရတာပဲ။"

Zhou-"ဒါဆို ဘာလို့မပြန်​​စေချင်​တာလဲ​ပြော​လေ။"

အဲလိုကျပြန်​​တော့လည်း မ​ပြောနိုင်​။

Xing-"......."

Xingကိုကြည့်ပြီး Mrs.Zhouအံ့ဩနေမိသည်။ အနေအေးလွန်းတဲ့သားက ဘာလို့ ဒီကောင်လေးကြောင့်နဲ့မှ ဒီအမေကို ထူးထူးဆန်းဆန်းဂျီတိုက်နေရပါသနည်း။သူမ မျက်လုံးထဲမှာ Yi Xingက ၁၀နှစ်သားလေး ပြန်ဖြစ်သွားသလိုပင်။Kim Suhoဆိုသည့် ထိုကောင်လေးကို သူမ အမှတ်တွေ ထပ်ပေးမိပြန်သည်။ထိုကောင်လေးက သူမသားအပေါ် ဘယ်လိုတောင်လွှမ်းမိုးထားနိုင်တာတုန်း။

အခုကြည့်!Yi Xingမျက်နှာစူပုတ်နေတာကိုက လိုချင်တာမရသည့်ကလေးတစ်ယောက်လို။Mrs.Zhouရယ်လည်းရယ်ချင်မိသလို သနားလည်းသနားမိသည်။သို့သော်လည်း သူ့သား၏အတွင်းစိတ်ကို သူမ ပိုမိုတူးဆွကြည့်ချင်ပါသေးသည်။ထို့ကြောင့်-

Zhou-"ပြောပါအုံး။"

ထိုအချိန်မှYi Xingဘာမှမပြောနိုင်တော့ပဲ မျက်နှာကြီးရှစ်ခေါက်ချိုးနှင့် ခုံပေါ်တွင်ငေါင်ငေါင်ကြီး ထိုင်နေလေတော့သည်။

Zhou-"ပြောစရာမရှိတော့လည်း ပြီးတာပဲ။ မနက်ဖြန်Suhoကို ပြန်လွှတ်လိုက်တော့မယ်။"

Xing-"မား..."

ကြည့်လာပြန်ပြီ...မျှော်လင့်ချက်မျက်လုံးဝိုင်းကြီးတွေနဲ့...ဒီကောင်လေး ဘယ်လိုတောင် ကလေးဆန်နေရတာပါလိမ့်...Mrs.Zhouတွေးမိလိုက်သည်။

ကိုကိုကျွန်တော့ကိုချာတိတ်လို့မခေါ်နဲ့ (Completed)Where stories live. Discover now